အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
ရစာ သတင်းဌာန၏ သတင်း အထောက်အထားအရ ရဲဟ်ဗရ်ရေ မိုအဇန်မ် မေ အင်ကေလာဗ်ဗေ အစ္စလာမ်မီ ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ ဆရက်ဒ် အလီ ခါမေနာအီ အနေဖြင့် စာရိတ္တ ဆိုင်ရာ ဆရာ ၊ ထင်ရှားကျော်ကြားသည့် သာသနာ့ ပညာရှင် အာယာသွလ္လာဟ် ဟာဂ်ျ မိုရ်သစာ တီဟီရန်နီ အလ္လာဟ်အမိန့်ခံယူသွားခြင်း အတွက် ဝမ်းနည်းကြောင်းသဝဏ်လွှာ ပေးပို့ခဲ့ပါတယ်။
ဤ ဝမ်းနည်းကြောင်းသဝဏ်လွှာ ၏ အသေးစိတ်မှာ အောက်ပါအတိုင်း ဖြစ်ပါတယ်။
အစဉ်သနားကြင်နာ ညှာတာတော်မူသော ၊အနန္တကရုဏာတော်ရှင် အလ္လာဟ်ဟို အရှင်မြတ် ၏ နာမံတော် ဖြင့် အစပြုပါ၏။
စာရိတ္တ ဆိုင်ရာ ဆရာ ၊ ထင်ရှားကျော်ကြားသည့် သာသနာ့ ပညာရှင် အာယာသွလ္လာဟ် ဟာဂ်ျ မိုရ်သစာ တီဟီရန်နီ (ရ.ဟ) အလ္လာဟ်ဟိုအရှင်မြတ် အမိန့် ခံယူတော်မူသည့် သတင်းကြားရ၍ အလွန်တရာဝမ်းနည်းကြေကွဲ ခဲ့ရပါသည်။ ဤသာသနာ့ပညာရှင် နှင့် ဓမ္မသတ် ပညာရှင် ၏ အလင်းရောင်ပေးသည့် ဘဝသက်တမ်း သည် သာသနာ့အကျိုး သယ်ပိုးမှုနှင့် စာရိတ္တ ကောင်း ဖြင့် ဆက်ဆံမှုဖြင့် ပြည်ခဲ့ပါသည်။ မြောက်များစွာသော လူငယ်လူရွယ်များ သည် ၎င်း၏ ပညာ ၊ ပြည့်စုံလှသည့် စာရိတ္တ နှင့်အရည်အချင်းအရည်အသွေးများကို အသုံးပြုခဲ့ကြပါသည်။ ပြီး နောက် ဖြောင့်မတ် မှန်ကန်သည့် လမ်းပေါ် တွင် တည် ရှိနေပါသည်။
ကျွန်ုပ်အနေဖြင့်ဤကြီးမားသည့်သောကအပူအပင်အတွက်၎င်း၏မိသားစုဝင်များ၊ကျန်ရစ်သူများ၊ဆွေမျိုးသားချင်းများ၊တပည့်များ၊မိတ်ဆွေများ၊သားသမီးများတို့ အား ဝမ်းနည်း ကြေကွဲကြောင်း မေတ္တာ ရပ်ခံအပ်ပါသည်။ ထိုပြင် ၎င်း မရ်ဟွန်မ် ၏နေရာ အဆင့်မြှင့်မားရန် အတွက် ဒိုအာ ပြုပါသည်။
ဆရက်ဒ် အလီ ခါမနာအီ
ဇူလိုင်လ ၂၁ရက်နေ့ ၂၀၁၈ ခုနှစ်
=====================
251/End