၃ ဧပြီ ၂၀၁၈ - ၁၅:၀၃
ဒေါ်အောင်ဆန်းစုကြည်နှင့် ရခိုင်ပြည်နယ်ဆိုင်ရာ အကောင်အထည်ဖော်ရေး ကော်မတီအကြံပေးအဖွဲ့ ဒုတိယအကြိမ်တွေ့ဆုံ

နိုင်ငံတော်၏အတိုင်ပင် ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် သည် ရခိုင်ပြည်နယ်ဆိုင်ရာ အ ကြံပြုချက်များအပေါ် အကောင် အထည်ဖော် ဆောင်ရွက်ရေး ကော်မတီ၏ အကြံပေးအဖွဲ့အား ဧပြီ ၂ ရက်တွင် နေပြည်တော်၌ လက်ခံတွေ့ဆုံခဲ့သည်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ


 နိုင်ငံတော်၏အတိုင်ပင် ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် သည် ရခိုင်ပြည်နယ်ဆိုင်ရာ အ ကြံပြုချက်များအပေါ် အကောင် အထည်ဖော် ဆောင်ရွက်ရေး ကော်မတီ၏ အကြံပေးအဖွဲ့အား ဧပြီ ၂ ရက်တွင် နေပြည်တော်၌ လက်ခံတွေ့ဆုံခဲ့သည်။

 ယင်းတွေ့ဆုံပွဲတွင် အကြံ ပေးအဖွဲ့က ၎င်းတို့၏ လုပ်ငန်းစဉ်များ ဆောင်ရွက်ထားရှိမှု အခြေ အနေများနှင့် ဆက်လက်ဆောင် ရွက်မည့် ကိစ္စရပ်များကို ဒေါ် အောင်ဆန်းစုကြည်ထံ တင်ပြကာ ယင်းတင်ပြချက်များအပေါ် အ ပြန်အလှန် ဆွေးနွေးခဲ့ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ် ပြန်သည်။

အဆိုပါတွေ့ဆုံမှုသည် နိုင်ငံ တော်၏အတိုင်ပင်ခံပုဂ္ဂိုလ်၊ နိုင်ငံ ခြားရေးဝန်ကြီးဌာန ပြည်ထောင် စုဝန်ကြီး ဒေါ်အောင်ဆန်းစုကြည် နှင့် အကြံပေးအဖွဲ့တို့အကြား ဒုတိယအကြိမ် တွေ့ဆုံမှုဖြစ်သည်။

ယင်းတွေ့ဆုံပွဲသို့ ပြည် ထောင်စု အစိုးရအဖွဲ့ရုံးဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဦး သောင်းထွန်း၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချ ထားရေးဝန်ကြီးဌာန ပြည်ထောင် စုဝန်ကြီး ဒေါက်တာဝင်းမြတ် အေး၊ အပြည်ပြည်ဆိုင်ရာ ပူး ပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော် တင်အပါအဝင် အခြားဌာနဆိုင် ရာများမှ တာဝန်ရှိသူများ တက် ရောက်ခဲ့သည်။

ရခိုင်ပြည်နယ်ဆိုင်ရာ အကြံ ပြုချက်များအပေါ် အကောင်အ ထည်ဖော် ဆောင်ရွက်ရေး ကော် မတီ၏ အကြံပေးအဖွဲ့ကို ဥက္ကဋ္ဌ အဖြစ် ထိုင်းနိုင်ငံ နိုင်ငံခြားရေး ဝန်ကြီးဟောင်း Dr. Surakiart Sathirathai အပါအဝင် ပြည်ပ ပညာရှင်ငါးဦး၊ ပြည်တွင်းပညာ ရှင်ငါးဦး စုစုပေါင်းအဖွဲ့ဝင် ၁၀ ဦးဖြင့် ၂၀၁၇ ဒီဇင်ဘာ ၁၄ ရက် တွင် ဖွဲစည်းခဲ့သည်။

ယင်းအကြံပေးအဖွဲ့ကို ရခိုင် ပြည်နယ်ဆိုင်ရာ ကော်မရှင်များ ၏ အကြံပြုချက်များ အကောင် အထည်ဖော် ဆောင်ရွက်ရာတွင် ထိထိရောက်ရောက် ဆောင်ရွက်နိုင်ရေး လိုအပ်သော အကြံဉာဏ်များ ရယူနိုင်ရန် ဖွဲ့စည်းခြင်းဖြစ်သည်။

========================
251 / End