အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
ထိုင်းနိုင်ငံတွင် အလုပ် လုပ်ကိုင်နေသော မြန်မာလုပ်သားများ တရားဝင်ဖြစ်ရေး အ ထောက်အထားစာအုပ်များ ပြု လုပ်ရာတွင် ထိုင်းအလုပ်ရှင်များ က ပြုလုပ်ခွင့်မပေးခြင်းနှင့် ပွဲစား များမှတစ်ဆင့် ပြုလုပ်ရန် စေခိုင်းခြင်းများကို ကြီးကြပ်ပေးရန် မြန်မာသံအမတ်ကြီးက ထိုင်းနိုင်ငံ ဒုဝန်ကြီးချုပ်ထံ တောင်းဆို သည်။
ယမန်နေ့က ထိုင်းနိုင်ငံဒုဝန် ကြီးချုပ် ပရာဝစ်ဝေါင်ဆူဝန်နှင့် ထိုင်းအလုပ်သမား ၀န်ကြီးတို့က ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံအ မတ်ကြီးနှင့်အဖွဲ့ကို လက်ခံတွေ့ ဆုံစဉ် သံအမတ်ကြီး ဦးမျိုးမြင့်သန်းက အထက်ပါအတိုင်း တောင်းဆိုခဲ့သည်။
‘‘မြန်မာအလုပ်သမားတွေ ကို တချို့ထိုင်းအလုပ်ရှင်တွေက CI (မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံလက်မှတ်) လုပ်ဖို့ ပေါ့။ CI ရော နောက်ထပ် အ ထောက်အထား တစ်ခုခုပေါ့၊ လုပ်ဖို့အတွက်ကို ခွင့်မပေးတာ တွေရှိတယ်။ ခွင့်မပေးတာတွေကို အလုပ်ရှင်တွေအနေနဲ့ အဲဒီလို မလုပ်ဖို့ ကြီးကြပ်ပေးပါလို့ သံအမတ်ကြီးကပြောတယ်။ နောက် အုပ်စုလိုက်၊ အဖွဲ့လိုက်လုပ်ကြ တာပေါ့ဗျာ။ ထိုင်းဘက်ကနေ အ လုပ်ရှင်တွေကပေါ့။ ပွဲစားချည်း အတင်းအပ်ခိုင်းတဲ့အခါကျတော့ ကိုယ့်မြန်မာအလုပ်သမားတွေအ နေနဲ့ ပိုက်ဆံတွေ တအားကုန်တာ ပေါ့။ အဲဒါလေးတွေကိုလည်း ထိုင်းဘက်ကနေ ကြီးကြပ်ပေးပါ လို့ ပြောတာပေါ့’’ဟု ယင်းအခမ်း အနားသို့ တက်ရောက်ရာတွင် ပါ ၀င်သော ထိုင်းနိုင်ငံဆိုင်ရာမြန်မာ သံရုံး အလုပ်သမားသံအရာရှိဦးစန်းမောင်ဦးကပြောသည်။
ထို့အပြင် မတ်လ ၃၁ ရက် တွင် ဗီဇာသက်တမ်းကုန်ဆုံးမည့် CI လက်မှတ်နှင့် ပတ်စ်ပို့စာအုပ် များကိုင်ဆောင်ထားသည့် မြန်မာ လုပ်သားများကိုလည်း နောက် ထပ်ဗီဇာသက်တမ်း ၂ နှစ်တိုးပေး ရေး ထိုင်းနိုင်ငံအတွင်း စခန်း ၇၆ ခု ဖွင့်လှစ်၍ တစ်နေရာတည်းအ ပြီး ဆောင်ရွက်ပေးရန် စီစဉ်နေ သည်ဟု ထိုင်းအစိုးရက ပြန်လည် ပြောကြားခဲ့ကြောင်း ဦးစန်း မောင်ဦးကပြောသည်။
ထို့အပြင် CI လက်မှတ်များ ပြုလုပ်မှုနည်းပါးနေသောကြောင့် ထိုင်းအစိုးရအနေဖြင့် တိုက်တွန်း ပြောဆိုပေးရန် သံအမတ်ကြီးက ထပ်မံတောင်းဆိုကြောင်း ၎င်းက ဆက်လက်ပြောသည်။
ထိုင်းနိုင်ငံ နေရာအများအပြားတွင် မည်သူမည်ဝါဖြစ် ကြောင်း သက်သေခံလက်မှတ် (CI) ပြုလုပ်နေသူများထံ ငွေ တောင်းခံနေသော ပွဲစားများကို ဖမ်းဆီးအရေးယူရန် ထိုင်းဝန်ကြီး ချုပ် ပရာယွတ်က ၂၀၁၇ စက် တင်ဘာ ၂၆ ရက်၌ ညွှန်ကြားထား သည်။
ထိုင်းနိုင်ငံတွင် ယာယီအ လုပ်လုပ်ကိုင်ခွင့်လက်မှတ် (TR -38)၊ ယာယီနိုင်ငံကူးလက်မှတ် သက်တမ်းကုန်ဆုံးမည့်သူများနှင့် ထိုင်းနိုင်ငံ အလုပ်သမားဌာန၌ မှတ်ပုံတင်ထားသည့် အထောက် အထားမဲ့ နေထိုင်သော မြန်မာလုပ်သားများအနက် ကိုးသိန်း ကျော်သည် CI လက်မှတ်များ လာရောက်ပြုလုပ်ထားပြီး မြန်မာလုပ်သား လေးသိန်းခွဲကျော် ကျန်ရှိနေသောကြောင့် အမြန်ဆုံးပြုလုပ်ရန် ထိုင်းနိုင်ငံဆိုင်ရာ မြန်မာအလုပ်သမားသံအရာရှိရုံးက သတိပေးနှိုးဆော်ထားသည်။
လက်ရှိတွင် CI ထုတ်ပေး ရေးစခန်းကိုးခုရှိပြီး မိုဘိုင်းယာဉ် များဖြင့်လည်း ပြုလုပ်ပေးနေ သည်။ ထိုင်းနိုင်ငံသို့ တရားမ၀င် ထပ်မံရောက်ရှိလာသည့် မြန်မာ လုပ်သားများ တရားဝင်ဖြစ်ရေး ဆောင်ရွက်မည့်အစီအစဉ် ရုပ် သိမ်းကြောင်း ထိုင်းအစိုးရက ဇန် န၀ါရီ ၉ ရက်တွင် ကြေညာထား သည်။
ထိုင်းနိုင်ငံတွင် မြန်မာလုပ် သားလေးသန်းကျော် အလုပ်လုပ် နေသည်။
========================
251 / End
မြန်မာလုပ်သားအချို့ CI ပြုလုပ်ခွင့်မရခြင်းနှင့် ပွဲစားမှတစ်ဆင့်ပြုလုပ်ရန် စေခိုင်းခြင်းများကို ကြီးကြပ်ပေးရေး မြန်မာသံအမတ်က ထိုင
၃ ဖေဖော်ဝါရီ ၂၀၁၈ - ၁၈:၂၂
News ID: 880585
ထိုင်းနိုင်ငံတွင် အလုပ် လုပ်ကိုင်နေသော မြန်မာလုပ်သားများ တရားဝင်ဖြစ်ရေး အ ထောက်အထားစာအုပ်များ ပြု လုပ်ရာတွင် ထိုင်းအလုပ်ရှင်များ က ပြုလုပ်ခွင့်မပေးခြင်းနှင့် ပွဲစား များမှတစ်ဆင့် ပြုလုပ်ရန် စေခိုင်းခြင်းများကို ကြီးကြပ်ပေးရန် မြန်မာသံအမတ်ကြီးက ထိုင်းနိုင်ငံ ဒုဝန်ကြီးချုပ်ထံ တောင်းဆို သည်။