အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
နိုင်ငံတော်သမ္မတအိမ်တော် ၊ သံတမန်ဆောင်ဧည့်ခန်းမသို့ ယမန်နေ့က ရောက်ရှိလာသော တရုတ်ကာကွယ်ရေးဝန်ကြီးသည် ၄င်းအားကြိုဆိုနေသော နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်အား အလေးပြုနှုတ်ဆက်နေစဉ် (ဓာတ်ပုံ−Aung Shine Oo, Pool)
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ဗဟိုစစ်ကော်မရှင်အဖွဲ့ဝင်၊ နိုင်ငံတော်ကောင်စီဝင်နှင့် ကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီး ဝေ့ဖုန်းဟော်ကို ယမန်နေ့တွင် နိုင်ငံတော်သမ္မတအိမ်တော်၊ သံတမန်ဆောင်ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။
တွေ့ဆုံစဉ် နှစ်နိုင်ငံဆက်ဆံ ရေးနှင့် လုံခြုံရေးဆိုင်ရာ ပူးပေါင်း ဆောင်ရွက်မှုများ၊ မြန်မာနိုင်ငံ၏ ပြည်တွင်းငြိမ်းချမ်းရေးလုပ်ငန်း စဉ် အောင်မြင်မှုရရှိရန် ဆောင် ရွက်နေသည့် အခြေအနေများနှင့် ရခိုင်ပြည်နယ်အရေး ကိစ္စရပ်များ ဆွေးနွေးခဲ့ကြောင်း အတိုင်ပင် ခံရုံးက ယမန်နေ့တွင် သတင်း ထုတ်ပြန်သည်။
ထို့အပြင် နိုင်ငံတော်၏ အ တိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်း စုကြည်သည် တီမောလက်စ်တေ သမ္မတနိုင်ငံ သမ္မတဟောင်းနိုဗယ် ဆုရှင်ဝါရင့်ဝန်ကြီးနှင့် အမျိုးသား လုံခြုံရေးဆိုင်ရာအကြံပေး ပုဂ္ဂိုလ် မစ္စတာ ဟိုဆေးရာမို့စ်ဟော်တာ နှင့် အမေရိကန် ပြည်ထောင်စု အိမ်ဖြူတော်ဆိုင်ရာအမျိုးသား လုံခြုံရေး ကောင်စီ၊ အာရှရေးရာ အကြီးတန်း ညွှန်ကြားရေးမှူး မစ္စတာမတ်ပေါ့တီဂါကိုလည်း သီးခြားစီလက်ခံတွေ့ဆုံသည်။
အလားတူ တပ်မတော်ကာ ကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူး ကြီး မင်းအောင်လှိုင်သည် ဗိုလ် ချုပ်ကြီး ဝေ့ဖုန်းဟော်ကို နေပြည် တော်ရှိ ဇေယျာသီရိဗိမာန်၌ ဂုဏ် ပြုတပ်ဖွဲ့ဖြင့် ကြိုဆို၍ တွေ့ဆုံ ဆွေးနွေးခဲ့ကြောင်း တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံးက ထုတ်ပြန်သည်။
တွေ့ဆုံစဉ် တပ်မတော်ကာ ကွယ်ရေး ဦးစီးချုပ်က မြန်မာ- တရုတ်နှစ်နိုင်ငံသည် ဘက်စုံ မဟာဗျူဟာမြောက် မိတ်ဖက် နိုင်ငံများဖြစ်ကြောင်းနှင့် ယခုခရီး စဉ်သည် နှစ်နိုင်ငံနှင့် နှစ်နိုင်ငံတပ် မတော်နှစ်ရပ်အကြား ချစ်ကြည် ရင်းနှီးမှုပိုမိုတိုးတက်ကောင်းမွန် စေမည်ဟု ထည့်သွင်းပြောကြား ကြောင်း ထုတ်ပြန်ချက်တွင် ဖော် ပြသည်။တရုတ်ကာကွယ်ရေးဝန် ကြီးက နှစ်နိုင်ငံတပ်မတော် နှစ် ရပ်အကြား မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှုနှင့် တရုတ် - မြန်မာ နှစ်နိုင်ငံက ဘက်စုံမ ဟာဗျူဟာမြောက် ပူးပေါင်း ဆောင်ရွက်မှုတိုးမြှင့်၍ နှစ်နိုင်ငံ အကျိုးစီးပွားတိုးတက်ရေးကို အ တူတကွ ပူးပေါင်းဆောင်ရွက်ရန် လာရောက်ခြင်းဖြစ်ကြောင်း ပြော ကြားသည်ဟု ဆိုသည်။
ထို့နောက် ၎င်းတို့သည် နှစ် နိုင်ငံတပ်မတော်နှစ်ရပ်အကြား မဟာဗျူဟာအကျိုးတူ ပူးပေါင်း ဆောင်ရွက်မှုနှင့် လုံခြုံရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများ၊ လေ့ ကျင့်ရေးဆိုင်ရာ ပူးပေါင်းဆောင် ရွက်မှုများ၊ စစ်ဘက်ဆိုင်ရာ ဆေး ပညာများ အပြန်အလှန် ဖလှယ် ရေးနှင့် အားကစားကဏ္ဍများ ပူး ပေါင်းဆောင်ရွက်ရေးဆိုင်ရာ ကိစ္စရပ်များ၊ အပြည်ပြည်ဆိုင်ရာ လုံခြုံရေးအခြေအနေများနှင့် မြန် မာနိုင်ငံ၏ ပြည်တွင်းငြိမ်းချမ်းရေး ရရှိရန် အစိုးရနှင့် တပ်မတော် ဆောင်ရွက်နေမှု အခြေအနေများ ဆွေးနွေးခဲ့ကြောင်း သတင်းထုတ် ပြန်သည်။
=======================
251 / End
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်တို့ တရုတ်ကာကွယ်ရေးဝန်ကြီးနှင့် သီးခြားစီတွေ့ဆုံ
၁၅ ဇွန် ၂၀၁၈ - ၁၈:၅၈
News ID: 897680
နိုင်ငံတော်သမ္မတအိမ်တော် ၊ သံတမန်ဆောင်ဧည့်ခန်းမသို့ ယမန်နေ့က ရောက်ရှိလာသော တရုတ်ကာကွယ်ရေးဝန်ကြီးသည် ၄င်းအားကြိုဆိုနေသော နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်အား အလေးပြုနှုတ်ဆက်နေစဉ် (ဓာတ်ပုံ−Aung Shine Oo, Pool)