၂၀ ဖေဖော်ဝါရီ ၂၀၁၈ - ၁၉:၅၀
ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံတကာစီးပွားရေးလုပ်ငန်းရှင်များ တွေ့ဆုံ

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံတကာ စီးပွားရေး လုပ်ငန်းရှင်တွေ ပါဝင်တဲ့ ကိုယ်စားလှယ်အဖွဲတို့ တွေ့ဆုံပြီး မြန်မာ့အရေး ဆွေးနွေးခဲ့ကြပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ


နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံတကာ စီးပွားရေး လုပ်ငန်းရှင်တွေ ပါဝင်တဲ့ ကိုယ်စားလှယ်အဖွဲတို့ တွေ့ဆုံပြီး မြန်မာ့အရေး ဆွေးနွေးခဲ့ကြပါတယ်။

ဖေဖော်ဝါရီ ၂၀ ရက်က နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာနမှာ တွေ့ဆုံဆွေးနွေးခဲ့ကြတာလို့ အစိုးရသတင်းမှာ ဖော်ပြပါတယ်။

အမေရိကန်၊ ကနေဒါ၊ သြစတြေးလျ၊ ပြင်သစ်၊ ဂျာမနီ၊ ဖိလစ်ပိုင်နဲ့ ကိုရီးယားနိုင်ငံတို့က  နိုင်ငံတကာ စီးပွားရေးလုပ်ငန်းရှင်တွေ ပါဝင်တဲ့  Chief Executives Organization (CEO)နဲ့ တွေ့ဆုံပြီး ကိုယ်စားလှယ်တွေ မေးတဲ့ မြန်မာ့အရေးကိစ္စတွေကို ဒေါ်အောင်ဆန်းစုကြည်က ဖြေကြားခဲ့တာလို့ အစိုးရသတင်းမှာ ဖော်ပြပါတယ်။

ကိုယ်စားလှယ်အဖွဲ့ဝင်တွေက မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီ ကူးပြောင်းမှုလမ်းစဉ်၊ စီးပွားရေး၊ လူမှုရေး၊ ပညာရေးနဲ့ ကျန်းမာရေးကဏ္ဍတွေမှာ  နိုင်ငံတော်အစိုးရအနေနဲ့ ဆောင်ရွက်ပေးနေတာတွေ၊ ပြည်ပက ပူးပေါင်းဆောင်ရွက်နိုင်မယ့် ကဏ္ဍတွေ၊ ရခိုင်ပြည်နယ်မြောက်ပိုင်း မောင်တောဒေသ အခြေအနေနဲ့ပတ်သက်လို့  အစိုးရ ဆောင်ရွက်ထားရှိမှုတွေ၊ မြန်မာနိုင်ငံနဲ့ အိမ်နီးချင်းနိုင်ငံတွေ ဆက်ဆံရေး၊ သတင်းမီဒီယာ၊ မြန်မာနိုင်ငံရဲ့ အနာဂတ် မျှော်မှန်းချက် စတာတွေနဲ့ ပတ်သက်ပြီး မေးမြန်းတဲ့ မေးခွန်းတွေကို ဒေါ်အောင်ဆန်းစုကြည်က ပွင့်လင်းရင်းနှီးစွာ ပြန်လည်ဖြေကြားခဲ့တယ်လို့ သတင်းမှာ ဖော်ပြထားပါတယ်။

Chief Executives Organization (CEO) အဖွဲ့ရဲ့ ကိုယ်စားလှယ်အဖွဲ့မှာ အမေရိကန်၊ ကနေဒါ၊ သြစတြေးလျ၊ ပြင်သစ်၊ ဂျာမနီ၊ ဖိလစ်ပိုင်နဲ့ ကိုရီးယားနိုင်ငံတို့က ရင်းနှီးမြှုပ်နှံမှုကဏ္ဍ၊ လူသုံးကုန်ပစ္စည်း ထုတ်လုပ်ရေးကဏ္ဍ၊ အိမ်ခြံမြေဝန်ဆောင်မှုကဏ္ဍနဲ့ ဆောက်လုပ်ရေးကဏ္ဍတို့မှာ လုပ်ငန်းတွေ ဆောင်ရွက်နေတဲ့  CEO တွေ ပါဝင်ပါတယ်။

========================
251 / End