၂ ဧပြီ ၂၀၁၈ - ၁၆:၄၄
သမ္မတသစ် ခန့်အပ်မှု အဆင်ပြေချောမွေ့ခြင်းက ဒီမိုကရေစီရင့်ကျက်လာမှုကို ပြသရာရောက် နိုင်ငံတော်၏ စိန်ခေါ်မှုကြီးများကို စုပေါင်းအင်အားဖြ

လာမည့် မြန်မာ သက္ကရာဇ် ၁၃၈၀ အတွက် လက်ရှိအစိုးရသည် စုပေါင်းအင်အားကို အလေးထား၍ နိုင်ငံ၏စိန်ခေါ်မှု ကြီးများကို ကျော်ဖြတ်ရန် သန္နိ ဌာန်ချထားကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင် ဆန်းစုကြည်က ယမန်နေ့တွင် ပြောကြားသည်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

လာမည့် မြန်မာ သက္ကရာဇ် ၁၃၈၀ အတွက် လက်ရှိအစိုးရသည် စုပေါင်းအင်အားကို အလေးထား၍ နိုင်ငံ၏စိန်ခေါ်မှု ကြီးများကို ကျော်ဖြတ်ရန် သန္နိ ဌာန်ချထားကြောင်း နိုင်ငံတော်၏
အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင် ဆန်းစုကြည်က ယမန်နေ့တွင် ပြောကြားသည်။

နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်သည် ယမန်နေ့ (ဧပြီ ၁ ရက်) ည  ၈ နာရီသတင်းအပြီး၌ နိုင်ငံတော်အစိုးရ တာဝန်ထမ်းဆောင်မှု ၂ နှစ်ပြည့်မိန့်ခွန်းတွင် ယင်းသို့ထည့်သွင်းပြောကြားခြင်းဖြစ်သည်။

‘‘ကျွန်မတို့နိုင်ငံအတွက် အ လိုအပ်ဆုံးဖြစ်တဲ့ ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေး တည်ဆောက်ရာမှာ စုပေါင်းအင်အားဟာ အဓိကပါ။ တိုင်းရင်းသားများအကြား နှစ်ရှည်လများစွာ ဖြစ်ပွားလာခဲ့တဲ့ လက် နက်ကိုင်ပဋိပက္ခများ ငြိမ်းအေး စေဖို့ အပြန်အလှန်နားလည်မှု၊ အပြန်အလှန်လေးစားမှုက အ ခြေခံအုတ်မြစ်ပါ။ ဒီအုတ်မြစ်ကို စုပေါင်းအင်အားနဲ့ ခိုင်မာအောင် ဆောက်တည်နိုင်ပါတယ်။ ပြည် သူများက အစိုးရရဲ့ ငြိမ်းချမ်းရေး ကြိုးပမ်းမှုများကို ပံ့ပိုးကူညီပေး စေချင်ပါတယ်’’ ဟု ပြောသည်။

၁၀ မိနစ်နှင့် ၁၁ စက္ကန့်ကြာ အထက်ပါမိန့်ခွန်းတွင် စုပေါင်းအင်အားဟူသော စကားလုံးကိုခြောက်ကြိမ် ထည့်သွင်းသုံးနှုန်းခဲ့ သည်။

နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်သည် နိုင်ငံတော်သမ္မတ သစ်ဦးဝင်းမြင့်ကို ထောက်ခံဂုဏ် ပြုခဲ့ပြီး ရာထူးမှနုတ်ထွက်သွား သည့် သမ္မတဟောင်း ဦးထင် ကျော်ကို အထူးကျေးဇူးတင် ကြောင်း ပြောကြားခဲ့သည်။

‘‘နိုင်ငံ့တာဝန်များကို လက် ဆင့်ကမ်းရာမှာ လူဟောင်း၊ လူ သစ်နှစ်ဦး ဂုဏ်သိက္ခာရှိစွာ လုပ် ဆောင်ခြင်းဟာ ပြည်သူကိုလေး စားရာ၊ နိုင်ငံကို တန်ဖိုးထားရာ ရောက်တာကြောင့်ကျွန်မတို့အား လုံး နှစ်ထောင်းအားရဖြစ်ကြရပါ တယ်’’ ဟု ၎င်းက ဆိုသည်။

နိုင်ငံတော်သမ္မတသစ် ဦး ဝင်းမြင့်ကို ရွေးချယ်တင်မြှောက် ရာတွင် တရားဥပဒေနှင့်ကိုက်ညီ စွာ နိုင်ငံတော်အကျိုးဖြစ်စေရန် နှင့် ပြည်သူများ နှလုံးစိတ်ဝမ်း အေးချမ်းစေရန် အလေးထား ဆောင်ရွက်ခဲ့သည်ဟု နိုင်ငံတော် ၏ အတိုင်ပင်ခံပုဂ္ဂိုလ်ကဆိုသည်။

‘‘ယခုနှစ်ပြည်သူကို အစီရင် ခံရာမှာ အရေးကြီးဆုံးတင်ပြဆွေး နွေးရမယ့် ကိစ္စတစ်ရပ်ကတော့ ကျွန်မတို့နိုင်ငံတော် သမ္မတသစ် တင်မြှောက်ခဲ့ခြင်းပဲဖြစ်ပါတယ်။ ဒီမိုကရေစီစနစ်ကို တန်ဖိုးထားရ ခြင်းရဲ့ အကြောင်းရင်းတွေထဲမှာ နိုင်ငံရေးအပြောင်းအလဲတွေကို ပြည်သူပြည်သားများ မထိခိုက် စေဘဲ ချောမွေ့ညင်သာစွာ ဆောင်ရွက်နိုင်ခြင်းက အဓိကပါဝင်ပါတယ်’’ ဟု ၎င်းကပြောကြားသည်။

သမ္မတရာထူးမှ ဦးထင်ကျော် နုတ်ထွက်သည့် မတ်လ ၂၁ ရက်ကစ၍ အလုပ်ရက် ခုနစ်ရက်အတွင်း သမ္မတသစ် ရွေးချယ်တင်မြှောက်ခြင်းပြီးမြောက်စေရန် ပူးပေါင်းပါဝင်ခဲ့သည့်လွှတ်တော်ကိုယ်စားလှယ်များ၊ လွှတ်တော်ဝန်ထမ်းများနှင့် အခြားအစိုးရဌာနဝန်ထမ်းများကို ကျေးဇူးတင်ကြောင်း ပြောကြားသည်။

‘‘အချိန်တိုအတွင်း အရေး ကြီးကိစ္စရပ်များ အောင်မြင်စွာ ပြီးမြောက်အောင် ဆောင်ရွက်နိုင် ခြင်းက နိုင်ငံတော်ရဲ့ ရင့်ကျက် တည်ငြိမ်မှုကို ဖော်ဆောင်လိုက် ခြင်းပဲဖြစ်ပါတယ်။ တစ်ချိန်တည်း မှာပဲ ယခုနိုင်ငံတော်သမ္မတအ ဖြစ် ဦးဝင်းမြင့်ကို ရွေးချယ်တင် မြှောက်နိုင်ခြင်းဟာ ကျွန်မတို့ ဒီမို ကရေစီနိုင်ငံရေး ရင့်ကျက်တည် ငြိမ်လာမှုကို ရောင်ပြန်ဟပ်ပါ တယ်’’ ဟု၎င်းကဆိုသည်။

သမ္မတသစ် ဦးဝင်းမြင့်၏ ပထမဆုံးမိန့်ခွန်းတွင် ဒီချုပ်အစိုးရ ဦးစားပေးဆောင်ရွက်မည့် အချက်သုံးချက်ကို နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က ထပ်မံ ထောက်ခံပြောကြားပြီး သမ္မတမိန့်ခွန်းသည် အရေးကြီးသဖြင့် သေချာစွာ နားမထောင်ခဲ့ပါက ပြန်ဖတ်ရန် တိုက်တွန်းသည်။

လာမည့်နှစ်အတွင်း ပြည်သူ ပြည်သားများအတွက် အမှန်တ ကယ်အကျိုးဖြစ်စေမည့် ဆောင် ရွက်မှုများကို ထပ်မံသတ်မှတ်၍ နှစ်သစ်ကူးချိန်တွင် ချပြမည်ဖြစ် ကြောင်းလည်း ပြောကြားသည်။

‘‘အစုအဖွဲ့၊ ဂိုဏ်းဂဏစိတ် တွေကို ဖယ်ရှားပြီး၊ နိုင်ငံနဲ့ ပြည် သူများ အကျိုးသယ်ပိုးရာမှာ မည် သူကိုမျှ လက်ညှိုးမထိုး၊ မိမိရဲ့ စေတနာ၊ ပညာ၊ သတ္တိတွေကို သာ လူတိုင်းလူတိုင်း အထွတ်အ ထိပ်ရောက်အောင် ကြိုးစား ဆောင်ရွက်မယ်ဆိုရင် ဘယ်လို ကြီးမား ခက်ခဲတဲ့စိန်ခေါ်မှုပဲဖြစ် စေ ကျော်လွှားနိုင်မယ်လို့ ခိုင်မာ စွာ ယုံကြည်ပါတယ်’’ ဟု ပြော သည်။

ထို့အပြင် နိုင်ငံတော်၏ အ တိုင်ပင်ခံပုဂ္ဂိုလ်က လွတ်လပ်ရေး ဖခင်ကြီးများ မျှော်မှန်းခဲ့သည့် တ ရားမျှတမှုနှင့် လွတ်လပ်သည့် နိုင်ငံ၊ လူခပ်သိမ်းငြိမ်းချမ်းစေဖို့ ခွင့်တူညီမျှမှု အာမခံမည့် ဖြူစင်သည့်ဝါဒ ကျင့်သုံးသည့် နိုင်ငံဖြစ်ရန် စုပေါင်းအင်အားဖြင့် ဆောင်ရွက်ကြပါစို့ဟု တိုက်တွန်းသည်။

ဆက်လက်၍ ဒေါ်အောင် ဆန်းစုကြည်က ‘‘ကမ္ဘာက အာရုံ စိုက်နေတဲ့ ရခိုင်ပြည်နယ်မှာသာမ က ကျွန်မတို့နိုင်ငံတစ်ဝန်းမှာ အားလုံးရုပ်ပိုင်း၊ စိတ်ပိုင်းလုံခြုံ၊ အေးချမ်းစွာ ဖွံ့ဖြိုးတိုးတက်နိုင်ဖို့ စုပေါင်းအင်အားနဲ့ ကြိုးစားကြပါ စို့’’ ဟု တိုက်တွန်းသည်။

 မိန့်ခွန်းနောက်ပိုင်းတွင် အစိုးရ၏ နိုင်ငံအတွက် ကြိုးပမ်းဆောင်ရွက်မှုများ အောင်မြင်စေရန် ပူးပေါင်းကူညီပေးခဲ့၊ ပေးနေဆဲဖြစ်သည့် ပြည်တွင်း၊ ပြည်ပမှမိတ်ဆွေများ၊ အဖွဲ့အစည်းများ၊ စီးပွားရေးလုပ်ငန်းရှင်များ၊ အသိပညာရှင်၊ အတတ်ပညာရှင်များ အားလုံးနှင့် အထူးသဖြင့် နားလည်မှု၊ စာနာမှုဖြင့် ထောက်ခံအားပေးကြသည့် ပြည်သူ ပြည်သားများအားလုံးကို ကျေးဇူးတင်ကြောင်းလည်း ပြောသည်။

‘‘ကျွန်မတို့လွတ်လပ်ရေးဖ ခင်ကြီးများရဲ့ အိပ်မက်၊ ကျွန်မတို့ ပြည်သူတွေရဲ့ လိုအပ်ချက်ဖြစ်တဲ့ ငြိမ်းချမ်းတိုးတက် သာယာတဲ့၊ စစ်မှန်တဲ့ ဒီမိုကရေစီ ဖက်ဒရယ် ပြည်ထောင်စုကြီးကို မနှေးမမြန် စုပေါင်းအင်အားနဲ့ အကောင်အ ထည်ဖော်နိုင်ကြပါစေလို့ ဆု တောင်းမေတ္တာ ပို့သလိုက်ပါ တယ်’’ ဟု ဒေါ်အောင်ဆန်းစု ကြည်က ပြောသည်။

ဒေါ်အောင်ဆန်းစုကြည် ထပ်ကာထပ်ကာ သုံးနှုန်းခဲ့သည့် ‘စုပေါင်းအင်အား’ ၏ အဓိပ္ပာယ် တွင် ပြည်သူများ၊ တပ်မတော်၊ တိုင်းရင်းသားများ၊ နိုင်ငံရေးပါ တီများ၊ အရပ်ဘက်အဖွဲ့အစည်း များ အားလုံးကို ပြောသည်ဟု ခံစားမိကြောင်း မြန်မာ့နိုင်ငံရေး လေ့လာစောင့်ကြည့်သူ ဦးဇေယျ သူက မှတ်ချက်ပြုသည်။

‘‘မိန့်ခွန်းကတော့ ကျွန်တော် နားလည်တာကတော့ သမ္မတအ သစ်ကို သူထောက်ခံလိုက်တာ ပေါ့။ သမ္မတသစ်နောက်က သူ ၀င်ရပ်လိုက်တာ။ သမ္မတသစ်မူ ၀ါဒက နိုင်ငံတော်အစိုးရရဲ့ မူဝါဒ ဆိုပြီးတော့ သူကအဲဒီလိုပြော တယ်။ ပြီးတော့ သူ့ဘာသူ ထပ် မပြောဘဲ သမ္မတမိန့်ခွန်းကို ဖတ် ကြည့်ပါ၊ အရေးကြီးတယ်ဆိုပြီး ပြောသွားတယ်။ ဒါကတော့သူက သမ္မတအသစ်ကို နောက်ကနေ ၀င်ရပ်လိုက်ပါတယ်။ အဲဒါက အ ရေးကြီးပါတယ်’’ ဟု ဦးဇေယျသူ ကပြောသည်။

မြန်မာ့နိုင်ငံရေး လေ့လာ စောင့်ကြည့်သူ ဦးမင်းတင်က ဒေါ်အောင်ဆန်းစုကြည်၏  မိန့် ခွန်းတွင် အဓိကအကြောင်းအရာ ရှစ်ခုကို ပြောကြားခဲ့သည်ဟု ယူ ဆကြောင်း၊ မူဝါဒချမှတ်ခြင်းနှင့် အကောင်အထည်ဖော်ခြင်းတို့ အကြားကွာဟပါက အပြောင်း အလဲသည် အချိန်ကြာမြင့်နိုင် ကြောင်း သုံးသပ်သည်။

‘‘ကျွန်တော်မြင်တာကတော့  လူမှုစီးပွားပိုင်းမှာလည်း စီးပွား ရေးပညာရှင်တွေ၊ လူငယ်တွေ၊ စသဖြင့် ထည့်ပြောသွားတယ်ဆို  တော့နောက်ပါတီထဲက မျိုးဆက် သစ်တွေဆိုတော့ နိုင်ငံတွင်းသာ မက အဝေးရောက်နိုင်ငံသူ၊ နိုင်ငံ သားတွေပါပြောသွားတယ်။ အဲဒါ ကအားလုံးအတူတူ အတူတကွ ဖြစ်စေချင်တယ်ဆိုတဲ့ သဘော ထားမြင်ရတယ်။ ပထမနှစ်အပြီး မှာပြောတဲ့ ပြည်သူနှင့်အတူဆို တဲ့ စကားလုံးထက် စုပေါင်းအင် အားဆိုတဲ့ စကားလုံးက ပိုကျယ်  ပြန့်သွားတယ်ပေါ့ဗျာ’’ ဟု ဦးမင်း တင်ကမှတ်ချက်ပြုသည်။
 
========================
251 / End