အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
ရန်ကုန်၊ မေလ ၁၂ ။ ။ ရန်ကုန်မြို့၊ တာမွေမြို့နယ်တွင် ယနေ့ မေလ ၁၂ ရက် ညနေပိုင်းက စစ်ပွဲများရပ်ရန် ဟူသော ဆန္ဒပြပွဲကို ရဲတပ်ဖွဲ့မှ ဝင်ရောက်လူစုခွဲဖမ်းဆီးခဲ့ရာ မသဉ္စာရွှန်းလဲ့ရည်၊ မရှားယမုံ၊ မောင်ဆောင်းခ တို့ အပါအဝင် ၅ ဦး လွတ်မြောက်ခဲ့ကြောင်း သိရသည်။
"ကျွန်တော်တို့ဒီဘက်ကမှာ စာရင်းပြုစုနေတာတက်လာတာက ပထမရုတ်တရက်က အယောက် ၂၀ လောက်ထွက်လာပြီ။ ကျွန်တော်တို့က အယောက် ၂၀ လောက်ဖြစ်သွားပြီ။ ပြန်လွတ်တာတွေတော့ရှိပါတယ်။ တာမွေစခန်းနဲ့ ရန်ကင်းစခန်းတို့ကိုပေါ့နော်။ အဲဒါတွေက Update ကအပြောင်းအလဲဖြစ်နေတော့ လောလောဆယ် ၅ ယောက်လောက်ကပြန်လွတ်လာတာရှိတယ်ပေါ့နော်။" ဟု နိုင်ငံရေးလှုပ်ရှားသူ ကိုအောင်ဇော် ပြောသည်။
ဖမ်းဆီးခံရသူများကို ရန်ကင်းမြို့နယ်ရဲစခန်းနှင့် တာမွေမြို့နယ်ရဲစခန်းများတွင် ဖမ်းဆီးထားသည်ဟုလည်း သိရသည်။
========================
251 / End
၁၃ မေ ၂၀၁၈ - ၁၇:၀၁
News ID: 893308