အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
တစ်နိုင်ငံလုံးအပစ်ရပ် သဘောတူညီချက်(NCA)လက် မှတ်ရေးထိုးထားသည့် တိုင်းရင်း သား ဒေသများတွင် စီးပွားရေး လုပ်ငန်းများဆောင်ရွက်ရန်အပါ အ၀င် တိုင်းရင်းသားလုပ်ငန်းရှင် များအကျိုးစီးပွားမြှင့်တင်ရန် မြန် မာနိုင်ငံတိုင်းရင်းသားလုပ်ငန်းရှင် များအသင်းကို ဖွဲ့စည်းခဲ့ကြောင်း အသင်းအတွင်းရေးမှူး ဦးမင်း ဗညားစံက ပြောသည်။
တိုင်းရင်းသားလုပ်ငန်းရှင် ၂၇ ဦးဖြင့်ဖွဲ့စည်းထားပြီး တိုင်း ရင်းသား လုပ်ငန်းရှင်များပေါ် ထွက်လာရေးနှင့် ဒေသထွက်ကုန် များ နိုင်ငံခြားဈေးကွက်ထိုးဖောက် ၀င်ရောက်နိုင်ရေးတို့ ရည်ရွယ်ကြောင်း ဇူလိုင် ၂၀ ရက်တွင် အသင်းမိတ်ဆက်ပွဲ၌ ၎င်းကပြောသည်။
‘‘NCA ထိုးပြီးသားအဖွဲ့တွေ နဲ့ တိုင်ပင်ပြီး သူတို့ဒေသကသူတို့ ဘာလုပ်ချင်လဲ၊ အဓိက အသင်း က ဘာလုပ်ပေးဖို့ရှိလဲဆိုတာ တွေကို ဆွေးနွေးကြဖို့ပါ’’ ဟု ဦး မင်းဗညားစံက ဆက်လက်ပြောသည်။ တိုင်းရင်းသားများ အကျိုး စီးပွားကို အဓိကထားဖော်ဆောင် ရန် ဖွဲ့စည်းထားသောလွတ်လပ် သည့်အဖွဲ့အစည်းဖြစ်ကြောင်း အသင်းက ကြေညာထားပြီး တိုင်း ရင်းသားဒေသများမှ ထုတ်ကုန် အသစ်များထွက်လာရန်လည်း ရည်ရွယ်ထားသည်။
‘‘ဘ၀တူတိုင်းရင်းသားညီ နောင်တွေကြားမှာ စီးပွားရေးဆိုင် ရာလုပ်ငန်းတွေကို လက်တွဲပြီး တော့ တိုင်းပြည်စီးပွားရေးပြုပြင် ပြောင်းလဲမှုအောင်မြင်စေရေးအ တွက် အဓိက NCA လက်မှတ်ထိုး တယ်။ ဒီလိုထိုးတာ ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စု ထူ ထောင်ဖို့ဖြစ်တယ်’’ ဟု NCA ရေး ထိုးထားသည့် ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ်(PNLO)ဒုတိယဥက္ကဋ္ဌခွန်မြင့်ထွန်းက ပြောသည်။
ဒီမိုကရေစီဖက်ဒရယ်ပြည် ထောင်စုထူထောင်ရာတွင် ငြိမ်း ချမ်းရေးတည်ဆောက်ရေး၊ နိုင်ငံ ပြုပြင်ပြောင်းလဲရေးနှင့် စီးပွား ရေး ပြုပြင်ပြောင်းလဲရေးဖြစ်ပြီး စီးပွားရေး ပြုပြင်ပြောင်းလဲမှုအ တွက် အသင်းနှင့် ဆက်လက်လက်တွဲဆောင်ရွက်မည်ဟု ဆိုသည်။
‘‘စီးပွားရေး ကဏ္ဍကတော့ ပစ်ခတ်တိုက်ခိုက်မှုရပ်တဲ့ဒေသ မှာ ဘယ်လိုလုပ်မယ်ဆိုတာ၊ တိုင်းရင်းဒေသတွင်းမှာ ဘာလုပ် ငန်းတွေရှိတယ်၊ ဘာတွေလုပ် မယ်ဆိုတာ တင်ပြတယ်။ သက် ဆိုင်ရာဝန်ကြီးဌာနကို တင်ပြပြီး ကဏ္ဍအလိုက် လုပ်ကြဖို့ပါ’’ ဟု တိုင်းရင်းသားရေးရာဝန်ကြီး နိုင် သက်လွင်က ပြောသည်။
အသင်းဥက္ကဋ္ဌသည် Golden Butterfly ကုမ္ပဏီအုပ်စုမှ ဦး ယောဆတ်ဖြစ်ပြီး မြန်မာနိုင်ငံ ကျောက်မျက်ရတနာလုပ်ငန်းရှင် အသင်း ဥက္ကဋ္ဌဦးလဖိုင်ခွန်ဆာ၊ UMFCCI အတွင်းရေးမှူး ဦးအေး ၀င်း၊သီလ၀ါအထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှုကော်မတီအတွင်းရေး မှူး ဒေါက်တာ ရွှေဟိန်းတို့ကဒုတိယဥက္ကဋ္ဌအဖြစ် တာဝန်ယူ ထားသည်။
=======================
251 / End
NCA လက်မှတ်ထိုးထားသည့် ဒေသများတွင် စီးပွားရေးမြှင့်တင်ရန် မြန်မာနိုင်ငံ တိုင်းရင်းသားလုပ်ငန်းရှင်အသင်း ဖွဲ့စည်း
၂၁ ဇူလိုင် ၂၀၁၈ - ၁၂:၃၁
News ID: 902500
တစ်နိုင်ငံလုံးအပစ်ရပ် သဘောတူညီချက်(NCA)လက် မှတ်ရေးထိုးထားသည့် တိုင်းရင်း သား ဒေသများတွင် စီးပွားရေး လုပ်ငန်းများဆောင်ရွက်ရန်အပါ အ၀င် တိုင်းရင်းသားလုပ်ငန်းရှင် များအကျိုးစီးပွားမြှင့်တင်ရန် မြန် မာနိုင်ငံတိုင်းရင်းသားလုပ်ငန်းရှင် များအသင်းကို ဖွဲ့စည်းခဲ့ကြောင်း အသင်းအတွင်းရေးမှူး ဦးမင်း ဗညားစံက ပြောသည်။