အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
မြန်မာ-အိန္ဒိယနှစ်နိုင်ငံ တပ်မတော်များအကြား လေ့ကျင့် ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက် မှုတစ်ရပ်အဖြစ် ကုလသမဂ္ဂငြိမ်း ချမ်းရေး ထိန်းသိမ်းမှုဆိုင်ရာ သင် တန်း (UN Peacekeeping Operation Training Course) ကို ယမန်နေ့က စတင်ဖွင့်လှစ်ခဲ့ သည်။
ယင်းသင်တန်းတွင် ကုလ သမဂ္ဂငြိမ်းချမ်းရေးထိန်းသိမ်းမှု တပ်ဖွဲ့ဝင်များ စောင့်ထိန်းလိုက် နာရမည့်ကျင့်ဝတ်များ၊ အရပ် သားများအား ကာကွယ်စောင့် ရှောက်မှု၊ ကလေးသူငယ်ကာ ကွယ်စောင့်ရှောက်မှု၊ စစ်ဘက်- အရပ်ဘက်ပူးပေါင်းဆောင်ရွက် မှု၊ ကုလသမဂ္ဂငြိမ်းချမ်းရေးထိန်း သိမ်းမှုလုပ်ငန်းများ၏သမိုင်း ကြောင်းနှင့် ဆောင်ရွက်နေမှုများ သင်ကြားမည်ဖြစ်သည်။
ကုလသမဂ္ဂငြိမ်းချမ်းရေး ထိန်းသိမ်းမှုလုပ်ငန်းများတွင် မြန် မာ့တပ်မတော်မှ ဦးစီးအရာရှိများ ကို စေလွှတ်တာဝန်ထမ်းဆောင် နေပြီး မိတ်ဆွေနိုင်ငံများမှ Mobile Training Team များကိုလည်း ဖိတ်ခေါ်၍ ပြည်တွင်း၌ သင်တန်း ပို့ချဆောင်ရွက်မှုများ ရှိကြောင်း ဒုတိယတပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ကာကွယ်ရေးဦးစီးချုပ် (ကြည်း)ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက သင်တန်းဖွင့်ပွဲအခမ်း အနား၌ ပြောကြားသည်။
အိန္ဒိယနိုင်ငံ Centre for United Nations Peacekeeping (CUNPK) မှ နည်းပြအရာရှိများ က နေပြည်တော်ရှိ Park Royal ဟိုတယ်၌ ဖေဖော်ဝါရီ ၅ ရက်မှ ၁၆ ရက်အထိ ၁၂ ရက်ကြာ သင် ကြားပေးမည့် အဆိုပါသင်တန်း သို့ စစ်သည်သင်တန်းသားအရာ ရှိများတက်ရောက်သင်ကြားမည် ဖြစ်ကြောင်း တပ်မတော်ကာ ကွယ်ရေးဦးစီးချုပ်ရုံးက သတင်း ထုတ်ပြန်သည်။
သင်တန်းဖွင့်ပွဲအခမ်းအနား သို့ ဒုတိယတပ်မတော်ကာကွယ် ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီး ချုပ်(ကြည်း)နှင့်အတူ ကာကွယ် ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အ ရာရှိကြီးများ၊ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံသံအမတ်ကြီး H.E. Mr. Vikram Misri နှင့် စစ်သံမှူး Col.Naveen Mahajan၊ CUNPK မှ နည်းပြအရာရှိများ၊ မြန်မာ့တပ် မတော်မှ သင်တန်းသားအရာရှိ များနှင့် စစ်သည်များတက်ရောက် သည်။
========================
251 / End
၆ ဖေဖော်ဝါရီ ၂၀၁၈ - ၁၉:၅၉
News ID: 880999
မြန်မာ-အိန္ဒိယနှစ်နိုင်ငံ တပ်မတော်များအကြား လေ့ကျင့် ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက် မှုတစ်ရပ်အဖြစ် ကုလသမဂ္ဂငြိမ်း ချမ်းရေး ထိန်းသိမ်းမှုဆိုင်ရာ သင် တန်း (UN Peacekeeping Operation Training Course) ကို ယမန်နေ့က စတင်ဖွင့်လှစ်ခဲ့ သည်။