၃၀ မတ် ၂၀၁၈ - ၁၄:၅၇
အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီနှင့် ဘဏ္ဍာရေးကော်မရှင်တို့ကို ပြင်ဆင်ဖွဲ့စည်း

အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီနဲ့ ဘဏ္ဍာရေးကော်မရှင်တို့ကို ပြင်ဆင်ဖွဲ့စည်းကြောင်း နိုင်ငံတော်သမ္မတသစ် ဦးဝင်းမြင့်က ဒီကနေ့ မတ်လ ၃၀ ရက် နေ့စွဲနဲ့ ထုတ်ပြန်ကြေညာပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ


အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီနဲ့ ဘဏ္ဍာရေးကော်မရှင်တို့ကို ပြင်ဆင်ဖွဲ့စည်းကြောင်း နိုင်ငံတော်သမ္မတသစ် ဦးဝင်းမြင့်က ဒီကနေ့ မတ်လ ၃၀ ရက် နေ့စွဲနဲ့ ထုတ်ပြန်ကြေညာပါတယ်။

အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီမှာ သမ္မတ ဦးဝင်းမြင့်၊ ဒုသမ္မတ ဦးမြင့်ဆွေနဲ့ ဦးဟင်နရီဗန်ထီးယူ၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးမန်းဝင်းခိုင်သန်း၊ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၊ ဒုတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဒုဗိုလ်ချုပ်မှူးကြီးစိုးဝင်း၊ နိုင်ငံခြားရေးဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်၊ ပြည်ထဲရေး၊ ကာကွယ်ရေးနဲ့ နယ်စပ်ရေးရာ ပြည်ထောင်စုဝန်ကြီးတွေနဲ့ ပါဝင်ဖွဲ့စည်းလိုက်ပါတယ်။

အလားတူ ဘဏ္ဍာရေးကော်မရှင်ကိုလည်း ပြင်ဆင်ဖွဲ့စည်းလိုက်ပြီး သမ္မတ ဦးဝင်းမြင့်က ကော်မရှင်ဥက္ကဋ္ဌ၊ ဒုသမ္မတနှစ်ဦးက ကော်မရှင်ရဲ့ ဒုဥက္ကဋ္ဌတွေအဖြစ် တာဝန်ယူမှာဖြစ်ပြီး အတွင်းရေးမှူးအဖြစ်တော့ စီမံဘဏ္ဍာဝန်ကြီး ဦးကျော်ဝင်းက တာဝန်ယူမှာ ဖြစ်ပါတယ်။

========================
251 / End