အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
တစ်နိုင်ငံလုံး ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေးသဘောတူ စာချုပ် (NCA) တွင် လက်မှတ် မထိုးရသေးသည့် တိုင်းရင်းသား အဖွဲ့အစည်းများ ပါဝင်နိုင်ရေး အင်အားသုံးဖြေရှင်းနေသည့် ကိစ္စမှန်သမျှကို လျှော့ချခြင်းဖြင့် သဘောထားကြီးကြောင်းပြသ ရန် အစိုးရနှင့် တပ်မတော်အား တောင်းဆိုကြောင်း ကရင် အမျိုး သားအစည်းအရုံး (KNU) ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးစောမူတူးစေးဖိုးက ပြောသည်။
ထိုင်းနိုင်ငံ ချင်းမိုင်မြို့၌ ဖေဖော်ဝါရီ ၁၈ ရက်နှင့် ၁၉ ရက် တွင် ပြုလုပ်သော NCA လက်မှတ်ထိုး တိုင်း ရင်းသားလက်နက်ကိုင် ၁၀ဖွဲ့၏ အစည်းအဝေးတွင် ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုးပြောကြားသည့် မိန့်ခွန်းအပြည့်အစုံကို NCA လက်မှတ်ထိုး တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ၏ NCA -S-EAO ဖေ့စ်ဘွတ်ခ်စာမျက် နှာတွင် ဖေဖော်ဝါရီ ၂၀ ရက်က ထုတ်ပြန်ခဲ့သည်။
‘‘NCA က အလုပ်မဖြစ်ဘူး လို့ ပြောကြတာတွေနဲ့ပတ်သက် ပြီး ပြောလိုတာက NCA ကို လို သလိုဆွဲယူ အဓိပ္ပာယ်ဖွင့်ဆိုနေ ခြင်းတို့ကြောင့် NCA အကောင် အထည်ဖော်မှုမှာ အကျပ် အတည်း ကြုံနေရတာဖြစ်ပါ တယ်လို့ ပြောလိုပါတယ်’’ဟု ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုးက ပြောသည်။
NCA သည် မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးမျှော်လင့်ချက်ဖြစ်ပြီး NCA အပေါ်တွင် ညှိနှိုင်းအဖြေရှာ ပြီး ဘုံသဘောထား ရယူနိုင်မှသာ ငြိမ်းချမ်းရေးရရှိမည်ဖြစ်ကြောင်း၎င်းက ဆိုသည်။
တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့များသည်လည်း ငြိမ်း ချမ်းရေးလုပ်ငန်းစဉ် အောင်မြင် စေရေး သင်ယူလေ့လာမှု၊ ကြိုး စားမှု၊ စိတ်ရှည်သည်းခံမှုတို့ ထား ရှိပြီး ဘုံသဘောထား ရပ်တည် ချက်ကိုင်စွဲကာ တွေ့ဆုံညှိနှိုင်း အဖြေရှာခြင်းကို အခြေပြုပြီး ဒီမို ကရက်တစ် ဖက်ဒရယ်ပြည် ထောင်စုသစ်အတွက် အုတ်မြစ်ချ နိုင်ရေး ဝိုင်းဝန်းကြိုးပမ်းကြရန် KNU ဥက္ကဋ္ဌက တိုက်တွန်းသည်။
‘‘ဒီကနေ့မှာ နိုင်ငံရေးဆွေး နွေးပွဲဆိုင်ရာ လုပ်ငန်းစဉ်တွေနဲ့ ပတ်သက်ပြီး ရှေ့မတိုး၊ နောက် မဆုတ်သာ ဖြစ်နေတာကိုတော့ သတိမူဖို့လိုပါတယ်’’ဟု ဗိုလ်ချုပ် ကြီး စောမူတူးစေးဖိုးက ပြော သည်။
လင်းခေးတွင် ကျင်းပမည့် ရှမ်းလူမျိုးအလိုက် အမျိုးသား အဆင့် နိုင်ငံရေးဆွေးနွေးပွဲ အကြို လူထုတွေ့ဆုံပွဲများကို တပ်မတော်က တားဆီးခြင်းနှင့် ပတ်သက်ပြီး အပစ်ရပ်အဖွဲ့ ရှမ်း ပြည် ပြန်လည်ထူထောင်ရေး ကောင်စီ (RCSS)က လင်းခေး ဆွေးနွေးပွဲကို ရွှေ့ဆိုင်းထား သည်။
ယင်းအခြေအနေနှင့်ပတ် သက်၍ အပစ်ရပ်အဖွဲ့များက ဇန်နဝါရီ ၁၂ ရက်၌ ကြေညာ ချက်ထုတ်ပြန်ထားရာ NCA အရ ဆောင်ရွက်ရမည့် အမျိုးသား အဆင့် နိုင်ငံရေးဆွေးနွေးပွဲများ နှင့် လူထုတွေ့ဆုံပွဲများ ကန့် သတ်ပိတ်ပင်ခံရခြင်းများနှင့် ပတ်သက်ပြီး အစိုးရ တပ် မတော်တာဝန်ရှိသူများနှင့် ဆွေး နွေးညှိနှိုင်း အဖြေရှာပြီးမှသာ ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာ ခံကို ဆက်လက်ဆောင်ရွက်မည် ဟု ဖော်ပြသည်။ သို့ရာတွင် လက်ရှိအချိန်ထိ အစိုးရနှင့် တိုင်း ရင်းသားအဖွဲ့များ တွေ့ဆုံညှိနှိုင်း နိုင်ခြင်း မရှိသေးပေ။
========================
251 / End
အင်အားသုံး ဖြေရှင်းနေမှုများ လျှော့ချခြင်းဖြင့် သဘောထားကြီးကြောင်းပြသရန် အစိုးရနှင့် တပ်မတော်ထံ ကေအင်န်ယူဥက္ကဋ္ဌ တောင်းဆို NCA ကို လ
၂၁ ဖေဖော်ဝါရီ ၂၀၁၈ - ၁၉:၄၇
News ID: 882931
တစ်နိုင်ငံလုံး ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေးသဘောတူ စာချုပ် (NCA) တွင် လက်မှတ် မထိုးရသေးသည့် တိုင်းရင်းသား အဖွဲ့အစည်းများ ပါဝင်နိုင်ရေး အင်အားသုံးဖြေရှင်းနေသည့် ကိစ္စမှန်သမျှကို လျှော့ချခြင်းဖြင့် သဘောထားကြီးကြောင်းပြသ ရန် အစိုးရနှင့် တပ်မတော်အား တောင်းဆိုကြောင်း ကရင် အမျိုး သားအစည်းအရုံး (KNU) ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးစောမူတူးစေးဖိုးက ပြောသည်။