၈ ဖေဖော်ဝါရီ ၂၀၁၈ - ၁၉:၁၅
သမ္မတဦးထင်ကျော် ဝမ်းပျက်ဝမ်းလျှောဖြစ်နေသည်မှအပ အခြားရောဂါမရှိကြောင်း သမ္မတရုံးပြောခွင့်ရပုဂ္ဂိုလ်ပြော

နိုင်ငံတော်သမ္မတ ဦးထင်ကျော်သည် ဝမ်းပျက်ဝမ်း လျှောဖြစ်နေသည်မှလွဲ၍ အခြား ရောဂါမရှိကြောင်းနှင့် ကျန်းမာ ရေးကောင်းမွန်ကြောင်း သမ္မတ ရုံးပြောခွင့်ရပုဂ္ဂိုလ် ဦးဇော်ဌေးက ပြောသည်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ


နိုင်ငံတော်သမ္မတ ဦးထင်ကျော်သည် ဝမ်းပျက်ဝမ်း လျှောဖြစ်နေသည်မှလွဲ၍ အခြား ရောဂါမရှိကြောင်းနှင့် ကျန်းမာ ရေးကောင်းမွန်ကြောင်း သမ္မတ ရုံးပြောခွင့်ရပုဂ္ဂိုလ် ဦးဇော်ဌေးက ပြောသည်။

နိုင်ငံတော်သမ္မတ ဦးထင် ကျော်သည် ကျန်းမာရေးအခြေအ နေအရ ရာထူးမှ အနားယူတော့ မည်ဟု လူမှုကွန်ရက်နှင့် မီဒီယာ များတွင် ခန့်မှန်းသတင်းများ ကျယ်ပြန့်စွာ ထွက်ပေါ်နေသော် လည်း ဦးထင်ကျော်၏ ကျန်းမာ ရေးကောင်းမွန်ကြောင်း ဦးဇော် ဌေးက အတည်ပြုသည်။

နိုင်ငံတော်သမ္မတသည် ဗိုက် မကောင်း၍ အစားအသောက် ပျက်သည့် သဘောရှိကြောင်း ဦးဇော်ဌေးက ဆက်လက်ပြော သည်။

နိုင်ငံတော်သမ္မတ ဦးထင် ကျော်သည် ယမန်နေ့က တာဝန် ပြီးဆုံး၍ ပြန်လည်ထွက်ခွာတော့ မည့် မြန်မာနိုင်ငံဆိုင်ရာ အင်ဒိုနီး ရှားနိုင်ငံသံအမတ်ကြီး Dr.Ito Sumardi အား သမ္မတအိမ်တော် ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံ ကြောင်း ဓာတ်ပုံလေးပုံနှင့်အတူ သမ္မတရုံးက သတင်းထုတ်ပြန် သည်။

ယင်းထုတ်ပြန်ချက်အရ နိုင် ငံတော်သမ္မတ ဦးထင်ကျော်သည် အင်ဒိုနီးရှားသံအမတ်ကြီးနှင့်အ ပြန်အလှန်စကားပြောဆိုခြင်း၊ မတ်တတ်ရပ်မှတ်တမ်းတင်ဓာတ် ပုံအတူရိုက်ခြင်းတို့ရှိသော်လည်း နိုင်ငံတော်သမ္မတသည် အသား အရေ အနည်းငယ်မည်းပြီး ယခင်ထက်ပို၍ ပိန်နေသည်ကို တွေ့ရ သည်။

နိုင်ငံတော်သမ္မတ၏ကျန်း မာရေးအခြေအနေနှင့်ပတ်သက် ၍ ကောင်းမွန်သည်ဟုသာ ကြား သိရပြီး သမ္မတရာထူးနေရာအ ပြောင်းအလဲဖြစ်မည်ကို မကြားမိ ကြောင်း ပြည်သူ့လွှတ်တော်ကိုယ် စားလှယ်အချို့က ပြောသည်။

‘‘သေချာတာတစ်ခုကတော့ (သမ္မတ)ကျန်းမာရေးအခြေအ နေကောင်းပါတယ်။ စိုးရိမ်စရာ လုံးဝမရှိပါဘူး’’ဟု ယခုရက်ပိုင်း အတွင်း နိုင်ငံတော်သမ္မတနှင့်လူ ချင်းတွေ့ဆုံခဲ့သည့် ပြည်သူ့လွှတ် တော်ကိုယ်စားလှယ်တစ်ဦးကဆို သည်။

ထို့အပြင် ယခုလဆန်းတွင် ကျင်းပသော လွှတ်တော် ၂ နှစ် ပြည့်အခမ်းအနားနှင့် ပုံမှန်အစည်းအဝေးများသို့ နိုင်ငံတော်သမ္မတကတော် ဒေါ်စုစုလွင်တက် ရောက်ပြီး ပြုံးပြုံးရွှင်ရွှင်လည်း ရှိကြောင်း ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တစ်ဦးက ပြော သည်။

‘‘သမ္မတကြီးကျန်းမာရေးနဲ့ ပတ်သက်ပြီး အန်တီဒေါ်စုစုလွင် နဲ့လည်း မကြာခဏစကားပြော ဖြစ်ပါတယ်။ အူက ဖြတ်ထားတဲ့ အချိန်၊ နုနေတဲ့အချိန်လေးဆို တော့ ဝမ်းလျှောတယ်ပြောတယ်။ ပိုးဝင်သွားတယ်ထင်ပါတယ်။ အဲဒါနဲ့ ဆေးသွားစစ်လိုက်တာ။ အခုတော့ တော်တော်ကောင်းပါ တယ်’’ဟု ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် အမျိုးသမီးတစ်ဦး က ပြောသည်။

ထို့အပြင် နိုင်ငံတော်သမ္မတ သည် ဖေဖော်ဝါရီ ၆ ရက်ညနေတွင် (၇၁)နှစ်မြောက် ရှမ်းပြည်နယ်နေ့အထိမ်းအမှတ်အဖြစ် အိမ်တော်သို့ လာရောက်ဖျော်ဖြေသူ များအား လက်ခံတွေ့ဆုံခဲ့ပြီး သမ္မတသည် ကိုယ်တိုင် ရှမ်းအင်္ကျီ ဝတ်ဆင်၍ ပြုံးပြုံးရွှင်ရွှင်ဖြစ်နေ သည်ကို တွေ့ရသည်။

သို့သော် ပြီးခဲ့သည့် ဇန်နဝါရီ၂၃ ရက်တွင် သမ္မတဦးထင်ကျော် သည် စင်ကာပူနိုင်ငံသို့ သွား ရောက်၍ သုံးရက်ကြာ ဆေးကုသ ခံယူခဲ့သည်။

ယင်းမတိုင်မီ ၂၀၁၇ စက် တင်ဘာတွင် နိုင်ငံတော်သမ္မတ သည် ထိုင်းနိုင်ငံဘန်ကောက်မြို့ တွင် ဆေးစစ်မှုခံယူပြီး အူလမ်းကြောင်း၌ Colonic Polyp တွေ့ရှိခဲ့သဖြင့် ခွဲစိတ်ကုသမှုခံယူခဲ့ရာ ခွဲစိတ်မှုအောင်မြင်ခဲ့သည်။

========================
251 / End