အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံနယ်စပ်လုံခြုံရေးနှင့်နယ် စပ်ဆက်ဆံရေးရုံးဖွင့်လှစ်ရေး ဆွေးနွေးရန် ပြည်ထဲရေးဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီးကျော်ဆွေဦးဆောင် သည့် မြန်မာကိုယ်စားလှယ်အဖွဲ့ သည် ဘင်္ဂလားဒေ့ရှ်နိုင်ငံခရီးစဉ် ကို ဖေဖော်ဝါရီ ၁၅ ရက်တွင် စတင်ခဲ့သည်။
အဆိုပါကိုယ်စားလှယ်အဖွဲ့ တွင် ဒုတိယဗိုလ်ချုပ်ကြီးကျော် ဆွေနှင့်အတူ မြန်မာနိုင်ငံရဲတပ် ဖွဲ့၊ အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာန၊ နိုင်ငံခြားရေးဝန်ကြီးဌာနတို့ မှ ကိုယ်စားလှယ် ၁၂ ဦးပါဝင် ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန က သတင်းထုတ်ပြန်သည်။
ခရီးစဉ်အတွင်း မြန်မာ- ဘင်္ဂလားဒေ့ရှ်နှစ်နိုင်ငံ နယ်စပ်ဒေ သလုံခြုံရေးနှင့် တရားဥပဒေစိုးမိုး ရေးဆိုင်ရာ ကိစ္စရပ်များ၊ မူးယစ် ဆေးဝါးပူးပေါင်းတိုက်ဖျက်ရေး၊ နှစ်နိုင်ငံ နယ်စပ်ဆက်ဆံရေးရုံး (Border Liaison Office) ဖွင့် လှစ်မည့် ကိစ္စရပ်များ ဆွေးနွေး ညှိနှိုင်းမည်ဟု သတင်းထုတ်ပြန် သည်။
၂၀၁၇ နိုဝင်ဘာက နေပြည် တော်၌ ကျင်းပသည့် လေးကြိမ် မြောက် မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံနယ်ခြားစောင့်တပ်ဖွဲ့များ လုံခြုံရေးနှင့် တရားဥပဒေစိုးမိုး ရေးပူးပေါင်းဆောင်ရွက်မှု ဗဟို အဆင့်အစည်းအဝေးတွင် နယ် စပ်ဆက်ဆံရေးရုံးများ ဖွင့်လှစ် နိုင်ရေး ဆောင်ရွက်ရန် သဘော တူညီထားသည်။
ထို့ပြင် နှစ်နိုင်ငံနယ်စပ်ဒေ သတွင် ဖြစ်ပေါ်နေသော မှုခင်း ဆိုင်ရာ ပြဿနာများ၊ တရားခံ ပြေးများ၊ ARSA နှင့် အခြားအကြမ်းဖက်အဖွဲ့အစည်းများ တိုက်ဖျက်ရေးကို အလေးထားဆောင် ရွက်ရန်၊ ARSA နှင့် အခြားသော အကြမ်းဖက်အဖွဲ့အစည်းများ၊ တရားခံပြေးများ ဖမ်းဆီးဖော် ထုတ်ရေးသတင်းအချက်အလက် များဖလှယ်ရေးတို့အတွက် သီးခြားဆက်သွယ်မှုစနစ် တစ်ခုထူထောင်ရန် သဘောတူညီခဲ့သည်။
========================
251 / End
၁၆ ဖေဖော်ဝါရီ ၂၀၁၈ - ၁၄:၄၆
News ID: 882171