၂၂ မတ် ၂၀၁၈ - ၁၆:၅၈
အစိုးရတပ်နှင့်ကေအန်ယူ တင်းမာမှု JMC-U အစည်းဝေးတွင် ဆွေးနွေး

ကရင်ပြည်နယ်၊ ဖာပွန်ခရိုရိုင်မှာဖြစ်ပွားနေတဲ့ အစိုးရတပ်နဲ့ကေအန်ယူအကြား တင်းမာမှုတွေနဲ့ပတ်သက်ပြီး ဒီကနေ့ ကျင်းပတ်တဲ့ ပြည်ထောင်စုအဆင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး ပူးတွဲစောင့်ကြည့်ရေး ကော်မတီ (JMC – U) အစည်းအဝေးမှာ အဓိထားဆွေးနွေးခဲ့ကြပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ


ကရင်ပြည်နယ်၊ ဖာပွန်ခရိုရိုင်မှာဖြစ်ပွားနေတဲ့ အစိုးရတပ်နဲ့ကေအန်ယူအကြား တင်းမာမှုတွေနဲ့ပတ်သက်ပြီး ဒီကနေ့ ကျင်းပတ်တဲ့   ပြည်ထောင်စုအဆင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး ပူးတွဲစောင့်ကြည့်ရေး ကော်မတီ (JMC – U) အစည်းအဝေးမှာ အဓိထားဆွေးနွေးခဲ့ကြပါတယ်။

(JMC – U ) ရဲ့ ၁၅  ကြိမ်မြောက်အစည်းအဝေး မနေ့ မတ်လ ၂၁ ရက်နေ့မှာ စတင်ကျင်းပခဲ့ တာဖြစ်ပြီး မနေ့ကတော့  ပြီးခဲ့တဲ့အစည်းဝေးက ဆုံးဖြတ်ချက်အကောင်အထည်ဖော်မှုကိစ္စနဲ့ ဘဏ္ဍရေးကို ဆွေးနွေးခဲ့ပါတယ်။

ဒီကနေ့မှာတော့ ကေအန်ယူတပ်မဟာ ၅ ဖာပွန်ခရိုင်မှာဖြစ်ပွားနေတဲ့ တင်းမာမှုနဲ့ပတ်သက်ပြီး ဆွေးနွေးကြသလို ဒီတင်းမာမှုနဲ့ပတ်သက်ပြီးတော့ ကေအန်ယူက ဖွဲ့စည်းထားတဲ့ တပ်ပိုင်းဆိုင်ရာညှိနှိုင်းရေးအဖွဲ့နဲ့ တပ်မတော် တောင်ပိုင်းတိုင်းတို့ လာမယ့် မတ် ၂၉  – ၃၀ ရက်နေ့မှာ တွေ့ဆုံနိုင်ဖို့ ဆုံးဖြတ်ခဲ့တယ်လို့ အစည်းဝေးတက်ရောက်တဲ့ ကေအန်ယူခေါင်းဆောင် ဗိုလ်ချုပ် စောအိုင်းဇက်ဖိုးက ပြောပါတယ်။

“အခုလောလောဆယ် ဒီဥစ္စာကို ထပ်ပြီးညှိနှိုင်းဖို့ တပ်ချင်းတပ်တွေ့နိုင်ဖို့ အထူးသဖြင့် ကေအန်အယ်လ်အေက ညှိနှိုင်းရေးအဖွဲ့ဆိုတာရှိတယ်။ အဲဒီအဖွဲ့နဲ့ ဖြစ်စဉ်ဖြစ်နေတဲ့ တပ်မဟာ က ခေါင်းဆောင်ပါမှာပေါ့နော်။ အဲဒါ တွေ့ဆုံပြီးတော့ ညှိနှိုင်းဖို့ပေါ့။ ၂၉ ဒါမှမဟုတ် ၃၀ မှာ တပ်မတော်နဲ့ ထပ်ပြီးတော့ ညှိနှိုင်းဖို့ပါ။”

အဲဒီတွေ့ဆုံပွဲကို ပဲခူးတိုင်း၊ ကျောက်ကြီးမြို့မှာ တွေ့ဆုံနိုင်ဖို့ သဘောတူထားတယ်လို့လည်း ပြောပါတယ်။

အဲဒီတွေ့ဆုံပွဲမှာ ကားလမ်းဆက်ဖောက်ရေး မဖောက်ရေးနဲ့ တင်းမာမှုကြောင့် ထွက်ပြေးတိမ်းရှောင်နေရတဲ့ ရွာသားတွေကို ကူညီနိုင်ဖို့အရေး ဆွေးနွေးမယ်လို့လည်း ပြောပါတယ်။

“တပ်မတော်က လမ်းဆက်ဖောက်ဖို့ သူတို့ရဲ့ လျာထားချက်တွေပေါ့။ ဒီဘက်က လူထုကလည်း ပြောရမယ်ဆိုရင်တော့ အပြင်နဲ့ ထိတွေ့မှုနည်းတဲ့ လူတွေလေ။ သူတို့ကတော့ ရွာရှောင်တွေ ဖြစ်နေတာပေါ့နော်။ အခု သူတို့လုပ်ကိုင်စားသောက်တဲ့ နေရာကနေပြီးတော့ လမ်းဖောက်လာတဲ့အတွက် သူတို့က ရှောင်တိမ်းနေရတာပေါ့။ ဆိုတော့ အဲဒီရွာသားတွေအတွက်ကိုလည်း ဘယ်လိုကူညီနိုင်မလဲပေါ။ အရေးကြီးတာကတော့ အဲဒီလမ်းဖောက်ဖို့၊ မဖောက်ဖို့ ထပ်ပြီးတော့ ညှိနှိုင်းဖို့ပေါ့နော်။ ”

ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ လူသောမြို့နယ်  ခေးပူနဲ့လယ်မူပလောရွာကြားမှာ တပ်မတော်ဘက်က ကားလမ်းဖောက်လုပ်ရေးအတွက် မတ် ၄ ရက်နေ့ကစပြီး အစိုးရတပ်က စစ်အင်အားတိုးချဲ့ ဝင်ရောက်လာခဲ့ပါတယ်။

စစ်အင်အားတိုးချဲ့မှုကြောင့် ကေအန်ယူတပ်ဖွဲ့နဲ့ တင်းမာမှုတွေဖြစ်ပြီး ဒေသတွင်း ကျေးရွာ ၁၄ ရွာ၊ လူပေါင်း ၂၀၀၀ နီးပါး ထွက်ပြေးတိမ်းရှောင်ခဲ့ရပါတယ်။

အခုချိန်ထိ ဒေသခံတွေက တောတွင်းထွက်ပြေးတိမ်းရှောင်နေရဆဲဖြစ်ပြီး စားဝတ်နေရေးနဲ့ ကျန်းမာရေးအခက်အခဲတွေ ကြုံတွေ့နေရပါတယ်။

ဒေသခံရွာသားတွေကတော့ တပ်မတော်အနေနဲ့ ဒီကားလမ်းဖောက်လုပ်ရင် ကေအန်ယူ တပ်တွေ ပစ်ခတ်မှု ဖြစ်ပွားမှာကို စိုးရိမ်ထိတ်လန့်နေကြသလို စစ်မှန်တဲ့ ငြိမ်းချမ်းရေးကို လိုလားကြောင်းလည်း မတ်လ ၁၉ ရက်နေ့က စုဝေးဆုတောင်းပွဲပြုလုပ်ခဲ့ကြပါတယ်။

========================
251 / End