၂၈ ဧပြီ ၂၀၁၈ - ၁၆:၃၀
သမ္မတဦးဝင်းမြင့် အာဆီယံခေါင်းဆောင်သုံးဦးနှင့် သီးခြားစီတွေ့ဆုံဆွေးနွေး ယနေ့မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိမည်

နိုင်ငံတော်သမ္မတဦးဝင်းမြင့်သည် ယမန်နေ့တွင်ကျင်းပသော အာဆီယံမျက်နှာစုံညီထိပ်သီးအစည်းအဝေးသို့ တက်ရောက်ပြီး အာဆီယံအဖွဲ့ဝင် နိုင်ငံ့ခေါင်းဆောင်သုံးဦးနှင့် သီးခြားစီတွေ့ဆုံခဲ့ကြောင်း သမ္မတရုံးက သတင်းထုတ်ပြန်သည်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

 နိုင်ငံတော်သမ္မတဦးဝင်းမြင့်သည် ယမန်နေ့တွင်ကျင်းပသော အာဆီယံမျက်နှာစုံညီထိပ်သီးအစည်းအဝေးသို့ တက်ရောက်ပြီး အာဆီယံအဖွဲ့ဝင် နိုင်ငံ့ခေါင်းဆောင်သုံးဦးနှင့် သီးခြားစီတွေ့ဆုံခဲ့ကြောင်း သမ္မတရုံးက သတင်းထုတ်ပြန်သည်။

(၃၂) ကြိမ်မြောက် အာဆီယံ ထိပ်သီးအစည်းအဝေး တက် ရောက်ရန် စင်ကာပူသို့ရောက်ရှိ နေသည့် သမ္မတဦးဝင်းမြင့်သည် စင်ကာပူဝန်ကြီးချုပ်၊ လာအိုဝန် ကြီးချုပ်နှင့် အင်ဒိုနီးရှားသမ္မတတို့ နှင့် သီးခြားစီတွေ့ဆုံပြီး ယင်း နိုင်ငံများနှင့်   ဆက်ဆံရေး၊   ပူး ပေါင်း ဆောင်ရွက်မှုတိုးမြှင့်ရေး တို့ကို ဆွေးနွေးခဲ့ကြောင်း ထုတ် ပြန်ချက်တွင် ဖော်ပြသည်။

သမ္မတဦးဝင်းမြင့်နှင့် စင် ကာပူဝန်ကြီးချုပ်လီရှန်လွန်းတို့ တွေ့ဆုံစဉ် နှစ်နိုင်ငံအကြားကုန် သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှု တိုးမြှင့် နိုင်ရေး၊ စင်ကာပူနိုင်ငံက မြန်မာ နိုင်ငံ၏ လူ့စွမ်းအားအရင်းအမြစ် နှင့် အသက်မွေးဝမ်းကြောင်း ပညာရပ်များ ဖွံ့ဖြိုးတိုးတက်ရေး ကဏ္ဍတွင် ဆက်လက်အကူအညီ ပေးအပ်သွားရေး၊ ရခိုင်ပြည်နယ် အရေးကိစ္စနှင့်ပတ်သက်၍ လူ သားချင်းစာနာမှု အကူအညီများ ပေးအပ်ရေးကိစ္စရပ်များအပေါ် ဆွေးနွေးခဲ့သည်ဟု ဆိုသည်။

ဆက်လက်၍ နိုင်ငံတော် သမ္မတသည် လာအိုဝန်ကြီးချုပ် နှင့် တွေ့ဆုံစဉ် နှစ်နိုင်ငံအကြား ချစ်ကြည်ရင်းနှီးမှုရှိသည့် ဆက် ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်မှု ဆက်လက်တိုးမြှင့်နိုင်ရေးနှင့် နိုင်ငံတော်သမ္မတအား နှစ်ဖက်အဆင် ပြေသည့်အချိန်တွင် လာရောက် ရေး စသည်တို့ကို ဆွေးနွေးခဲ့သည် ဟု ထုတ်ပြန်ချက်တွင် ပါရှိသည်။

ယင်းနောက် သမ္မတဦးဝင်း မြင့်သည် အင်ဒိုနီးရှားသမ္မတဂျို ကိုဝီဒိုဒိုနှင့်တွေ့ဆုံစဉ် ရခိုင်ပြည် နယ်အရေးကိစ္စနှင့် ပတ်သက်၍ လူသားချင်းစာနာထောက်ထားမှု အကူအညီများ ပေးအပ်ရေး၊ ၂၀၁၈ အောက်တိုဘာတွင် အင်ဒို နီးရှားနိုင်ငံ ဘာလီမြို့၌ ကမ္ဘာ့ ဘဏ်နှင့် အပြည်ပြည်ဆိုင်ရာ ငွေ ကြေးရန်ပုံငွေအဖွဲ့တို့၏ နှစ်ပတ် လည်အစည်းအဝေးများနှင့် ဆက် စပ်ကျင်းပပြုလုပ်မည့် အာဆီယံ ခေါင်းဆောင်များ၏ တွေ့ဆုံပွဲသို့ မြန်မာနိုင်ငံမှ တက်ရောက်ရေး ကိစ္စရပ်များကို ဆွေးနွေးခဲ့ ကြောင်း ထုတ်ပြန်ချက်တွင် ဆက် လက်ဖော်ပြသည်။

ထို့အပြင် အာဆီယံမျက်နှာ စုံညီ ထိပ်သီးအစည်းအဝေး၌ နိုင်ငံတော်သမ္မတဦးဝင်းမြင့်က ကြံ့ ခိုင်နိုင်စွမ်းရှိပြီး တီထွင်ဆန်းသစ် သော အာဆီယံတည်ဆောက် ခြင်းခေါင်းစဉ်အောက်တွင် ပါဝင် ဆွေးနွေး ပြောကြားခဲ့သည်ဟု သမ္မတရုံးက သတင်းထုတ်ပြန် သည်။

ယမန်နေ့တွင် သမ္မတဦးဝင်း မြင့်သည် အိမ်ရှင်စင်ကာပူဝန်ကြီး ချုပ်က တည်ခင်းဧည့်ခံသော အ လုပ်သဘော ညစာစားပွဲသို့ အာ ဆီယံခေါင်းဆောင်များနှင့်အတူ တက်ရောက်ခဲ့သည်။

  နိုင်ငံတော်သမ္မတသည် ယနေ့ (ဧပြီ ၂၈ ရက်) ဆက်လက် ကျင်းပမည့် အာဆီယံထိပ်သီးအ စည်းအဝေးများသို့ တက်ရောက် မည်ဖြစ်ပြီး နေ့ချင်းပင် မြန်မာ နိုင်ငံသို့ ပြန်လည်ရောက်ရှိမည် ဖြစ်သည်။

========================
251 / End