အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
အမျိုးသားဒီမို ကရေစီအဖွဲ့ချုပ်ပါတီကိုမဲထည့် ရန် ကျောင်းသားငယ်များအား လှုံ့ဆော်ခဲ့သောဆရာမကို ၀န် ထမ်းစည်းကမ်းများအရ အရေး ယူမည်ဖြစ်ကြောင်း ပညာရေးဝန် ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက ပြော သည်။
ပြီးခဲ့သည့် ရက်ပိုင်းတွင် ‘NLD ကိုမဲထည့်’ ဟူသော ခေါင်း စဉ်ဖြင့်ဆရာမက ရှေ့မှရွတ်ဆို တိုင်ကြားသည်ကို အဖြူ၊ အစိမ်း ၀တ် ကျောင်းသားငယ်လေးများ ကရွတ်ဆိုနေသည့် ရုပ်သံဗီဒီယို လူမှုကွန်ရက်ပေါ်တွင် ပျံ့နှံ့ခဲ့သည်။
ယင်းကိစ္စနှင့် ပတ်သက်၍ ၀န်ကြီးဌာနမှ မည်သို့ဆောင်ရွက် မည်ကို မေးမြန်းသည့်အပေါ် ‘‘ဒီဟာတွေသည် ကြည့်လိုက်တဲ့ အခါမှာဝန်ထမ်းကျင့်ဝတ်အရ၊ ၀န်ထမ်းဥပဒေအရ မလိုက်နာဘူး ဆိုရင်တော့ ဒါသည် သူ့ရဲ့လုပ်ထုံး လုပ်နည်း၊စည်းမျဉ်းစည်းကမ်းအ ရ ကျွန်တော်တို့ အရေးယူဆောင် ရွက်သွားရမှာဖြစ်ပါတယ်’’ ဟု မေလ ၂၁ရက်ကအစိုးရ ၂နှစ်တာ ဆောင်ရွက်မှုများနှင့် ပတ်သက် သော သတင်းစာရှင်းလင်းပွဲတွင် ၀န်ကြီးကပြောကြားသည်။
ထိုအပြင် ဆရာ၊ ဆရာမ များ၊ ပညာရေးအရာထမ်း၊ အမှုထမ်းများအနေဖြင့် ယင်းကဲ့ သို့ ဆောင်ရွက်ခြင်းမပြုမိစေရန် အသိပေး ဆောင်ရွက်မည်ဟု ၎င်းကဆိုသည်။
အဆိုပါရုပ်သံဖိုင်သည် တစ် မိနစ် ၁၂စက္ကန့် ကြာမြင့်ပြီး ‘‘ရွေးကောက်ပွဲနီးလာပြီ။ ဘယ် ပါတီပေးပေး ကျွန်မတို့အချိန် ကြာစောင့်မနေနဲ့။ NLD ကို မဲထည့်’’ ဟု အစချီကာ ဆရာ မက ရှေ့မှတိုင်ကြားပေးသည်ကို ကလေးငယ်များက နောက်မှ လိုက်ဆိုနေသည်ကို တွေ့ရသည်။
နိုင်ငံ့ဝန်ထမ်းဥပဒေ တာဝန် နှင့်အခွင့်အရေးများကို အသေး စိတ်ပြဋ္ဌာန်းထားသော အခန်း (၄) အပိုဒ်၁၀(ဆ)တွင် ပါတီနိုင်ငံရေး ကင်းရှင်းရမည်ဟု ဖော်ပြထား သည်။
ယင်းဆောင်ရွက်မှုများနှင့် ပတ်သက်၍ နိုင်ငံ့ဝန်ထမ်းဥပဒေ အပိုဒ် ၃၈တွင်ဝန်ထမ်းကျင့်ဝတ် ပျက်ယွင်းမှု၊ စည်းကမ်းဖောက် ဖျက်မှုနှင့် တာဝန်ပျက်ကွက်မှုတို့ အတွက် ၀န်ထမ်းစည်းကမ်းထိန်း သိမ်းရေးဆိုင်ရာဥပဒေ၊ နည်းဥ ပဒေ စည်းမျဉ်းစည်းကမ်းများနှင့် အညီအရေးယူနိုင်ကြောင်း ဖော် ပြထားသည်။
=======================
251 / End
၂၂ မေ ၂၀၁၈ - ၁၆:၄၇
News ID: 894539
အမျိုးသားဒီမို ကရေစီအဖွဲ့ချုပ်ပါတီကိုမဲထည့် ရန် ကျောင်းသားငယ်များအား လှုံ့ဆော်ခဲ့သောဆရာမကို ၀န် ထမ်းစည်းကမ်းများအရ အရေး ယူမည်ဖြစ်ကြောင်း ပညာရေးဝန် ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက ပြော သည်။