အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
အကြိမ် ၂၀ မြောက် မြန်မာ-ထိုင်း နှစ်နိုင်ငံ မူးယစ်ဆေးဝါးထိန်းချုပ်ရေး ပူးပေါင်း ဆောင်ရွက်မှု ဆွေးနွေးပွဲကို ဒီနေ့မနက်ပိုင်းက တောင်ကြီးမြို့၊ Royal Taunggyi Hotel မှာ ကျင်းပခဲ့တာပါတယ်။
မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ်တားဆီးကာကွယ်ရေး ဗဟိုအဖွဲ့ အတွင်းရေးမှူး၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ်၊ ရဲချုပ် အောင်ဝင်းဦး ခေါင်းဆောင်တဲ့ အဖွဲ့ဝင် ၂၀ နဲ့ ထိုင်းနိုင်ငံ၊ မူးယစ်ဆေးဝါးထိန်းချုပ်ရေးအဖွဲ့ (ONCB) Secretary General Mr. Sirinya Sitdhichai ခေါင်းဆောင်တဲ့ ကိုယ်စားလှယ် ၁၈ ဦးတို့ တက်ရောက် ဆွေးနွေးခဲ့ကြပါတယ်။
ဆွေးနွေးပွဲမှာ လက်ရှိ မူးယစ်ဆေးဝါး ပြဿနာရပ်များ အခြေအနေနဲ့ (၁၉) ကြိမ်မြောက် အစည်းအဝေးဆုံးဖြတ်ချက်များအပေါ် အကောင်အထည်ဖော် ဆောင်ရွက်မှုတွေ ပြန်လည်ဆန်းစစ်တာ၊ တားဆီးနှိမ်နင်းရေးဆောင်ရွက်မှုတွေ၊ ပရီကာဆာထိန်းချုပ်ရေး ဆောင်ရွက်မှုတွေ၊ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးသင်တန်း၊ ကုသရေးနဲ့ ပြန်လည် ထူထောင်ရေး စီမံခန့်ခွဲမှု ပြန်လည်ဆန်းစစ်ခြင်းတွေ ဆွေးနွေးခဲ့ကြပြီး အစည်းအဝေးကို ဇွန် ၄ ရက်နေ့ထိ ကျင်းပမယ်လို့ သိရပါတယ်။
=======================
251 / End
၃ ဇွန် ၂၀၁၈ - ၁၈:၁၃
News ID: 896156
အကြိမ် ၂၀ မြောက် မြန်မာ-ထိုင်း နှစ်နိုင်ငံ မူးယစ်ဆေးဝါးထိန်းချုပ်ရေး ပူးပေါင်း ဆောင်ရွက်မှု ဆွေးနွေးပွဲကို ဒီနေ့မနက်ပိုင်းက တောင်ကြီးမြို့၊ Royal Taunggyi Hotel မှာ ကျင်းပခဲ့တာပါတယ်။