၂၅ ဇွန် ၂၀၁၈ - ၁၈:၅၃
အက်စစ်များကို စွန့်ပစ်ဖျက်ဆီးရာမှ အက်စစ်ငွေ့များ လူနေရပ်ကွက်အချို့သို့ ပျံ့နှံ့ ဒေသခံများ အသက်ရှူလမ်းကြောင်းဆိုင်ရာ ဝေဒနာကြုံတွေ

မူဆယ် ၁၀၅ မိုင်နှင့် ပန် ဆိုင်းသွားလမ်းဘေးတွင် မူး ယစ် ဆေးဝါးချက်ရာ၌ အသုံးပြုသည့် အက်စစ်ရည်များ စွန့်ပစ်ရာမှ အနီးရှိရွာအချို့သို့ အက်စစ်ငွေ့များ ရောက်ရှိပြီး အသက်ရှူလမ်းကြောင်းဆိုင်ရာ ဝေဒနာများ ခံစားရကြောင်း ဒေသခံများက ပြောသည်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

မူဆယ် ၁၀၅ မိုင်နှင့် ပန် ဆိုင်းသွားလမ်းဘေးတွင် မူး ယစ် ဆေးဝါးချက်ရာ၌ အသုံးပြုသည့် အက်စစ်ရည်များ စွန့်ပစ်ရာမှ အနီးရှိရွာအချို့သို့ အက်စစ်ငွေ့များ ရောက်ရှိပြီး အသက်ရှူလမ်းကြောင်းဆိုင်ရာ ဝေဒနာများ ခံစားရကြောင်း ဒေသခံများက ပြောသည်။

ဒေသအခေါ် ကျောက်တစ် လုံးတောင်အနီးတွင် အက်စစ်ပီပါ ၃၀၀ ခန့်ကို ဇွန်လ ၂၄ ရက် နံနက်၈ နာရီခန့်၌ ဒေသတွင်း အုပ် ချုပ်ရေးတာဝန်ရှိသူများက စွန့် ပစ်ဖျက်ဆီးခဲ့သည်။ ကျောက် တစ်လုံးတောင်နေရာနှင့် လေးဖာ လုံခန့်ဝေးသော လုံခန်နှင့် လွယ် ၀ိန်းကျေးရွာ ဒေသခံအချို့သည် နံနက်ပိုင်းက စတင်ကာ အက်စစ် ငွေ့များ ရှူရှိုက်မိပြီး မျက်စိစပ် ခြင်းနှင့် အသက်ရှူမ၀သည့်လက္ခ ဏာများ ခံစားရကြောင်း ဒေသခံ များက ပြောသည်။

‘‘အငွေ့တွေက လေတိုက် တော့ ရွာထဲတွေ ရောက်သွားတာ ပေါ့။ တချို့က မျက်စိတွေစပ် တယ်။ တချို့က အသက်ရှူကျပ် ပြီး မောလာပြီး မွန်းကျပ်လာတာ ပေါ့။ ရွာကနေ အုပ်ချုပ်ရေးမှူးကို ပြောတော့ အုပ်ချုပ်ရေးမှူးက လှမ်းအကူအညီတောင်းလို့ ကျွန် တော်တို့သွားကူညီတာ’’ဟု မိုင်းယု ၁၀၅ မိုင် ပါရမီလူမှုကူညီ ရေးအသင်းဥက္ကဋ္ဌ ဦးကျော်သန်း က ပြောသည်။

အက်စစ်ငွေ့ကြောင့် ဝေဒ နာခံစားနေရသည့် ဒေသခံများကို လိုအပ်ပါက ဆေးရုံသို့ ပို့ဆောင် ရန် ပါရမီလူမှုကူညီရေးအသင်း က လူနာတင်ယာဉ်နှစ်စီးဖြင့် သွားရောက်ခဲ့သည်။ နံနက် ၁၀ နာရီမှနေ့လယ် ၁၂ နာရီအထိ စောင့်ကြည့်ခဲ့ရာ ဆေးရုံတက်ရသည့်အဆင့်အထိ အန္တရာယ်မကြုံတွေ့ခဲ့ဟု ဦးကျော်သန်းက ပြောသည်။

ယင်းအက်စစ်ငွေ့များကြောင့် ဒေသခံများ ဝေဒနာခံစားရသဖြင့် တာဝန်ရှိသူများ၏ စီမံခန့်ခွဲမှုကို ဒေသခံများက ဝေဖန်သည်။

‘‘အက်စစ်တွေ သွန်ချလိုက် တော့ မိုးရေနဲ့ထိပြီး အငွေ့တွေ ထွက်လာတာ။ အက်စစ်နံ့ချဉ်စုတ် စုတ် အနံ့တွေရတယ်။ လိုက်သွား တဲ့ ရပ်ကွက်လူကြီးတွေ၊ ကျေး ရွာလူကြီးတွေဆိုရင် ကိုယ်လုံးမှာ အနံ့တွေစွဲလာတယ်။ ကျွန်တော် တို့စိုးရိမ်တာက ဒီအချိန်မှာ ကြံ စိုက်တဲ့တောင်သူတွေ၊ ပြောင်းဖူး စိုက်သူတွေ ရှိတယ်။ သူတို့က တောင်ယာမှာ လုပ်နေတာဆို တော့ သူတို့ကျန်းမာရေးအတွက် စိုးရိမ်တယ်’’ဟု မူဆယ်မြို့ဒေသ ခံတစ်ဦးက ပြောသည်။

ယင်းနေရာ တစ်ဝိုက်တွင် လွှတ်ကျောင်းလေ့ရှိသော ကျွဲ၊ နွားနှင့် အိမ်မွေးတိရစ္ဆာန်များအ တွက် ဒေသခံတောင်သူများက စိုးရိမ်နေသည်။

‘‘အဲဒီလျှို က လူသူနဲ့ဝေးပြီးတစ်ဖက်ပိတ် ပြီးတော့ ဘယ်ဘက်မှ မပြန့်အောင် အဲဒီထဲကိုသွန်မယ်ဆိုပြီး အစည်းအဝေးမှာ ပြောဖူးတာရှိ ပါတယ်။ နေရာရွေးတာ၊ချယ်တာကတော့ သူတို့(ပီပါများအား စွန့်ပစ်ဖျက်ဆီးသူတာဝန်ရှိသူများ) အစီအစဉ်ပါ’’ဟု မူဆယ်ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနဦးစီးမှူး ဦးမောင်မောင်သန်းက ပြောသည်။

မူဆယ်မြို့နယ်တွင် ယမန် နှစ်အတွင်း ဖမ်းမိသည့် အက်စစ်ပီပါများကို ဇွန်လ ၂၆ ရက်၌ ကျရောက်မည့် အပြည်ပြည်ဆိုင် ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမ၀င်ရောင်းဝယ်မှု တိုက် ဖျက်ရေးနေ့အကြိုအဖြစ် ဖျက်ဆီး ခြင်းဖြစ်ကြောင်း မူဆယ်မြို့မရဲ စခန်းမှူး ဒုရဲမှူးအေးမြင့်က ပြောသည်။ လူသူကင်းဝေးရာနေရာကို ရွေးချယ်ခဲ့ပြီး ဒေသခံများ ကျန်းမာရေးဆိုင်ရာ ပြဿနာတစ်စုံတစ်ရာကြုံတွေ့ပါက ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ပူးပေါင်း ဖြေရှင်းပေးမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။ အက်စစ်အငွေ့ကြောင့် ဒေသခံများ အခက်တွေ့ခဲ့သည့်သတင်းကြားသိရပြီး ဇွန်လ ၂၄ ရက် ညနေ ၆ နာရီခန့် အထိ ဆေးရုံတက်ရသည့် လူနာမရှိကြောင်း မူဆယ် ဆေးရုံရှိ ကျန်းမာရေးဝန်ထမ်းတစ်ဦးက ပြောသည်။

=======================
251 / End