အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
အစိုးရ ၀န်ကြီး ဌာနက လွှတ်တော်တွင် ကတိ ဖြစ်ခဲ့သည့် မေးခွန်း၊ အဆိုများကို သက်ဆိုင်ရာ ဘဏ္ဍာနှစ်အလိုက် ပြီးစီးအောင် ဆောင်ရွက်ရန် ပြည် သူ့လွှတ်တော်၊ အစိုးရ၏အာမခံ ချက်များ၊ ကတိများနှင့် တာဝန်ခံ ချက်များ စိစစ်ရေးကော်မတီက တိုက်တွန်းသည်။
ဒုတိယအကြိမ် ပြည်သူ့ လွှတ်တော် ပုံမှန်အစည်းအဝေး ငါးကြိမ်အတွင်း မေးခွန်းများ၊ အ ဆိုများအပေါ် ပြန်လည်ဖြေကြား မှုများနှင့် ပတ်သက်၍ကော်မတီ ၏ ဆောင်ရွက်ထားရှိမှုအစီရင်ခံ စာတွင် ထိုသို့ဖော်ပြထားသည်။
ပြည်သူ့လွှတ်တော်ပုံမှန် အ စည်းအဝေးငါးကြိမ်အတွင်း က တိဖြစ်ခဲ့သည့် လုပ်ငန်းများသည် ဆောင်ရွက်ဆဲ လုပ်ငန်း ၅၆၁ ခု ရှိပြီး ကျန်းမာရေးနှင့် အားကစား ၀န်ကြီးဌာနက ကတိဖြစ်လုပ်ငန်း ၁၅၇ခုဖြင့် အများဆုံးဖြစ်သည်။ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန က ဒုတိယအများဆုံးအဖြစ်ကတိ ဖြစ်လုပ်ငန်း ၆၂ခု ကိုဆက်လက် ဆောင်ရွက်နေသည်။
ဝန်ကြီးဌာနများက ကတိပြု ထားသည့် လုပ်ငန်းများကို မည် သို့ဆောင်ရွက်ထားကြောင်းလွှတ် တော်အစည်းအဝေးတစ်ကြိမ်ပြီး တိုင်း မေးမြန်းစိစစ်ပြီးနောက် ခိုင်လုံသည့် အကြောင်းပြချက်မ ပေးနိုင်သော လုပ်ငန်းများနှင့်ပတ် သက်၍ မည်သို့ဆောင်ရွက်ထား ကြောင်း ထပ်မံမေးမြန်းရာတွင် ကြန့်ကြာမှုများရှိနေကြောင်း အစီ ရင်ခံစာ၌ ဖော်ပြထားသည်။
ထို့အပြင် ၀န်ကြီးဌာနအချို့ က ကော်မတီသို့ လစဉ်ပေးပို့ရ မည့် အစီရင်ခံစာ ပေးပို့ရန်ပျက် ကွက်နေကြောင်း၊ ၀န်ကြီးဌာနများအနေဖြင့် မေးခွန်းများဖြေဆို ရာတွင် ကတိအဖြစ်သတ်မှတ်နိုင် ရန်လုပ်ငန်းဆောင်ရွက်ပေး မည့် ဘတ်ဂျက်နှစ် (ဘဏ္ဍာနှစ်)ကို တိ ကျစွာ ဖြေကြားရန်လိုကြောင်း ကော်မတီက အကြံပြုထားသည်။
========================
251 / End
၁၁ မတ် ၂၀၁၈ - ၁၈:၁၆
News ID: 885332
လွှတ်တော်ကတိများ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက အများဆုံးဆောင်ရွက်နိုင်