၃၀ ဇွန် ၂၀၁၈ - ၁၅:၃၅
ရခိုင်၊ ကချင်နှင့် ရှမ်းပြည်နယ်တို့ရှိ ပဋိပက္ခနှင့် အကြမ်းဖက်မှုဒဏ်ခံရသူများကို ICRC က ရေရှည်အကူအညီပေးမည်

အပြည်ပြည်ဆိုင် ရာ ကြက်ခြေနီကော်မတီ(ICRC) သည် ရခိုင်၊ ကချင်နှင့် ရှမ်းပြည် နယ်တို့မှ ဒေသခံများအပါအဝင် ပဋိပက္ခနှင့် အကြမ်းဖက်မှုဒဏ်ခံ ရသူများကို ရေရှည်အကူအညီ ပေးမည်ဖြစ်ကြောင်း ယင်းကော် မတီဥက္ကဋ္ဌ မစ္စတာပီတာမော်ရာ က ပြောကြားသည်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ


အပြည်ပြည်ဆိုင် ရာ ကြက်ခြေနီကော်မတီ(ICRC) သည် ရခိုင်၊ ကချင်နှင့် ရှမ်းပြည် နယ်တို့မှ ဒေသခံများအပါအဝင် ပဋိပက္ခနှင့် အကြမ်းဖက်မှုဒဏ်ခံ ရသူများကို ရေရှည်အကူအညီ ပေးမည်ဖြစ်ကြောင်း ယင်းကော် မတီဥက္ကဋ္ဌ မစ္စတာပီတာမော်ရာ က ပြောကြားသည်။

ICRC ဥက္ကဋ္ဌပီတာမော်ရာ သည် မြန်မာနိုင်ငံသို့ ငါးရက်ကြာ လာရောက်ပြီး    ၎င်း၏ခရီးစဉ် နောက်ဆုံးရက် ယမန်နေ့ (ဇွန်လ ၂၉ ရက်)တွင် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်၊ နိုင်ငံတော်၏အတိုင် ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစု ကြည်၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်း အောင်လှိုင်တို့နှင့် သီးခြားစီတွေ့ ဆုံစဉ် ယင်းသို့ ထည့်သွင်းပြော ကြားသည်ဟုဆိုသည်။

‘‘ကျွန်တော် ခိုင်ခိုင်မာမာ ပြောကြားတဲ့ အချက်က အရေး ပေါ်အကူအညီနဲ့ မလုံလောက်ဘူး ဆိုတာပါ။ အနာဂတ်အတွက် ပိုမိုကောင်းမွန်ပြီး ရေရှည်တည်တံ့တဲ့ အကူအညီတွေကို ကျွန်တော်တို့ ဖန်တီးလုပ်ဆောင်ဖို့ လိုအပ်နေပါ တယ်’’ဟု မစ္စတာမော်ရာက ယမန်နေ့ညနေတွင် နေပြည်တော်၌ သတင်းစာရှင်းလင်းပွဲပြုလုပ်စဉ် ပြောကြားသည်။

ICRC ဥက္ကဋ္ဌ၏မြန်မာပြည် ခရီးစဉ်အတွင်း ရခိုင်ပြည်နယ်သို့ သုံးရက်ကြာ သွားရောက်ခဲ့ပြီး ရခိုင်တိုင်းရင်းသားများ၊ ဟိန္ဒူနှင့် မွတ်စလင်များအပါအဝင် ဘူးသီး တောင်၊ မောင်တောမြို့နယ်တို့မှ ကျေးရွာများရှိ ရပ်မိရပ်ဖများ၊ ရပ် ရွာအသိုင်းအဝိုင်းနှင့် ရခိုင်ပြည် နယ်အစိုးရအဖွဲ့ဝင်များကို တွေ့ ဆုံခဲ့သည်ဟု ၎င်းက သတင်း ထောက်များအား ပြောသည်။

‘‘ကျွန်တော်တို့ရဲ့ ကူညီ ထောက်ပံ့ရေးအစီအစဉ်က ရခိုင် ပြည်နယ်မှာရှိတဲ့ အစိတ်အပိုင်း အားလုံးအတွက်ပါ။ မနှစ်က ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ ဖြစ်ပွားခဲ့ တဲ့ အကြမ်းဖက်ခံရမှုရဲ့ နောက် ဆက်တွဲ ဆိုးကျိုးကို ခံစားနေရသူ အားလုံးကို အကူအညီပေးသွား မှာဖြစ်ပါတယ်’’ဟု မစ္စတာမော်ရာက ဆက်ပြောသည်။

ရခိုင်ပြည်နယ်ရှိ ရပ်ရွာလူထုအသိုင်းအဝိုင်းများအတွက် ကိုဖီ အာနန်ဦးဆောင်သည့် ရခိုင်အကြံပေးကော်မရှင်၏ အကြံပြုချက် များနှင့်အညီ ရေရှည်ဖြေရှင်းနိုင် မည့် နည်းလမ်းများ အကောင်အ ထည်ဖော်ရာတွင် အကူအညီပေး ရန် ICRC က အသင့်ရှိသည်ဟု ၎င်းက ဆိုသည်။

နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်က ICRC ဥက္ကဋ္ဌကို လက်ခံတွေ့ ဆုံစဉ် မြန်မာနိုင်ငံအတွင်း ICRC လုပ်ငန်းများ တိုးချဲ့ဆောင်ရွက် မည့်အခြေအနေ၊ ရခိုင်ပြည်နယ် သာမက ရှမ်းနှင့် ကချင်ပြည်နယ် တို့တွင် ICRC ၏လုပ်ငန်းများ ဆောင်ရွက်နေမှုတို့ကို ဆွေးနွေး သည်ဟု သမ္မတရုံးက ယမန်နေ့ တွင် ထုတ်ပြန်သည်။

ရခိုင်ပြည်နယ် မြောက်ပိုင်း တွင် နေရပ်စွန့်ခွာသူများ၊ ပြန် လည်ဝင်ရောက်လာသည့် မိသား စုများအတွက် လူသားချင်းစာနာ ထောက်ထားမှုအကူအညီများနှင့် ၎င်းတို့အတွက် လူမှုရေး၊ စီးပွား ရေး၊ ကျန်းမာရေးလုပ်ငန်းစဉ်များ တွင် ပြန်လည်ထူထောင်ပေးနေမှု တို့ကို ထည့်သွင်းဆွေးနွေးသည် ဟုဆိုသည်။

ထို့အပြင် ICRC အနေဖြင့် ဒေသအာဏာပိုင်များနှင့်ပူးပေါင်း ၍ လုပ်ငန်းများ လက်တွဲဆောင် ရွက်မည့်အခြေအနေ၊ ရခိုင်ဒေသ တည်ငြိမ်ရေးနှင့် ဖွံ့ဖြိုးရေးပူး ပေါင်းဆောင်ရွက်မည့် အခြေအ နေတို့ကို ဆွေးနွေးခဲ့သည်ဟု ထုတ် ပြန်ချက်၌ ဖော်ပြသည်။

အလားတူ မစ္စတာပီတာမော် ရာသည် နိုင်ငံတော်၏အတိုင်ပင် ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ တပ်မတော်ကာကွယ်ရေးဦးစီး ချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင် လှိုင်တို့နှင့် နေပြည်တော်၌ သီးခြားစီတွေ့ဆုံဆွေးနွေးခဲ့သည်။

အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် တွေ့ ဆုံရာတွင် ICRC မှ ပူးပေါင်း ဆောင်ရွက်နေသည့် လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အ ကူအညီများ ပေးအပ်ရေးနှင့် အ ကျဉ်းထောင်များ၏ အခြေအနေ ပိုမိုကောင်းမွန်အောင် ဆောင်ရွက်ပေးရေး စသည့် လုပ်ငန်းအစီအ စဉ်များ၏တိုးတက်မှုအခြေအနေ များကို ဆွေးနွေးခဲ့ပြီး ရခိုင်ပြည် နယ်ရှိ အသိုက်အဝန်းများအား အရေးပေါ် လူသားချင်းစာနာ ထောက်ထားမှုအကူအညီများ ပံ့ပိုးပေးနေသည့် အဆင့်မှ ကိုယ် ပိုင်ဝင်ငွေရရှိစေမည့် လုပ်ငန်း ငယ်များ ဖန်တီးပေးခြင်းဖြင့် ရေ ရှည်လူမှုစီးပွားဖွံ့ဖြိုးရေးသို့ ဦး တည်သည့် ကူညီပံ့ပိုးမှုများ ပေး အပ်ရေးအဆင့်သို့ ကူးပြောင်း သွားရေး၊ ICRC ၏ လုပ်ငန်း ဆောင်ရွက်မှုများ ပိုမိုချောမွေ့ အောင် ဆောင်ရွက်ပေးရေးနှင့် ICRC နှင့် မြန်မာနိုင်ငံအကြား လက်ရှိနှင့် အနာဂတ်ပူးပေါင်း ဆောင်ရွက်ရေး အစီအစဉ်များနှင့် စပ်လျဉ်း၍ အမြင်ချင်း ဖလှယ်ခဲ့ သည်ဟု အတိုင်ပင်ခံရုံးက သ တင်းထုတ်ပြန်သည်။

တပ်မတော်ကာကွယ်ရေးဦး စီးချုပ်နှင့် တွေ့ဆုံရာတွင် ကချင် နှင့် ရခိုင်ပြည်နယ်အတွင်း ပဋိပက္ခဖြစ်ပွားသည့် ဒေသများတွင် ဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်းများနှင့် လူ သားချင်း စာနာထောက်ထားမှု ဆိုင်ရာ အကူအညီပေးရေးလုပ် ငန်းများအား ICRC အဖွဲ့က ဆောင်ရွက်နေမှုများနှင့် တပ်မတော်က ကူညီဆောင်ရွက်ပေးနေ မှုအခြေအနေများ၊ ICRC အဖွဲ့က ဆောင်ရွက်ပေးသည့် အကူအညီများ အမှန်တကယ်လိုအပ်သူ များထံသို့ ရောက်ရှိရေး စိစစ် ဆောင်ရွက်မှုများပြုလုပ်ရန် လို အပ်သည့်အခြေအနေများ၊ ရခိုင် ပြည်နယ်ရှိ ဒေသခံများအတွက် လူမှုစီးပွားများ ဖွံ့ဖြိုးတိုးတက်မှု၊ ဘဝပြန်လည်ရှင်သန်နိုင်ရေး အခြေခံအဆောက်အအုံများ ပြန်လည်ထူထောင်ရေးအတွက် ICRC နှင့် အစိုးရအဖွဲ့တို့ ဆက် လက်ဆောင်ရွက်ရန်ရှိသည့် ကိစ္စ ရပ်များတွင် တပ်မတော်က ဝိုင်းဝန်းကူညီဆောင်ရွက်ပေးမည့် အခြေအနေများ၊ မြန်မာနိုင်ငံအတွင်း ပဋိပက္ခများမရှိဘဲ ငြိမ်းချမ်းသည့် ဒေသများတွင်လည်း ကူညီဆောင် ရွက်ပေးရန် လိုအပ်မှုအခြေအနေ များ၊ တပ်မတော်သားများနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များအား ပဋိ ပက္ခဖြေရှင်းမှုသင်တန်းများ စေ လွှတ်တက်ရောက်နိုင်မည့်အခြေ အနေများ၊ ဆေးပညာရပ်ဆိုင်ရာ နှင့် မိုင်းအန္တရာယ်တားဆီးကာ ကွယ်ရေးလုပ်ငန်းများတွင် တပ်မ တော်နှင့် ICRC အဖွဲ့ပူးပေါင်း ဆောင်ရွက်ရေးတို့ကို ဆွေးနွေး ခဲ့သည်ဟု တပ်မတော်ကာကွယ် ရေးဦးစီးချုပ်ရုံးက သတင်းထုတ် ပြန်ထားသည်။

ICRC ဥက္ကဋ္ဌသည် မြန်မာ နိုင်ငံသို့ တတိယအကြိမ် လာ ရောက်ခြင်းဖြစ်သော်လည်း ရခိုင် ပြည်နယ်မြောက်ပိုင်းသို့ ယခုတစ် ကြိမ်တွင် ပထမဆုံးသွားရောက်ခဲ့ ခြင်းဖြစ်သည်။

၎င်းသည် ယမန်နေ့ ညနေ တွင် နေပြည်တော်မှ တစ်ဆင့်  ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ဆက်လက် ထွက်ခွာသွားသည်။
=======================
251 / End