၁၅ ဇွန် ၂၀၁၈ - ၁၈:၁၃
 မြစ်ကြီးနားမြို့ရှိ စစ်ရှောင်စခန်းများသို့ လူ့အခွင့်အရေးကော်မရှင် သွားရောက်လေ့လာမည်

မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေးကော်မရှင်သည် မြစ်ကြီးနားမြို့ IDPs စခန်းများရှိ စစ်ရှောင်ပြည်သူများ၏ အခက် အခဲများကို လေ့လာစစ်ဆေးရန် ဇွန်လ ၁၇ ရက်တွင် သွားရောက် မည်ဖြစ်သည်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ


 မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေးကော်မရှင်သည် မြစ်ကြီးနားမြို့ IDPs စခန်းများရှိ စစ်ရှောင်ပြည်သူများ၏ အခက် အခဲများကို လေ့လာစစ်ဆေးရန် ဇွန်လ ၁၇ ရက်တွင် သွားရောက် မည်ဖြစ်သည်။

တစ်ပတ်ကြာမည့်  အဆိုပါ ခရီးစဉ်အတွင်း ပြည်နယ်အစိုးရအဖွဲ့ တာဝန်ရှိသူများ၊လွှတ်တော်ကိုယ်စားလှယ်များ၊ ဒေသတွင်းအဖွဲ့အစည်းအချို့နှင့် မြစ်ကြီးနားမြို့ရှိ ပြည်တွင်းနေရပ်စွန့်ခွာတိမ်းရှောင်ပြည်သူ IDPsစခန်း ၁၅ ခု သို့  သွားရောက်မည်ဖြစ်ကြောင်း ကော်မရှင်အဖွဲ့ဝင်  ဦးယုလွင်အောင်က ပြောသည်။

‘‘မြစ်ကြီးနားဘက်က ဒါ ပထမဆုံးအကြိမ်ပါ။ အဓိကက တော့ စစ်ဘေးရှောင် ပြည်သူတွေ နေထိုင်မှုအခက်အခဲတွေ၊အဆင်ပြေမှုရှိ၊ မရှိ၊ ကျန်းမာရေး၊ကလေးတွေရဲ့ပညာရေး၊ နေရပ်ကို ပြန်သွားဖို့အတွက် ဘာတွေအခက်အခဲရှိလဲစတာတွေ လေ့လာစစ်ဆေးမယ်။ ဘာတွေက အရေးပေါ်လုပ်ပေးဖို့လိုလဲဆိုတာကို ကျွန်တော်တို့ကြည့်မယ်’’ ဟု ဦးယုလွင်အောင်က ပြောသည်။

ခရီးစဉ်တွင် တွေ့ရှိချက်များ အပေါ်မူတည်၍ စစ်ရှောင်လူထု အတွက် ဆောင်ရွက်ရန် လို အပ်ချက်များကို ပြည်နယ်အစိုးရ နှင့် ကဏ္ဍအလိုက် သက်ဆိုင်ရာ ဝန်ကြီးဌာနများကို ပြန်လည် အကြံပြု တိုက်တွန်းမည်ဖြစ် ကြောင်း ၎င်းကပြောသည်။

မြစ်ကြီးနားမြို့ရှိ စစ်ရှောင် စခန်းများ၌ နေထိုင်သူများသည် တပ်မတော်နှင့် ကချင်လက်နက် ကိုင်အဖွဲ့ (KIA)တို့အကြား ခုနစ် နှစ်ကြာ တိုက်ပွဲများကြောင့် နေ ရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင် ရသူများဖြစ်သည်။

လက်ရှိတွင် ကချင်နှင့် ရှမ်းပြည်နယ်မြောက်ပိုင်း၌ IDPs လူဦးရေတစ်သိန်းနှစ်သောင်းခန့်အထိရှိကြောင်း စစ်ဘေးရှောင်ပြည်သူများအား ကူညီထောက်ပံ့ရေး ဆောင်ရွက်နေသည့် ဒေသတွင်းအဖွဲ့အစည်းကိုးဖွဲ့ပါ ပူးပေါင်းလုပ်ငန်းစဉ်အဖွဲ့ (JST) တာဝန်ရှိသူများက ဆိုသည်။

ပြည်တွင်းနေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်သူများ၏ စခန်းများ (IDPs Camps)ပိတ် သိမ်းနိုင်ရေး မဟာဗျူဟာစီမံကိန်းရေးဆွဲရေး အလုပ်ရုံဆွေးနွေးပွဲကို အစိုးရကဦးဆောင်၍  ပြီးခဲ့သည့် ဇွန်လ ၂ ရက်က နေပြည်တော်တွင် ပြုလုပ်ထားသည်။

=======================
251 / End