၁ ဧပြီ ၂၀၁၈ - ၁၆:၁၄
သမ္မတ ဦးဝင်းမြင့် ငြိမ်းချမ်းရေးအတွက် စွမ်းဆောင်မှုအသစ်ဖြင့် ဆောင်ရွက်နိုင်ပါစေကြောင်း UWSA ဥက္ကဋ္ဌ ဆုတောင်းစာပို့

နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်အနေဖြင့် တာဝန်ထမ်း ဆောင်စဉ်ကာလအတွင်း နိုင်ငံ တော်၏ ငြိမ်းချမ်းရေးအတွက် စွမ်းဆောင်မှုအသစ်ဖြင့် ဆောင်ရွက် နိုင်ပါစေကြောင်း ‘၀’လက်နက် ကိုင်အဖွဲ့ (UWSA) ဥက္ကဋ္ဌ ဦးပေါက်ယူချန်က ဆုတောင်းစာ ပေးပို့သည်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ


 နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်အနေဖြင့် တာဝန်ထမ်း ဆောင်စဉ်ကာလအတွင်း နိုင်ငံ တော်၏ ငြိမ်းချမ်းရေးအတွက် စွမ်းဆောင်မှုအသစ်ဖြင့် ဆောင်ရွက် နိုင်ပါစေကြောင်း ‘၀’လက်နက် ကိုင်အဖွဲ့ (UWSA) ဥက္ကဋ္ဌ ဦးပေါက်ယူချန်က ဆုတောင်းစာ ပေးပို့သည်။

 ဦးဝင်းမြင့် သမ္မတအဖြစ် ရွေးချယ်တင်မြှောက်ခံရခြင်းကို ဂုဏ်ယူဝမ်းမြောက်ကြောင်း UWSA ဥက္ကဋ္ဌက မတ်လ ၃၀ ရက်စွဲဖြင့် ပေးပို့သည့်စာတွင် ထိုသို့ဆုတောင်းခြင်း ဖြစ်သည်။

UWSA ဥက္ကဋ္ဌ သ၀ဏ်လွှာကို အစိုးရထံပေးပို့ခဲ့သည်ဟု UWSA လားရှိုးမြို့ဆက်ဆံရေးရုံး ဒုတိယတာဝန်ခံ ဦးညီရန်းက မတ် လ ၃၁ ရက်တွင် ပြောကြားသည်။

အဆိုပါ UWSA ဥက္ကဋ္ဌ စာ တွင် ‘အဆွေတော်အနေဖြင့် တာ ၀န်ထမ်းဆောင်နေစဉ်ကာလအ တွင်း နိုင်ငံတော်၏ ငြိမ်းချမ်းရေး၊ စစ်မှန်သော ဒီမိုကရေစီဖော် ဆောင်ရေး၊ အမျိုးသားပြန်လည် သင့်မြတ်ရေး၊ တိုင်းရင်းသားအား လုံးစည်းလုံးညီညွတ်စွာ နေထိုင် ရေး၊ စီးပွားရေးသာယာဖွံ့ဖြိုးတိုး တက်ရေး၊ ပြည်သူပြည်သားများ အားလုံး ဘေးကင်းတည်ငြိမ်အေး ချမ်းစွာ နေထိုင်နိုင်ရေးစသည်တို့ အတွက် စွမ်းဆောင်မှုအသစ်များ သယ်ပိုးဆောင်ရွက်နိုင်ပါစေ ကြောင်း ဆုမွန်ကောင်းတောင်း အပ်ပါသည်’ဟု ဖော်ပြသည်။

ဦးပေါက်ယူချန်ဥက္ကဋ္ဌအဖြစ် တာဝန်ယူပြီး ‘၀’အဖွဲ့ (UWSA)၊ ကချင်အဖွဲ့ (KIO/KIA) ၊ မိုင်း လားအဖွဲ့ (NDAA) ၊ ရှမ်းအဖွဲ့ (SSPP) ၊ တအာင်းအဖွဲ့ (TNLA)၊ကိုးကန့်အဖွဲ့ (MNDAA) ၊ ရခိုင် အဖွဲ့ (AA) မြောက်ပိုင်းလက်နက်ကိုင် ခုနစ်ဖွဲ့ခေါင်းဆောင်များပါဝင်စုဖွဲ့ထားသော ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးညှိနှိုင်းရေးကော်မတီ (FPNCC) ကလည်း ဦးဝင်းမြင့်သမ္မတရွေးချယ်ခံရသည့် မတ်လ ၂၈ ရက်တွင် ကြေညာချက်ထုတ်ပြန်ထားရာ သမ္မတသစ်၏ ဦးဆောင်မှုအောက်၌ မြန်မာ့ငြိမ်းချမ်းရေးကို ဆောလျင်စွာ အကောင်အထည်ဖော်နိုင်ရန် မျှော်လင့်ကြောင်းဖော်ပြသည်။

တစ်နိုင်ငံလုံးပစ်ခတ်တိုက် ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA) လက်မှတ်မထိုးရသေး သည့် အဆိုပါမြောက်ပိုင်းလက် နက်ကိုင် ခုနစ်ဖွဲ့အနေဖြင့် လာ မည့် ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ-၂၁ ရာစုပင်လုံတတိယ အစည်းအဝေးတွင် အစိုးရ ဖိတ်ကြားပါက ခုနစ်ဖွဲ့စုပေါင်းတက် ရောက်မည်ဟု ကြေညာထားသည်။

UWSA အပါအ၀င် NCA မထိုးရသေးသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ NCA တွင် လက်မှတ်ထိုး၍ ငြိမ်းချမ်းရေးလုပ်  ငန်းစဉ်၌ ပါဝင်ရန် အစိုးရခေါင်းဆောင်များက တိုက်တွန်းထားသည်။

========================
251 / End