၂၆ မတ် ၂၀၁၈ - ၁၇:၀၃
ဒီချုပ်ပါတီနိုင်ငံလုံးဆိုင်ရာ လူငယ်ညီလာခံ နေပြည်တော်၌ ပြုလုပ်မည်

ဧပြီလဆန်းတွင် ပြုလုပ်မည့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်နိုင်ငံလုံးဆိုင်ရာ လူငယ် ညီလာခံကို ပါတီဗဟိုအလုပ်အမှု ဆောင်အဖွဲ့ဝင်များ၊ လွှတ်တော် ကိုယ်စားလှယ်များ တက်ရောက် နိုင်ရန် နေပြည်တော်၌ ပြုလုပ်မည် ဖြစ်ကြောင်း ညီလာခံကျင်းပရေး ကော်မရှင်ဥက္ကဋ္ဌ ဦးမောင်မောင် ဦးက ပြောသည်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ


 ဧပြီလဆန်းတွင် ပြုလုပ်မည့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်နိုင်ငံလုံးဆိုင်ရာ လူငယ် ညီလာခံကို ပါတီဗဟိုအလုပ်အမှု ဆောင်အဖွဲ့ဝင်များ၊ လွှတ်တော် ကိုယ်စားလှယ်များ တက်ရောက် နိုင်ရန် နေပြည်တော်၌ ပြုလုပ်မည် ဖြစ်ကြောင်း ညီလာခံကျင်းပရေး ကော်မရှင်ဥက္ကဋ္ဌ ဦးမောင်မောင် ဦးက ပြောသည်။

 နိုင်ငံလုံးဆိုင်ရာ လူငယ်ညီ လာခံတက်ရောက်ရန် ပါတီခေါင်း ဆောင်အားလုံး ဖိတ်ကြားမည်ဖြစ် ပြီး တက်၊ မတက်ကိုမူ မပြောနိုင် သေးကြောင်း ၎င်းက ဆိုသည်။ ‘‘ပြောလို့တော့ မရသေးဘူး။ အခုအခြေအနေ (သမ္မတရွေးချယ်ရေး ကိစ္စ)က အကုန်လုံး အလုပ်တွေ ရှုပ်နေကြတယ်လေ’’ဟု ဦးမောင် မောင်ဦးက ပြောသည်။

ယခင်က ရန်ကုန်၌သာ ပြု လုပ်သော ညီလာခံသို့ တိုင်းနှင့် ပြည်နယ်များမှ လူငယ်ကိုယ်စား လှယ် သုံးရာကျော် တက်ရောက် မည်ဖြစ်ပြီး ယင်းအထဲမှ တိုင်းနှင့်ပြည်နယ်အလိုက် လူငယ်ဦး ဆောင်အဖွဲ့ကို ရွေးချယ်မည်ဖြစ် သည်။ ထိုလူငယ်ဦးဆောင်အဖွဲ့ ထဲမှ လူငယ်လုပ်ငန်းအဖွဲ့ကို ရွေးကာ လုပ်ငန်းအဖွဲ့ဝင်လူငယ်များ ကို တာဝန်ခံ၊ တွဲဖက်တာဝန်ခံ၊ ဘဏ္ဍာရေးမှူး စသဖြင့် တာဝန်များခွဲဝေပေးမည်ဖြစ်သည်။

ယင်းရွေးချယ်သည့်လုပ်ငန်း စဉ်အားလုံးကို ဒီမိုကရေစီနည်း လမ်းအရ မဲပေးရွေးချယ်မည်ဟု ဦးမောင်မောင်ဦးက ပြောသည်။

မြို့နယ်၊ ခရိုင်နှင့် တိုင်းအ ဆင့် လူငယ်ညီလာခံများကို ၂၀၁၇ နှစ်ကုန်ပိုင်းကတည်း စတင်ကျင်းပခဲ့ပြီး မန္တလေးနှင့် ရန်ကုန် တိုင်းတို့မှအပ ကျန်တိုင်းဒေသ ကြီး၊ ပြည်နယ်များတွင် ကျင်းပပြီး ဖြစ်သည်။ မန္တလေးနှင့် ရန်ကုန် တိုင်းတို့၏တိုင်းအဆင့် ညီလာခံ ကို ယခုလ ၃၁ ရက်တွင် ကျင်းပ မည်ဖြစ်ကြောင်း ၎င်းကဆိုသည်။

ညီလာခံမတိုင်မီ လူငယ် ပါတီဝင်ခုနစ်သောင်းကျော် ပါတီ ဝင်ရောက်ခဲ့ပြီး မျှော်မှန်းထားသည်ထက် လူငယ်များစိတ်ပါဝင်စားမှု ရှိကြောင်း ညီလာခံကျင်းပရေး ကော်မရှင် တာဝန်ရှိသူများက ပြောသည်။

 ဒီချုပ်လူငယ်ညီလာခံကို ၂၀၁၄ တွင် ပထမအကြိမ် ကျင်းပရာ လူငယ်ပါတီဝင် တစ်သိန်း ကျော်ပါတီသို့ ဝင်ရောက်ခဲ့သည်။ သို့သော် ၂၀၁၅ ရွေးကောက်ပွဲ အပြီးတွင် အကြောင်းအမျိုးမျိုး ဖြင့် လူငယ်အင်အား ပြန်လည်လျော့နည်းခဲ့၍ ဒုတိယအကြိမ် ညီလာခံကျင်းပရေး ဆောင်ရွက် ခြင်းဖြစ်ကြောင်း ပါတီတာဝန်ရှိသူ များက ပြောကြားထားသည်။

ဒီချုပ်ပါတီ ပထမအကြိမ် လူငယ်ညီလာခံကို ၂၀၁၄ တွင် ပြုလုပ်ခဲ့ပြီး အသက်(၃၅)နှစ် အောက်ဟု သတ်မှတ်ရာ လူငယ် ပါတီဝင်တစ်သိန်းကျော် စုဆောင်းနိုင်ခဲ့သည်။ ဒုတိယအကြိမ် ညီလာခံ၌ လူငယ်ပါတီဝင်များကို အသက်(၁၆)နှစ်မှ (၃၀)နှစ်အောက်ဟု ပြင်ဆင်သတ်မှတ်ခဲ့သည်။

========================
251 / End