၂၅ မေ ၂၀၁၈ - ၁၇:၅၅
မြန်မာ့ပထမဆုံးဝန်ကြီးချုပ် ဦးနု အမှတ်တရပြခန်း ဖွင့်လှစ်

မြန်မာနိုင်ငံရဲ့ ပထမဆုံးဝန်ကြီးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့တဲ့ ဦးနုရဲ့ မေလ ၂၅ ရက်မှာ ကျရောက်တဲ့ အသက် ၁၁၁ နှစ်ပြည့် အထိမ်းအမှတ်အဖြစ် ဦးနု ပြခန်းကို မေလ ၂၅ ရက်နေ့က ရန်ကုန်မှာ ဖွင့်လှစ်လိုက်ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ


မြန်မာနိုင်ငံရဲ့ ပထမဆုံးဝန်ကြီးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့တဲ့ ဦးနုရဲ့ မေလ ၂၅ ရက်မှာ ကျရောက်တဲ့ အသက် ၁၁၁ နှစ်ပြည့် အထိမ်းအမှတ်အဖြစ် ဦးနု ပြခန်းကို မေလ ၂၅ ရက်နေ့က ရန်ကုန်မှာ ဖွင့်လှစ်လိုက်ပါတယ်။

ပြခန်းဖွင့်ပွဲကိုတော့ အမှတ် ၄၂၊  ပြည်ထောင်စုလမ်းသွယ်၊ ဗဟန်းမြို့နယ်မှာရှိတဲ့ ဦးနု ကွယ်လွန်ချိန်အထိ နေထိုင်ခဲ့တဲ့ နေအိမ်မှာ ဖွင့်လှစ်ထားပြီး ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦဖြိုးမင်းသိန်း တက်ရောက်ဖွင့်လှစ်ပေးခဲ့ပါတယ်။

အဲဒီပြခန်းမှာတော့ ဦးနု အသုံးပြုခဲ့တဲ့ အသုံးအဆောင် ပစ္စည်းတွေနဲ့ ဦးနုရဲ့သမိုင်းဝင် ဓာတ်ပုံပေါင်း ၁၀၀၀ ကျော် ပြသထားတဲ့အပြင် ဦးနု ရေးသားခဲ့တဲ့ စာအုပ်တွေလည်း ပြသထားပါတယ်။

အများပြည်သူတွေကို လာရောက်လေ့လာခွင့်ပြုထားပြီး ပြခန်းကို လာလေ့လာမယ်ဆိုရင် ကြိုတင်ဖုန်းဆက် အကြောင်းကြားရမှာ ဖြစ်ပါတယ်။ ဝင်ကြေးအနေနဲ့ကတော့ အခမဲ့ လေ့လာခွင့်ရမှာလည်း ဖြစ်ပါတယ်။

ဦးနုဟာ မြန်မာပြည် လွတ်လပ်ရေးရတဲ့ ၁၉၄၈ ခုနှစ် ဇန်နဝါရီ ၄ ရက်ကနေ ၁၉၅၆ ခုနှစ် ဇွန် ၁၂ ရက်ထိ ဝန်ကြီးချုပ်တာဝန် ထမ်းဆောင်ခဲ့ပြီး ၁၉၉၅ ခုနှစ် ဖေဖော်ဝါရီ ၁၄ ရက်မှာ ကွယ်လွန်ခဲ့တာ ဖြစ်ပါတယ်။

=======================
251 / End