၃၀ ဇန်နဝါရီ ၂၀၁၈ - ၁၈:၄၆
ပြည်နယ်လွှတ်တော်စုံစမ်းစစ်ဆေးရေးအဖွဲ့က မြောက်ဦးကိစ္စကို ဖေဖော်ဝါရီလ ၃ရက်တွင် စတင်စစ်ဆေးမည်

စစ်တွေ၊ ဇန်နဝါရီလ ၃၀ ရက်။ ။ မြောက်ဦးမြို့ အဓိကရုဏ်းဖြစ်စဉ်နှင့် ပတ်သတ်ပြီး အခြေနေမှန်ကို သိရှိစေရန် ပြည်နယ်လွှတ်တော်က အတည်ပြုဖွဲ့စည်းထားသည့် “မြောက်ဦးဖြစ်စဉ် စုံစမ်းစစ်ဆေးရေးအဖွဲ့”သည် လာမည့် ဖေဖော်ဝါရီလ ၃ ရက်နေ့က စတင်ပြီး ကွင်းဆင်းစစ်ဆေးရန် မြောက်ဦးမြို့ကို သွားရောက်မည်ဖြစ်ကြောင်း စုံစမ်းစစ်ဆေးရေးအဖွဲ့၏ အတွင်းရေးမှူးဖြစ်သူ မြောက်ဦးမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းသာစိန်က ပြောသည်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

စစ်တွေ၊ ဇန်နဝါရီလ ၃၀ ရက်။               ။  မြောက်ဦးမြို့ အဓိကရုဏ်းဖြစ်စဉ်နှင့် ပတ်သတ်ပြီး အခြေနေမှန်ကို သိရှိစေရန် ပြည်နယ်လွှတ်တော်က အတည်ပြုဖွဲ့စည်းထားသည့် “မြောက်ဦးဖြစ်စဉ် စုံစမ်းစစ်ဆေးရေးအဖွဲ့”သည် လာမည့် ဖေဖော်ဝါရီလ ၃ ရက်နေ့က စတင်ပြီး ကွင်းဆင်းစစ်ဆေးရန် မြောက်ဦးမြို့ကို သွားရောက်မည်ဖြစ်ကြောင်း စုံစမ်းစစ်ဆေးရေးအဖွဲ့၏ အတွင်းရေးမှူးဖြစ်သူ   မြောက်ဦးမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းသာစိန်က ပြောသည်။

“ဒီကိစ္စကို ကျနော်တို့ လာမဲ့ဖေဖော်ဝါရီလ ၃ ရက်နေ့လောက်မှာ စတင်စစ်ဆေးသွားဖို့ စီစဉ်ထားပါတယ်။ အခုဖွဲ့စည်းထားတဲ့ အဖွဲ့မှာက ကိုယ့်တာဝန်နဲ့ကိုယ် ပေးထားပါတယ်။ စစ်ဆေးမှာကလဲ ဥပဒေဘောင်အတွင်းကပဲ ကျွန်တော်တို့ စစ်ဆေးသွားမှာပါ။ နောက်ဆို ဒီအစီရင်ခံစာ ဘယ်နေ့မှာ တင်ရပြရမယ်ဆိုတာ အကန့်အသတ်ရှိလာမှာပါ။ အခုတော့ ရက်ကန့်သတ်ထားတာ မရှိသေးပါဘူး။”

အဆိုပါ လွှတ်တော်ကိုယ်စားလှယ်များနှင့် ဥပဒေရေးရာ အကြံပေး ပုဂ္ဂိုလ်များ စုစုပေါင်း ၉ ဦးပါဝင်သည့် စုံစမ်းစစ်ဆေးရေး အဖွဲ့ကို ဇန်နဝါရီလ ၂၉ ရက်နေ့က ပြည်နယ်လွှတ်တော်တွင် အရေးပေါ်အစည်းဝေး ခေါ်ယူကာ မဲခွဲ ဆုံးဖြတ်အတည်ပြုခဲ့ခြင်းလည်း ဖြစ်သည်။

မြောက်ဦးမြို့တွင် ဆန္ဒပြသည့် လူအုပ်ကို လုံခြုံရေးတပ်ဖွဲ့ဝင်များက ပစ်ခတ်နှိမ်နှင်းဖြိုခွင်းရာတွင် သတ်မှတ်ထားသည့် ဥပဒေအတိုင်းအဆင့်ဆင့် ဆောင်ရွက်ခဲ့ခြင်းရှိ၊ မရှိကို စုံစမ်းစစ်ဆေးဖော်ထုတ်ပြီး ဥပဒေချိုးဖောက်သူကို အရေးယူနိုင်ရန် ပြည်နယ်လွှတ်တော်ကို စုံစမ်းစစ်ဆေးရေး အစီရင်ခံစာတင်သွင်းမည်ဖြစ်ကြောင်းလည်း ဦးထွန်းသာစိန်က ဆိုသည်။

မြောက်ဦးမြို့မှာ ဇန်နဝါရီလ ၁၆ ရက်နေ့က ကျင်းပရန် စီစဉ်ထားသည့် (၂၃၃)နှစ်မြောက် ရခိုင်ဘုရင် အချုပ်အခြာအာဏာ ကျဆုံးခြင်းအခမ်းအနားကို အာဏာပိုင်များက တားမြစ်ခဲ့ခြင်းကြောင့် ကျင်းပခွင့်ပြုရန် ဆန္ဒထုတ်ဖော်ခဲ့သည့် လူအုပ်နှင့် ရဲလုံခြုံရေးများရုန်းရင်းဆန်ခတ်ဖြစ်ကာ သေနတ်ဖြင့် ပစ်ခတ်နှိမ်နှင်း ဖြိုခွင်းခဲ့ရာမှ အရပ်သား ၇ ဦးသေဆုံးပြီး ၁၂ ဦးဒဏ်ရာရရှိခဲ့သည်။ယင်းဖြစ်စဉ်တွင် ရဲဝန်ထမ်း၂၀လည်း ဒဏ်ရာရခဲ့သည်ဟု အစိုးရက သတင်းထုတ်ပြန်ထားသည်။

========================
251 / End