အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
ရန်ကုန်တိုင်းအစိုးရအဖွဲ့ကို ခွင့်ပြုခဲ့တဲ့ ကျပ်သန်းပေါင်း တသိန်းခွဲလောက်နဲ့ ပတ်သက်ပြီး လာမယ့် စာရင်းစစ် အစီရင်ခံစာမှာ ထည့်သွင်းဖော်ပြဖို့ လွှတ်တော်က အတည်ပြုလိုက်ပါတယ်။
မေလ ၂၅ ရက် ရန်ကုန်တိုင်းလွှတ်တော် အစည်းအဝေးမှာ လွှတ်တော်ကိုယ်စားလှယ် ဒေါ်စန္ဒာမင်းက တင်သွင်းခဲ့တဲ့ အဆိုကို မနေ့က အတည်ပြုလိုက်တာ ဖြစ်ပါတယ်။
၂၀၁၆-၁၇ ခုနှစ်၊ ဖြည့်စွက်ဘဏ္ဍာရန်ပုံငွေမှာ ရန်ကုန်တိုင်း အစိုးရအဖွဲ့ကနေ City Bank မှာ ရင်းနှီးမြှုပ်နှံငွေအဖြစ် ကျပ်သန်းပေါင်း ၆၄၀၀၀ (၆၄ ဘီလီယံ)၊ ခရီးသည်တင် မော်တော်ယာဉ် သယ်ယူပို့ဆောင်ရေးအများပိုင်ကုမ္ပဏီတွေမှာ ကျပ်သန်းပေါင်း ၇၀၀၀၀ (၇၀ ဘီလီယံ) ထည့်ဝင် ရင်းနှီးမြှုပ်နှံတာနဲ့ လယ်ယာမြေတွေ ပြုပြင်တဲ့ လုပ်ငန်းအတွက် ကျပ်သန်းပေါင်း ၇၇၄၈ ကျော် ကို လွှတ်တော်က ခွင့်ပြုခဲ့ပါတယ်။
ဒါနဲ့ ပတ်သက်ပြီး မနေ့က အစည်းအဝေးမှာ ရန်ကုန်တိုင်း စာရင်းစစ်ချုပ်ရုံးက ပြန်ရှင်းလင်းပြီး လွှတ်တော်က အတည်ပြုလိုက်တာ ဖြစ်ပါတယ်။
=======================
251 / End
၅ ဇွန် ၂၀၁၈ - ၁၁:၁၉
News ID: 896344
ရန်ကုန်တိုင်းအစိုးရအဖွဲ့ကို ခွင့်ပြုခဲ့တဲ့ ကျပ်သန်းပေါင်း တသိန်းခွဲလောက်နဲ့ ပတ်သက်ပြီး လာမယ့် စာရင်းစစ် အစီရင်ခံစာမှာ ထည့်သွင်းဖော်ပြဖို့ လွှတ်တော်က အတည်ပြုလိုက်ပါတယ်။