အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
တာချီလိတ်မြို့ရှိ ဟို တယ်များတွင် ကာစီနိုလောင်းက စားဝိုင်းများကို တရားဝင်ဖွင့်ခွင့် ပေးရန် ဒုတိယသမ္မတ၏ တာချီ လိတ်ခရီးစဉ်၌ ဟိုတယ်လုပ်ငန်း ရှင်များက တောင်းဆိုခဲ့သည်။
ဒုတိယသမ္မတ ဦးဟင်နရီဗန် ထီးယူသည် ရှမ်းပြည်နယ်(အရှေ့ ပိုင်း)တာချီလိတ်မြို့သို့ မတ်လ ၁၆ ရက်က ရောက်ရှိခဲ့ပြီး လုပ်ငန်းရှင်များနှင့်တွေ့ဆုံရာ တာချီလိတ် မြို့ ဟိုတယ်လုပ်ငန်းရှင်များက နိုင်ငံခြားသားများကို ဆွဲဆောင် ရန် ဟိုတယ်များတွင် ကာစီနိုဝိုင်း များ တရားဝင် ဖွင့်ခွင့်ပြုရန်နှင့် ဥပဒေအရ ထိန်းချုပ်ပေးရန် တောင်း ဆိုခဲ့သည်။
၎င်းတို့က တာချီလိတ်မြို့ သည် လည်ပတ်စရာမရှိသည့် မြို့ဖြစ်သည့်အလျောက် လောင်းကစားများဖြင့် ဧည့်သည်များကို ဆွဲ ဆောင်ပြီး မြို့ပိုမိုစည်ကားတိုး တက်စေရန် ရည်ရွယ်သည်ဟု ဒုသမ္မတထံ တင်ပြခဲ့သည်။
ဟိုတယ်နှင့် ခရီးသွားလာ ရေးဝန်ကြီးဌာန အမြဲတမ်းအတွင်း ဝန် ဦးရည်မွန်က ကာစီနိုလုပ်ငန်း များ လုပ်ကိုင်နိုင်ရန် ဝန်ကြီးဌာန အဆင့်ဆင့်ညှိနှိုင်းကာ ဥပဒေ ကြမ်းရေးဆွဲနေသည့်အဆင့်သာ ရှိသေးကြောင်း ပြောသည်။ ‘‘ဥပဒေက သက်ဝင်သွားပြီဆိုရင်တော့ သက်ဆိုင်ရာ ကန့်သတ်နယ်မြေ အတွင်းမှာ ကန့်သတ်တဲ့ စည်းမျဉ်း အချို့နဲ့ ပေါ်ပေါက်လာဖို့ ရှိပါ တယ်’’ဟု ၎င်းက ပြောသည်။
တာချီလိတ်မြို့ပေါ်ရှိ အရပ် ဘက်အဖွဲ့အစည်းများကမူ မြို့ပေါ်တွင် လောင်းကစားရုံများဖွင့် လှစ်ပါက လက်မခံနိုင်ကြောင်း ပြောသည်။
‘‘မြို့ထဲမှာတော့ မရှိသင့်ပါ ဘူး။ မြို့ပြင်တစ်နေရာရာမှာဆို ရင်တော့ တစ်မျိုးပေါ့။ လောင်းက စားတွေကတော့ မြို့ထဲတွေမှာ မရှိသင့်တော့ဘူး’’ဟု မဇ္ဈိမလူမှု ကူညီရေးအသင်းဥက္ကဋ္ဌ ဦးတင့် ဆွေက ပြောသည်။
ထို့အပြင် တာချီလိတ်မြို့ခံ အရပ်ဘက်အဖွဲ့အစည်းများက မြို့ပေါ်တွင် လောင်းကစားရုံများ ပပျောက်ရေး ၂၀၁၈ နှောင်းပိုင်း အမီပြုလုပ်ရန် စီစဉ်နေသည်။ လက်ရှိတွင် တာချီလိတ်မြို့ရှိ ဟိုတယ်ကြီးအချို့၌ တရားမဝင် ကာစီနို လောင်းကစားအပြင် လောင်းကစားမျိုးစုံ လုပ်ကိုင်နေ ကြောင်း ဒေသခံများက ပြော သည်။
‘‘လောင်းကစားကြောင့် လူ ငယ်တွေဘဝပျက်သွားတာ၊ မိ သားစုတွေ ပျက်သွားတာပဲမြင် တယ်။ သေချာကြပ်မတ်ဖို့တောင် လိုနေတာ။ တရားဝင်ဖွင့်ရင် လူငယ်တွေမဆော့ဖို့၊ မြို့ခံတွေ မဆော့ဘဲ ဧည့်သည်တွေပဲ ဆော့ ဖို့ လုပ်နိုင်ရင်ကောင်းတာပေါ့’’ဟု တာချီလိတ်မကာဟိုခမ်းရပ်ကွက် နေ ကိုခမ်းလှိုင်က ပြောသည်။
ဖေဖော်ဝါရီ ၉ ရက်က ဟို တယ်နှင့်ခရီးသွားလာရေးဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီးဦးအုန်း မောင်က ပြည်သူ့လွှတ်တော်တွင် ၁၉၈၆ လောင်းကစားဥပဒေကို ပြင်ဆင်ပြီးမှသာ နိုင်ငံခြားသား များအတွက် ကာစီနိုလုပ်ငန်းများ ခွင့်ပြုရန် ပြည်ထဲရေးဝန်ကြီးဌာန က သဘောတူထား၍ လက်ရှိအ ချိန်တွင် မဖြစ်နိုင်သေးကြောင်း ပြောကြားထားသည်။
========================
251 / End
၂၁ မတ် ၂၀၁၈ - ၁၆:၅၂
News ID: 886485
တာချီလိတ်မြို့ရှိ ဟို တယ်များတွင် ကာစီနိုလောင်းက စားဝိုင်းများကို တရားဝင်ဖွင့်ခွင့် ပေးရန် ဒုတိယသမ္မတ၏ တာချီ လိတ်ခရီးစဉ်၌ ဟိုတယ်လုပ်ငန်း ရှင်များက တောင်းဆိုခဲ့သည်။