၂၂ ဇွန် ၂၀၁၈ - ၁၆:၁၆
နေပြည်တော်ကျောက်မျက်ပြပွဲတွင် ယူရို ၂ ဒသမ ၅ သန်းကျော်ဖိုး ပုလဲများရောင်းချနိုင်

နေပြည်တော်၌ ကျင်းပနေသည့် ကျောက်မျက် ရတနာပြပွဲတွင် ယူရို ၂ ဒသမ ၅ သန်းကျော်ဖိုး ပုလဲများရောင်းချ နိုင်ခဲ့ကြောင်း မြန်မာ့ပုလဲလုပ်ငန်း ရောင်းချဖြန့်ဖြူးရေးဌာနမှူးဒေါ် မြမြ၀င်းက ပြောသည်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ


 နေပြည်တော်၌ ကျင်းပနေသည့်  ကျောက်မျက် ရတနာပြပွဲတွင် ယူရို ၂ ဒသမ ၅ သန်းကျော်ဖိုး ပုလဲများရောင်းချ နိုင်ခဲ့ကြောင်း မြန်မာ့ပုလဲလုပ်ငန်း ရောင်းချဖြန့်ဖြူးရေးဌာနမှူးဒေါ် မြမြ၀င်းက ပြောသည်။

နေပြည်တော်မဏိရတနာ ကျောက်စိမ်းခန်းမတွင် ကျင်းပ နေသည့် (၅၅)ကြိမ်မြောက်မြန်မာ့ ကျောက်မျက်ရတနာပြပွဲ၌ ဌာန ပိုင်ပုလဲအတွဲ ၂၇၀ နှင့်ကုမ္ပဏီ ပိုင်ပုလဲအတွဲ ၉၀၊ စုစုပေါင်း ပုလဲ အတွဲ ၃၆၀ ပြသရောင်းချပြီး ပုလဲအတွဲ ၃၄၁ တွဲကို ယူရို ၂ ဒသမ ၅သန်း ကျော်ဖြင့် ရောင်းချနိုင်ခဲ့သည်။

‘‘ဌာနပိုင်က အကုန်ရောင်း ရတယ်။ ကုမ္ပဏီထဲကတော့ ၁၉ တွဲကျန်တယ်’’ ဟု ဒေါ်မြမြ၀င်းက ပြောသည်။

ယင်းရောင်းချရသည့် ပုလဲ အတွဲ ၃၄၁ တွဲတွင် ပုလဲအလုံးရေ ၉၅,၄၄၃ ပါဝင်ပြီး မိုမီ(ဂျပန်အ ခေါ်) ၆၀,၁၈၄ ဒသမ ၇၀ အလေး ချိန်ရှိကြောင်း ပုလဲရောင်းချရေး ဌာနမှတ်တမ်းများ၌  ဖော်ပြ ထားသည်။

နေပြည်တော်ကျောက်မျက် ပြပွဲ၌ ပုလဲအတွဲများကို ဇွန်လ ၂၀ နှင့် ၂၁ ရက်တွင် အိတ်ဖွင့်တင်ဒါ စနစ်ဖြင့် ပြသရောင်းချခဲ့သည်။

မြန်မာ့ပုလဲရောင်းချပွဲကို ၂၀၁၇ ဩဂုတ်က နေပြည်တော် တွင် နောက်ဆုံးကျင်းပခဲ့သည်။ ကျပ်ငွေဖြင့် ပုလဲရောင်းချပွဲကို ၁၉၉၀ ကစတင်၍ နှစ်လယ်ပြပွဲ၊ အထူးပြပွဲများအဖြစ် ပြသရောင်း ချပြီး ပြပွဲ ၁၂၀ ခန့် ပြသရောင်း ချခဲ့ကြောင်း အဆိုပါဌာနမှတ် တမ်းများ၌ ဖော်ပြထားသည်။

(၅၅) ကြိမ်မြောက်မြန်မာ့ ကျောက်မျက်ရတနာပြပွဲကို ဇွန် လ ၂၀ရက်ကစတင်ကာ ၂၉ ရက် အထိ ကျင်းပနေပြီး ပုလဲ၊ကျောက် မျက်၊ ကျောက်စိမ်းအချောထည် နှင့် ကျောက်မျက်အရိုင်းထည် များ ပြသရောင်းချနေကြောင်း ပြပွဲကျင်းပရေး ကော်မတီက သတင်းထုတ်ပြန်ထားသည်။

=======================
251 / End