၇ ဇူလိုင် ၂၀၁၈ - ၁၅:၁၀
နမ့်ပေါ်ချောင်းရေအားလျှပ်စစ်မှ တစ်နှစ်လျှင် ယူနစ် ၈၃ သန်းရရှိမည်

ရှမ်းပြည်နယ်မြောက် ပိုင်း မူဆယ်မြို့အနီးရှိ နမ့်ပေါ် ချောင်းရေအားလျှပ်စစ်စီမံကိန်းမှ တစ်နှစ်လျှင် လျှပ်စစ်ယူနစ် ၈၃ သန်းဝယ်ယူရန် လျှပ်စစ်နှင့်စွမ်း အင်ဝန်ကြီးဌာနနှင့် ဂရိတ်ဟော် ခမ်းကုမ္ပဏီတို့ ဇူလိုင် ၅ ရက်တွင် လက်မှတ်ရေးထိုးသည်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ


ရှမ်းပြည်နယ်မြောက် ပိုင်း မူဆယ်မြို့အနီးရှိ နမ့်ပေါ် ချောင်းရေအားလျှပ်စစ်စီမံကိန်းမှ တစ်နှစ်လျှင် လျှပ်စစ်ယူနစ် ၈၃ သန်းဝယ်ယူရန် လျှပ်စစ်နှင့်စွမ်း အင်ဝန်ကြီးဌာနနှင့် ဂရိတ်ဟော် ခမ်းကုမ္ပဏီတို့ ဇူလိုင် ၅ ရက်တွင် လက်မှတ်ရေးထိုးသည်။

 အဆိုပါ စီမံကိန်းသည် မူ ဆယ်မြို့မှခြောက်မိုင်အကွာတွင် ရှိပြီး တစ်နှစ်လျှင် လျှပ်စစ်ဓာတ် အား မဂ္ဂါဝပ် ၂၀ ထုတ်ယူနိုင်မည် ဖြစ်ပြီး ၂၀၂၀ ဒီဇင်ဘာတွင် လျှပ် စစ်ထုတ်ယူနိုင်မည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင်ပါရှိသည်။

ကုမ္ပဏီထံမှ ၀န်ကြီးဌာနက ၀ယ်ယူမည့် လျှပ်စစ်တစ်ယူနစ် ဈေးနှုန်းကို ထုတ်ပြော၍မရ ကြောင်း လျှပ်စစ်နှင့်စွမ်းအင်ဝန် ကြီးဌာန ဒုတိယအမြဲတမ်းအတွင်း ၀န်ဦးစိုးမြင့်က ပြောသည်။

စီမံကိန်းကို ၂၀၁၆ ဧပြီတွင် စတင်ပြီး BOT (တည်ဆောက်၊ လည်ပတ်၊ လွှဲပြောင်း) စနစ်ဖြင့် ဆောင်ရွက်ခြင်းဖြစ်သည်ဟု ၀န် ကြီးဌာနက ထုတ်ပြန်ထားသည်။ ၀န်ကြီးဌာန အဆိုအရ ထိုစီမံကိန်းမှ အိမ်ထောင်စုလေးသောင်းအား လျှပ်စစ်မီးပေးနိုင်မည်ဟု ဆိုသည်။

ဂရိတ်ဟော်ခမ်းကုမ္ပဏီအုပ် ချုပ်မှုဒါရိုက်တာဦးစိုင်းအုန်းမြင့် က ကုမ္ပဏီ၏အသားတင်အမြတ် ငွေ ၁ ရာခိုင်နှုန်းကို သဘာဝပတ် ၀န်းကျင်ထိန်းသိမ်းမှုနှင့် ဒေသဖွံ့ ဖြိုးရန် အသုံးပြုမည်ဟုဆိုသည်။

လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီးဦးဝင်း ခိုင်က နမ့်ပေါ်ချောင်းရေအားလျှပ် စစ်စီမံကိန်းသည် လျှပ်စစ်ဓာတ် အားမျိုးစုံသုံးစနစ်ကို အကောင် အထည်ဖော်ရန် အထောက်အကူ ပြုမည်ဟုပြောသည်။

  နိုင်ငံတွင်းလျှပ်စစ်ဓာတ် အား လိုအပ်ချက်အတွက် မဂ္ဂါဝပ် ၃,၀၀၀ ထုတ်လုပ်နိုင်မည့် LNG စီမံကိန်းသုံးခုကို ခွင့်ပြုထားပြီး လျှပ်စစ်ဓာတ်အားလိုင်းကို အာ ဆီယံနိုင်ငံများနှင့် ချိတ်ဆက်ရန် ဆောင်ရွက်နေသည်ဟု ၀န်ကြီး ဌာနက ထုတ်ပြန်သည်။

=======================
251 / End