အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
မွန်ပြည်နယ်၊ ရေးမြို့နယ်မှာ ရေတွေပြန်လည်ကျဆင်းသွားနေပေမယ့် မြသီတာဈေးနဲ့ အောင်သီတာဈေးက ဆိုင်ခန်းတွေနဲ့ ကုန်ပစ္စည်းတွေ ရေနစ်မြှုပ်ဆုံးရှုံးကုန်လို့ ဈေးဆိုင်တွေ ပြန်လည် မဖွင့်လှစ်နိုင်ကြသေးပါဘူး။
ရေးမြို့နယ်မှာ ဇွန် ၁၇ရက်က စတင်ရေစတင်ကြီးပြီး ဇွန် ၁၉ ရက်နေ့မှာ ရေကပြန်လည်ကျဆင်းသွားခဲ့တာပါ။ ဒီနှစ်ရေကြီးတာဟာ အရင်နှစ်တွေကထက် ပိုမိုပျက်စီးဆုံးရှုံး တယ်လို့ လည်း ဈေးသူဈေးသားတွေက ပြောပါတယ်။
အများဆုံးကတော့ အဝတ်အထည်တွေ၊ ဆန်နဲ့ လူသုံးစားသောက်ကုန်တွေ၊ ရေထဲမျှောပါ ပျက်စီးခဲ့ရပြီး ကျပ်သိန်းပေါင်း ထောင်ဂဏန်းလောက် ရှိနိုင်တယ်လို့ ဈေးသူဈေးသားတွေက ခန့်မှန်းကြပါတယ်။
ရေးမြို့နယ်မှာ ရေကြီးမှုကြောင့် လူတဦး သေဆုံးကာ လူနေအိမ် ၃၆ လုံးလောက် ရေထဲမျောပါ ပျက်စီးခဲ့ရပါတယ်။
=======================
251 / End
၂၃ ဇွန် ၂၀၁၈ - ၁၄:၅၃
News ID: 898819
မွန်ပြည်နယ်၊ ရေးမြို့နယ်မှာ ရေတွေပြန်လည်ကျဆင်းသွားနေပေမယ့် မြသီတာဈေးနဲ့ အောင်သီတာဈေးက ဆိုင်ခန်းတွေနဲ့ ကုန်ပစ္စည်းတွေ ရေနစ်မြှုပ်ဆုံးရှုံးကုန်လို့ ဈေးဆိုင်တွေ ပြန်လည် မဖွင့်လှစ်နိုင်ကြသေးပါဘူး။