အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
ရခိုင်ပြည်နယ်ရှိ လူနည်းစု မူဆလင်တွေကို လူမျိုးသုဉ်းသတ်ဖြတ်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ပတ်သက်လို့ တိကျရှင်းလင်းတဲ့သက်သေ ပြသဖို့ ပြည်ထောင်စုအစိုးရအဖွဲ့ရဲ့ အမျိုးသားလုံခြုံရေးဆိုင်ရာ အကြံပေး ဦးသောင်းထွန်းက ပြောကြားလိုက်ပါတယ်။
ဆွစ်ဇာလန်နိုင်ငံ ဂျနီဗာမြို့မှာ မတ်လ ၈ ရက်နေ့က သတင်းထောက်တွေကို ပြောကြားလိုက်တာပါ။
“မူဆလင်အသိုင်းအဝိုင်းအများစုက အခုချိန်ထိ ရခိုင်ပြည်နယ်အတွင်းမှာ နေထိုင်နေကြတယ်။ အကယ်၍ လူမျိုးသုဉ်း သတ်ဖြတ်တယ်ဆိုရင် သူတို့အားလုံး ထွက်ပြေးသွားကြပြီ။”
ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး Zeid Ra’ad al-Hussein က ရိုဟင်ဂျာတွေ လူမျိုးသုဉ်းသတ်ဖြတ်ခံရတာနဲ့ပတ်သက်ပြီး ခိုင်ခိုင်မာမာကို သံသယရှိနေကြောင်း၊ လူတွေအစုလိုက်အပြုံလိုက်မြှုပ်နှံခံခဲ့ရတဲ့ လူသားချင်းစာနာမှု အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှု အပါအဝင် နိုင်ငံတကာ ရာဇဝတ်မှု ဖြစ်နိုင်ခြေ သက်သေအထောက်အထားတွေ မကျန်အောင် ဖျက်ဆီးဖို့ မြန်မာအာဏာပိုင်တွေက ကြိုးစားနေကြောင်း မတ် ၇ ရက်နေ့က ပြောကြားခဲ့ပါတယ်။
ဦးသောင်းထွန်းကတော့ “မြန်မာနိုင်ငံမှာ လူမျိုးသုန်းသတ်ဖြတ်တယ်ဆိုပြီး စွပ်စွဲချက်တော်တော်များများ မကြာခဏ ကြားရပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး အရင်ကလည်း ပြောခဲ့တယ်၊ ခုလည်း ထပ်ပြောပါမယ် ဒါက ကျနော်တို့ အစိုးရရဲ့ မူဝါဒမဟုတ်ပါဘူးဆိုတာ ကျနော်တို့ ခင်ဗျားတို့ကို အခိုင်အမာ ပြောနိုင်ပါတယ်။ စွပ်စွဲချက်တွေ ရှိနေပေမယ့် ကျနော်တို့ တိကျရှင်းလင်းတဲ့ သက်သေတွေကို သိချင်ပါတယ်” လို့ ဦးသောင်းထွန်းက ပြောပါတယ်။
ရခိုင်ြပည်နယ်အတွင်းမှာ ပြီးခဲ့တဲ့နှစ် သြဂုတ်လကစတင်ခဲ့တဲ့ အကြမ်းဖက်မှုဖြစ်စဉ်ကြောင့် ဒုက္ခသည် ၇ သိန်းလောက် ဘင်္ဂလားဒေ့ရှ်ဘက်ကို ထွက်ပြေးခဲ့ကြပါတယ်။
မြန်မာအစိုးရအနေနဲ့ ထွက်ပြေးသွားသူတွေ လုံခြုံစေဖို့နဲ့ နေရပ်ကို ပြန်နိုင်ရေး ဆန္ဒရှိတယ်လို့လည်း ဦးသောင်းထွန်းက ပြောပါတယ်။
========================
251 / End