၃၁ မတ် ၂၀၁၈ - ၁၄:၁၄
ကြိုးနီစနစ်လျော့နည်းရေး ကုမ္ပဏီထောင်ခြင်းဖြစ်ကြောင်း ဦးဖြိုးမင်းသိန်းပြော

ကြိုးနီစနစ်တွေ နည်းဖို့အတွက် ရန်ကုန်တိုင်း အစိုးရက ကုမ္ပဏီထောင် ဆောင်ရွက်သွားမယ်လို့ ၀န်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

ကြိုးနီစနစ်တွေ နည်းဖို့အတွက် ရန်ကုန်တိုင်း အစိုးရက ကုမ္ပဏီထောင် ဆောင်ရွက်သွားမယ်လို့ ၀န်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောပါတယ်။

ဒီနေ့ပြုလုပ်တဲ့ ရန်ကုန်မြို့သစ်ဖွံ့ဖြိုးရေးကုမ္ပဏီ (NYDC) တည်ထောင်ဖွဲ့စည်းတဲ့ အခမ်းအနားကို ရန်ကုန် Lotte ဟိုတယ်မှာ ကျင်းပခဲ့ပြီး ၀န်ကြီးချုပ်က အခုလိုပြောဆိုလိုက်တာပါ။

“ဘဏ္ဍာငွေကြေးအရ အစိုးရက ထည့်ဝင်ဆောင်ရွက်မှာ မဟုတ်တဲ့အတွက် ပုဂ္ဂလိကနဲ့ ပြည်သူလူထုအကြား၊ အစိုးရကြား ပူးပေါင်းဆောင်ရွက်တဲ့ PPP (Public Private Partnership) ပုံစံနဲ့ ဆောင်ရွက်နိုင်ဖို့အတွက် ပြင်ဆင်ဆောင်ရွက်မှာဖြစ်ပါတယ်။ ဒီလိုပြင်ဆင်ဆောင်ရွက်တဲ့ နေရာမှာ အစိုးရဘက်ကနေ ပါဝင်ဆောင်ရွက်မယ့် အစီအစဉ်တွေကို လွယ်ကူချောမွေ့ပြီး ကြိုးနီစနစ်တွေ နည်းသွားစေဖို့အတွက် အစိုးရကနေ တာဝန်ယူဆောင်ရွက်မယ့် ဒီနယ်မြေမှာရှိတဲ့ မြေတွေကို စနစ်တကျစီမံခန့်ခွဲပေးနိုင်ဖို့အတွက် အစိုးက ကုမ္ပဏီကို ထူထောင်ခဲ့တာ ဖြစ်ပါတယ်”လို့ ဦးဖြိုးမင်းသိန်းက ပြောပါတယ်။

နိုင်ငံတော်သမ္မတသစ် ဦးဝင်းမြင့် မိန့်ခွန်းပြောရာမှာ ကြိုးနီစနစ်တွေလျှော့ချဖို့ ပြောဆိုခဲ့သလို လက်ရှိအကောင်အထည်ဖော်တည်ဆောက်မယ့် ရန်ကုန်မြို့သစ်စီမံကိန်းမှာ ကြိုးနီစနစ်တွေ မရှိအောင် ဆောင်ရွက်သွားမယ်လို့ ပြောဆိုခဲ့တာပါ။

ဒီစီမံကိန်းကို ရန်ကုန်မြစ်အနောက်ဘက်မှာရှိတဲ့ မြေဧက ၂ သောင်းကျော်မှာ စတင် အကောင်အထည်ဖော်ဖို့ စီစဉ်ထားပြီး ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က ရာနှုန်းပြည့် ပိုင်ဆိုင်မှာဖြစ်ပါတယ်။

ရန်ကုန်မြို့သစ်စီမံကိန်း ပထမအဆင့် အခြေခံအဆောက်အအုံတွေအတွက် အမေရိကန်ဒေါ်လာ သန်း ၁၅၀၀ ကျော် ကုန်ကျမှာဖြစ်ပြီး လူဦးရေ ၂ သန်းကို အလုပ်အကိုင် ဖန်တီးပေးနိုင်မယ်လို့လည်း ဆိုပါတယ်။

အဲဒီ ကုမ္ပဏီကို ရန်ကုန်တိုင်းအစိုးရအဖွဲ့ လမ်းပန်းဆက်သွယ်ရေးဝန်ကြီးဒေါ်နီလာကျော်က ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်မှာဖြစ်ပြီး၊ ဦးသိမ်းဝေ ခေါ် Mr.Serge Pun က ဒုဥက္ကဋ္ဌအဖြစ် ဆောင်ရွက်မှာဖြစ်ပါတယ်။ ဒါရိုက်တာ အဖွဲ့ဝင်တွေအဖြစ် ရန်ကုန်တိုင်း အစိုးရအဖွဲ့ဝင် စိုက်ပျိုးရေးမွေးမြူရေး၊ သစ်တောနဲ့ စွမ်းအင်ဝန်ကြီး ဦးဟန်ထွန်းနဲ့ လွတ်လပ်တဲ့ ဒါရိုက်တာ အဖွဲ့ဝင်အဖြစ် စင်္ကာပူနိုင်ငံခြားရေးဝန်ကြီးဟောင်း မစ္စတာ ဂျော့ယိုး၊ ကုလသမဂ္ဂလုံခြုံရေး ကောင်စီညှိနှိုင်းရေးမှူးဟောင်း တယောက်ဖြစ်သူ ဦးထွန်းမြင့်တို့က ပါဝင်ဆောင်ရွက်မှာဖြစ်ပါတယ်။

========================
251 / End