အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
ငြိမ်းချမ်းရေးကိစ္စ ရပ်များဆွေးနွေးသည့်အခါ မဖြစ် နိုင်သော တောင်းဆိုမှုများနှင့် အ ချိန်ဆွဲနေမည့်အစား ဖြစ်သင့်ဖြစ် ထိုက်သည်များကို ညှိနှိုင်းခြင်းက ပိုမို လက်တွေ့ဆန်မည် ဖြစ်ကြောင်း တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်း အောင်လှိုင်က ပြောသည်။
‘‘လူမျိုး၊ ဘာသာခွဲခြားမှုမရှိ ဘဲ မြန်မာစိတ်မွေးပြီး နိုင်ငံတိုး တက်ရေးအတွက် စည်းစည်းလုံး လုံး ညီညီညွတ်ညွတ်နဲ့ ကြိုးစား သွားကြဖို့ လိုပါတယ်။ အတိတ် ကို လက်ညှိုးထိုးပြီး အပြစ်ရှာနေ တာထက် အတိတ်အပေါ်သင်ခန်း စာဖော်ထုတ်ပြီး နိုင်ငံတိုးတက်မှု ဖွံ့ဖြိုးရေးအတွက် ဆောင်ရွက် သွားကြဖို့ အချိန်ရောက်နေပြီဖြစ် ကြောင်း ပြောကြားလိုတယ်’’ဟု တပ်မတော်ကာကွယ်ရေးဦးစီး ချုပ်က ဆိုသည်။
နေပြည်တော်တွင် မတ်လ ၂၇ ရက်က ကျင်းပခဲ့သည့် (၇၃) နှစ်မြောက် တပ်မတော်နေ့အခမ်း အနားအဖွင့်မိန့်ခွန်း၌ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ် မှူးကြီးမင်းအောင်လှိုင်က အ ထက်ပါအတိုင်း ထည့်သွင်းပြော ကြားခဲ့သည်။
‘‘အခုလည်း ပါတီစုံဒီမိုကရေ စီအုပ်ချုပ်ရေးစနစ် ပြောင်းလဲကျင့်သုံးနေပြီဖြစ်တဲ့ တို့နိုင်ငံမှာ သဘောထားကွဲလွဲမှုများကို လက် နက်စွဲကိုင်တောင်းဆိုဖို့မလိုအပ် တော့တဲ့အတွက် နိုင်ငံရေးနည်း အရ တွေ့ဆုံဆွေးနွေးအဖြေရှာ ကြရမှာဖြစ်ပါတယ်’’ဟု ၎င်းက ပြောသည်။
လက်ရှိ နိုင်ငံတော်ဖွံ့ဖြိုးရေး လုပ်ငန်းစဉ်များကို ဒီမိုကရေစီ စနစ်ဖြင့် လျှောက်လှမ်းနေသဖြင့် ပြဋ္ဌာန်းထားသော စည်းမျဉ်း၊ စည်းကမ်းများနှင့်အညီ ပြောဆိုရေး သားရန် လိုအပ်ပြီး တာဝန်ခံမှု၊ တာဝန်ယူမှုများလည်း ရှိရမည်ဟု ဗိုလ်ချုပ်မှူးကြီးက ဆိုသည်။
‘‘အခြေအမြစ်မရှိဘဲ စည်း ကမ်းမဲ့ ပြောဆိုရေးသားမှုတွေဟာ အမုန်းတရားကို ဖြစ်စေပြီး နိုင်ငံ တော်ရဲ့ ဂုဏ်သိက္ခာကိုလည်း ကျဆင်းစေတဲ့အပြင် နိုင်ငံတော် တည်ဆောက်ရေးမှာလည်း အ ဟန့်အတားဖြစ်စေပါတယ်’’ဟု ၎င်းက ဥပမာပေးသည်။
လွတ်လပ်ရေးရပြီးစ ကာလ များတွင် နိုင်ငံရေးပါတီများ၏ လက်ကိုင်တုတ်များက ၎င်းတို့အာ ဏာလွန်ဆွဲပွဲများ၌ အနိုင်ရရှိရေး တပ်မတော်ကို အသုံးချရန် လမ်းကြောင်းအမျိုးမျိုးမှ သွေးထိုးလှုံ့ဆော်မှုများ ပြုလုပ်ခဲ့ကြောင်း လည်း တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က ပြောသည်။
ယနေ့ဖွံ့ဖြိုးတိုးတက်လာ သော ဆက်သွယ်ရေးကွန်ရက်များ တွင် သတင်းအချက်အလက်များ ပေါက်ကွဲလုမတတ်များပြားလာ ၍ တပ်မတော်သားများအနေဖြင့် အသိတရားလက်ကိုင်ထားကာ ခွဲခြမ်းစိတ်ဖြာတတ်ရန် လိုသည် ဟု ၎င်းကသတိပေးသည်။
‘‘ဒါကြောင့် တို့တပ်မတော် ကို ပြိုကွဲအောင်၊ ဂုဏ်သိက္ခာကျ ဆင်းအောင် အခြေအမြစ်မရှိတဲ့ ပြောဆိုရေးသားမှုတွေကို သတိ တရား၊ အသိတရားများနဲ့ယှဉ်ပြီး တုံ့ပြန်သွားရမယ်’’ဟု ဗိုလ်ချုပ်မှူး ကြီးမင်းအောင်လှိုင်က ပြော သည်။
မြန်မာနိုင်ငံအတွင်း လူမျိုး ပေါင်း ၁၃၀ ကျော်သည် ရှေးနှစ် ပေါင်းများစွာကပင် အေးချမ်းစွာ အတူယှဉ်တွဲနေထိုင်လာခဲ့သဖြင့် တိုင်းရင်းသားလူမျိုးစုများအကြား အင်အားနည်းခြင်း၊ များခြင်းသည် အဓိကမဟုတ်ဘဲ တိုင်းရင်းသား လူမျိုးစုအားလုံးအတွက် ဖွဲ့စည်း ပုံအခြေခံဥပဒေအရ အခွင့်အရေး တစ်ပြေးညီ ပေးထားကြောင်း ဗိုလ်ချုပ်မှူးကြီးက ဆိုသည်။
‘‘ဗုဒ္ဓဘာသာ သာသနာဟာ မြန်မာနိုင်ငံမှာ အများစုကိုးကွယ် ကြတယ်ဆိုပေမယ့် အခြားဘာ သာ သာသနာများကိုလည်း ကိုး ကွယ်ယုံကြည်ခွင့်ရှိတယ်။ ဒါ ကြောင့် ဘာသာရေးနဲ့ပတ်သက် လာရင် အထင်အမြင်လွဲမှား အောင် ပြောဆိုပြုမူနေတာတွေ ကို ထိန်းသိမ်းရမယ်’’ဟု ၎င်းက ဆက်လက်ပြောကြားသည်။
ကာကွယ်ရေးဦးစီးချုပ်က စစ်သည်တော်များအနေဖြင့် လိုက်နာရမည့် ဥပဒေ၊ အမိန့်၊ ညွှန်ကြားချက်များကို ခါးဝတ် ပုဆိုးကဲ့သို့ စောင့်ထိန်းလိုက်နာကြရန်လည်း ထည့်သွင်းပြော ကြားခဲ့သည်။
‘‘ဒါအပြင် နယ်ဘက်ဆိုင်ရာ ဥပဒေ၊ စစ်ဘက်ဆိုင်ရာ ဥပဒေနဲ့ စစ်ပွဲဆိုင်ရာ ဥပဒေတွေကို လိုက် နာရတဲ့အပြင် ထိတွေ့တိုက်ခိုက် မှုစည်းမျဉ်းတွေကိုလည်း တိကျ စွာ လိုက်နာကြရတာဖြစ်ပါတယ်။ သတ်မှတ်ပြဋ္ဌာန်းချက်တွေကို ဖောက်ဖျက်ကျူးလွန်မိရင်လည်း သက်ဆိုင်ရာဥပဒေများနဲ့အညီ အရေးယူလျက်ရှိတယ်ဆိုတာ လည်း ပြောကြားလိုပါတယ်’’ဟု ကာကွယ်ရေးဦးစီးချုပ်က ထည့် သွင်းပြောကြားခဲ့သည်။
ယခုနှစ်ပြုလုပ်သည့် တပ်မ တော်နေ့အခမ်းအနားတွင် တပ်မ တော်ကာကွယ်ရေးဦးစီးချုပ်စီး နင်းလာသည့် ယာဉ်ကို မြင်းစီးတပ် များက ခြံရံကာ စစ်ရေးပြကွင်းအ တွင်း ဝင်ရောက်လာခဲ့ပြီး စစ်ရေးပြတပ်များအား ယခင်နှစ်များကဲ့သို့ ကားဖြင့် စစ်ဆေးခြင်းမပြု ဘဲ လမ်းလျှောက်၍သာ စစ်ဆေး ခဲ့သည်။
အဆိုပါစစ်ရေးပြအခမ်းအ နားတွင် အမျိုးသမီးတပ်မတော် သားနှင့် အမျိုးသမီးရဲတပ်ဖွဲ့ဝင် များပါဝင်သည့် စစ်ရေးပြတပ်ခွဲ များလည်း ပါဝင်ချီတက်ခဲ့သည်။
(၇၃)နှစ်မြောက် တပ်မတော်နေ့အခမ်းအနားသို့ ပြည်သူ့လွှတ် တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်၊ ပြည် ထောင်စုရွေးကောက်ပွဲကော်မ ရှင်ဥက္ကဋ္ဌ ဦးလှသိန်း၊ အမျိုးသား လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးအေး သာအောင်၊ ပြည်ထောင်စုဝန်ကြီး များ၊ တပ်မတော်အရာရှိကြီးများ၊ အငြိမ်းစား တပ်မတော်အရာရှိ ကြီးများ၊ စစ်မှုထမ်းဟောင်းများ၊ နိုင်ငံတကာ စစ်သံမှူးများနှင့် အခြားဖိတ်ကြားထားသူများ တက် ရောက်ခဲ့သည်။
========================
251 / End
တပ်မတော်ပြိုကွဲအောင်၊ ဂုဏ်သိက္ခာကျဆင်းအောင် အခြေအမြစ်မရှိသည့် ပြောဆိုရေးသားမှုများကို အသိ၊ သတိနှင့်ယှဉ်၍ တုံ့ပြန်ရမည်ဟုဆို
၂၈ မတ် ၂၀၁၈ - ၁၅:၄၆
News ID: 887302
ငြိမ်းချမ်းရေးကိစ္စ ရပ်များဆွေးနွေးသည့်အခါ မဖြစ် နိုင်သော တောင်းဆိုမှုများနှင့် အ ချိန်ဆွဲနေမည့်အစား ဖြစ်သင့်ဖြစ် ထိုက်သည်များကို ညှိနှိုင်းခြင်းက ပိုမို လက်တွေ့ဆန်မည် ဖြစ်ကြောင်း တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်း အောင်လှိုင်က ပြောသည်။