၃ မေ ၂၀၁၈ - ၁၄:၁၂
ရခိုင်ပြည်နယ်ရှိ ရေရှားပါးသော ကျေးရွာများ ရေရရှိရေး ဦးစားပေးဆောင်ရွက်နေ

ရခိုင်ပြည်နယ်ရှိ ရေရှားပါးသော ကျေးရွာများ ရေ ရရှိရေး ဦးစားပေးဆောင်ရွက်နေ သဖြင့် တဖြည်းဖြည်း လျော့ကျ လာကြောင်း ရခိုင်ပြည်နယ် ကျေး လက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးဇေယျာဇော်မျိုးက ပြောသည်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ


ရခိုင်ပြည်နယ်ရှိ ရေရှားပါးသော ကျေးရွာများ ရေ ရရှိရေး ဦးစားပေးဆောင်ရွက်နေ သဖြင့် တဖြည်းဖြည်း လျော့ကျ လာကြောင်း ရခိုင်ပြည်နယ် ကျေး လက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးဇေယျာဇော်မျိုးက ပြောသည်။

ရေရှားပါးသည့် ကျေးရွာ များကို စာရင်းကောက်ယူကာ ရေတွင်း၊ ရေကန်တူးဖော်နေကြောင်း ၎င်းက ဆိုသည်။


  ‘‘ရေရှားပါး ပြတ်လပ်တဲ့ ကျေးရွာတွေကို စာရင်းပြုစုပြီး တော့  ကျေးလက်ဦးစီးဌာနရဲ့ ဘတ်ဂျက်နဲ့ ဦးစားပေးလျာထား ပါတယ်။ ဒါကြောင့် ၂၀၁၇ မှာ ၂၀၁၆ ထက် ထက်ဝက်လောက် လျော့ကျခဲ့ပါတယ်’’ဟု ဦးဇေယျာ ဇော်မျိုးက ပြောသည်။

၂၀၁၇ နွေရာသီက ရခိုင် ပြည်နယ်၌ ရေရှားပါးပြတ်လပ် သည့် ကျေးရွာ ၅၀ ကျော် ရှိပြီး ယခုနှစ်တွင် စစ်တွေနှင့် ပုဏ္ဏားကျွန်းမြို့နယ်မှ ကျေးရွာနှစ်ရွာသာ ရှိသေးကြောင်း ဆိုသည်။

ရခိုင်ပြည်နယ်တွင် ဧပြီလ ကုန်က စ၍ ရေရှားပါးမှုကြုံတွေ့ရ တတ်ပြီး မိုးရွာသွန်းမှုနောက်ကျ လျှင် နောက်ကျသည့်အချိန်ထိ ရေရှားပါးကာ မိုးရွာသွန်းမှုစောပါ က ရေရှားပါးသည့် ကာလတို တောင်းကြောင်း ဒေသခံများက ပြောသည်။

ရခိုင်ပြည်နယ်ရှိ ကျေးရွာအများစုသည် သောက်သုံးရေများကို ရေတွင်း၊ ရေကန်၊ စမ်းရေနှင့် အဝီစိရေမှ အများဆုံး ရယူသုံးစွဲ သည်။

========================
251 / End