အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
မန္တလေးမြို့ ပုသိမ်ကြီး မြို့နယ်ရှိ ငါးလုပ်ငန်းစခန်းတွင် တည်ဆောက်ထားသည့် ရေချိုငါး မွေးမြူရေးသုတေသနစင်တာကို ကိုရီးယားနိုင်ငံ အပြည်ပြည်ဆိုင် ရာ ပူးပေါင်းဆောင်ရွက်ရေး အေ ဂျင်စီ(KOICA) က ငါးလုပ်ငန်းဦး စီးဌာနသို့ ဇန်န၀ါရီ ၁၉ ရက်က လွှဲပြောင်းပေးခဲ့သည်။
ရေချိုငါးမွေးမြူရေး သုတေ သနစင်တာကို ကန်ဒေါ်လာလေး သန်းကျော် အကုန်အကျခံ တည် ဆောက်ထားသည်။
ရေချိုငါးမွေးမြူရေး သုတေ သနစင်တာမှ ငါးမွေးမြူသော တောင်သူများအတွက် အသုံး တည့်သည့် နည်းပညာများ ဖြန့် ဝေပေးနိုင်ရန် ဆောင်ရွက်မည်ဟု အခမ်းအနား တက်ရောက်သည့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူက ပြောသည်။
‘‘KOICA ရဲ့ ကူညီပံ့ပိုးမှု ဟာ မြန်မာနိုင်ငံရဲ့ ငါးမွေးမြူရေး ကဏ္ဍ ရေရှည်ဖွံ့ဖြိုးရေးနဲ့ ငါးလုပ် ငန်းသုတေသနများ အဆင့်မီမီ ဆောင်ရွက်နိုင်ဖို့ ထိရောက်တဲ့ကူ ညီပံ့ပိုးမှုဖြစ်ပါတယ်။ ဌာနရဲ့ ရည်ရွယ်ချက်အတိုင်း ကျေးလက်နေ ငါးမွေးတောင်သူတွေကို ဒေသနဲ့ အသုံးတည့်တဲ့ နည်းပညာများ ဖြန့်ဝေနိုင်ရေးကို ဆက်လက် ဆောင်ရွက်ကြရမှာ ဖြစ်ပါတယ်’’ ဟု ၀န်ကြီးဒေါက်တာအောင်သူ က ပြောသည်။
ရေချိုငါးမွေးမြူရေး သုတေ သနစင်တာကို ကိုရီးယားအေဂျင် စီက ငွေကြေး အကုန်ကျခံကာ ၂၀၁၆ သြဂုတ်တွင် စတင်တည် ဆောက်ခဲ့ပြီး သုတေသနဌာနစင် တာ၌ ငါးသားဖောက်ရုံ၊ ငါး စမ်းသပ်မွေးမြူရေးကန်၊ ဓာ တုဓာတ်ခွဲခန်း၊ ငါးရောဂါခွဲစိတ် ခန်းများ စသည်တို့ပါဝင်သည်။
သုတေသနစင်တာတွင် လုပ် ငန်းဆောင်ရွက်ရန် ငါးလုပ်ဦးစီးဌာန ၀န်ထမ်းများ၊ မန္တလေးနှင့် မုံရွာတက္ကသိုလ်မှ သတ္တဗေဒသင်ကြားသော ဆရာ၊ ဆရာမများ၊ ငါးမွေးမြူလုပ်ငန်း လုပ်ကိုင်နေသူများကို ကိုရီးယားပညာရှင် များက ဇန်န၀ါရီ ၈ ရက်က စတင် ကာ တစ်လအကြာ သင်တန်းပေး နေသည်။
========================
251 / End
၂၁ ဇန်နဝါရီ ၂၀၁၈ - ၁၉:၀၇
News ID: 878544
မန္တလေးမြို့ ပုသိမ်ကြီး မြို့နယ်ရှိ ငါးလုပ်ငန်းစခန်းတွင် တည်ဆောက်ထားသည့် ရေချိုငါး မွေးမြူရေးသုတေသနစင်တာကို ကိုရီးယားနိုင်ငံ အပြည်ပြည်ဆိုင် ရာ ပူးပေါင်းဆောင်ရွက်ရေး အေ ဂျင်စီ(KOICA) က ငါးလုပ်ငန်းဦး စီးဌာနသို့ ဇန်န၀ါရီ ၁၉ ရက်က လွှဲပြောင်းပေးခဲ့သည်။