အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
လုံခြုံရေးကဏ္ဍမှ ရလဒ်ကောင်း များရရှိရေးသည် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အ တွက် များစွာအရေးကြီးသည်ဟု နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။
‘‘လုံခြုံရေးကဏ္ဍက ညှိနှိုင်းကြရာမှာ အဘက်ဘက်က သတိကြီးစွာနဲ့ ဆောင်ရွက် နေတာကိုတွေ့ရှိရပါတယ်။ လုံခြုံရေးကဏ္ဍ မှာ ရလဒ်ထွက်နိုင်ဖို့က ငြိမ်းချမ်းရေးဖြစ်စဉ် အတွက် အများကြီးအရေးကြီးပါတယ်။ ပြီးပြည့်စုံတဲ့ ပြည်ထောင်စုငြိမ်းချမ်းရေး သဘောတူညီမှုဖြစ်ဖို့ဆိုတာ လုံခြုံရေးကဏ္ဍ ဆိုင်ရာ သဘောတူညီချက်တွေပါဝင်မှဖြစ်မှာ ပါ’’ဟု ဒေါ်အောင်ဆန်းစုကြည်က ၂၁ ရာစု ပင်လုံ တတိယအစည်းအဝေးအပြီး ယမန်နေ့ က မိန့်ခွန်းတွင် ထည့်သွင်းပြောကြားသည်။
လာမည့်ပြည်ထောင်စုငြိမ်းချမ်းရေးညီ လာခံ- ၂၁ ရာစုပင်လုံ အစည်းအဝေးများတွင် လုံခြုံရေးကဏ္ဍနှင့်ပတ်သက်သည့် သဘော တူညီချက်ရရှိရေးကြိုးပမ်းမည်ဟု ၂၁ ရာစုပင် လုံညီလာခံ တပ်မတော်အစုအဖွဲ့ကိုယ်စား လှယ် ဒုတိယဗိုလ်ချုပ်ကြီးတင်မောင်ဝင်းက ပြောကြားသည်။ဒုတိယဗိုလ်ချုပ်ကြီးတင် မောင်ဝင်းသည် ဇူလိုင် ၁၆ ရက် က နေပြည်တော်၌ကျင်းပသည့် ၂၁ ရာစုပင်လုံတတိယအစည်းအ ဝေးနောက်ဆုံးနေ့တွင် ညီလာခံ သဘာပတိအဖွဲ့ဝင်အဖြစ် တာ ၀န်ယူခဲ့သူဖြစ်သည်။
NCA လက်မှတ်ထိုးပြီး နောက် သဘောတူညီချက်ချမှတ် သည့် ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ-၂၁ရာစုပင်လုံကို နှစ် ကြိမ်(၂၁ ရာစုပင်လုံဒုတိယအ စည်းအဝေးနှင့် တတိယအစည်း အဝေး)ကျင်းပထားသော်လည်း လုံခြုံရေးကဏ္ဍ သဘောတူညီ ချက်မချမှတ်နိုင်သေးပေ။
ထို့ကြောင့် ယခု ၂၁ရာစုပင် လုံအပြီးတွင် လုံခြုံရေးကဏ္ဍနှင့် ပတ်သက်သည့် အလုပ်ရုံဆွေးနွေး ပွဲများပြုလုပ်ကာ သဘောတူညီ ချက်ရရှိသည်အထိ တိုးတက် အောင် ဆောင်ရွက်မည်ဟု ဒုတိယ ဗိုလ်ချုပ်ကြီး တင်မောင်ဝင်းက ပြောသည်။
‘‘ဒါကတော့ တိုးတက် အောင်လုပ်ရမှာ။ လုံခြုံရေးကဏ္ဍ မပါလို့တော့မရဘူး။ ပါရမယ်။ လာမယ့်ညီလာခံတွေမှာ လုံခြုံ ရေးကဏ္ဍပါနိုင်ဖို့အတွက်ကို အစု အဖွဲ့အသီးသီးကနေ ၀ိုင်းဝန်းကြိုး ပမ်းပြီးတော့ ဆောင်ရွက်နေ တယ်’’ ဟု ၎င်းကဆိုသည်။
လုံခြုံရေးကဏ္ဍနှင့် ပတ် သက်၍ အလွတ်သဘောဆွေးနွေး မှု၊ တရားဝင်တွေ့ဆုံဆွေးနွေးမှု အလွန်အားနည်း၍ ညီလာခံအပြီးတွင် တပ်မတော်နှင့် အပစ် ရပ်အဖွဲ့များအကြား ညှိနှိုင်းဆွေး နွေးမှုများပိုမိုလုပ်ဆောင်ရန်လို သည်ဟု NCA လက်မှတ်ထိုးပအိုဝ်းအဖွဲ့ (PNLO)ဦးဆောင် နာယကဗိုလ်မှူးကြီးခွန်ဥက္ကာက ပြောသည်။
လုံခြုံရေးကဏ္ဍသည် လွန် စွာသိမ်မွေ့ကြောင်းနှင့် လက်ရှိ တွင်တပ်မတော်က ချဉ်းကပ်သော ရှုထောင့်အမြင်နှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များဘက်က ရှုမြင်သည့်ပုံစံသည် ကွာဟမှုရှိ ကြောင်း ၎င်းကဆိုသည်။
‘‘အဲဒီကွာတဲ့ဟာလေးကို အ ချိန်ယူပြီးညှိနှိုင်းရင်တော့ အဖြေ ထွက်နိုင်တယ်’’ ဟု ဗိုလ်မှူးကြီး ခွန်ဥက္ကာက ပြောသည်။
လုံခြုံရေးကဏ္ဍတွင် ကာ ကွယ်ရေးနှင့် လုံခြုံရေးဆိုင်ရာ ကိစ္စရပ်အဖြစ် အချက်နှစ်ချက်ရှိ ပြီး အဓိကဆွေးနွေးနေသည်။ ယခု ၂၁ ရာစုပင်လုံမတိုင်မီက လည်း လုံခြုံရေးကဏ္ဍအလွတ် သဘောဆွေးနွေးမှုလေးကြိမ်ပြု လုပ်ခဲ့သော်လည်း ညီလာခံသ ဘောတူညီချက်ချမှတ်နိုင်သည့် ပြေလည်မှုမရခဲ့ပေ။
၂၁ ရာစုပင်လုံတတိယအ စည်းအဝေးကို ဇူလိုင် ၁၁ မှ ၁၆ ရက်အထိ နေပြည်တော်၌ ကျင်း ပရာ နိုင်ငံရေး၊ စီးပွားရေး၊ လူမှု ရေး၊ မြေယာနှင့်သဘာဝပတ်ဝန်း ကျင်ကဏ္ဍလေးရပ်မှ သဘောတူ ညီချက် ၁၄ ချက်ကို ပြည်ထောင် စုသဘောတူစာချုပ်အစိတ်အ ပိုင်း(၂)အဖြစ် ချုပ်ဆိုခဲ့သည်။
=======================
251 / End
လုံခြုံရေးကဏ္ဍ သဘောတူညီမှ ငြိမ်းချမ်းရေးသဘောတူညီချက် ပြည့်စုံမည်ဟု အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ပြော
၁၇ ဇူလိုင် ၂၀၁၈ - ၁၃:၁၃
News ID: 902042
လုံခြုံရေးကဏ္ဍမှ ရလဒ်ကောင်း များရရှိရေးသည် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အ တွက် များစွာအရေးကြီးသည်ဟု နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။