၂၄ ဇူလိုင် ၂၀၁၈ - ၁၂:၅၅
နိုင်ငံတစ်ဝန်း စည်ပင်သာယာရေးအဖွဲ့များ၏ ကောင်းမွန်သော အလေ့အထများ မျှဝေခြင်း အလုပ်ရုံဆွေးနွေးပွဲ မန္တလေးမြို့တွင် ကျင်းပ

တိုင်းဒေသကြီးနှင့် ပြည်နယ် ၁၄ ခုရှိ မြို့နယ်များမှ စည် ပင်သာယာရေး အဖွဲ့များ၏ ကောင်းမွန်သော အလေ့အထများမျှဝေခြင်း အလုပ်ရုံဆွေးနွေး ပွဲကို ဇူလိုင် ၂၄ ရက်ကစ၍ မန္တလေးမြို့တွင် သုံးရက်ကြာ ကျင်းပနေသည်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ


တိုင်းဒေသကြီးနှင့် ပြည်နယ် ၁၄ ခုရှိ မြို့နယ်များမှ စည် ပင်သာယာရေး အဖွဲ့များ၏ ကောင်းမွန်သော အလေ့အထများမျှဝေခြင်း အလုပ်ရုံဆွေးနွေး ပွဲကို ဇူလိုင် ၂၄ ရက်ကစ၍ မန္တလေးမြို့တွင် သုံးရက်ကြာ ကျင်းပနေသည်။

အဆိုပါ အလုပ်ရုံဆွေးနွေးပွဲ ကို အာရှဖောင်ဒေးရှင်းနှင့် ဉာဏ်လင်းသစ်အဖွဲ့က ဦးဆောင်ပြုလုပ်ခြင်းဖြစ်ပြီး တိုင်းနှင့်ပြည်နယ် ၁၄ ခုမှ စည်ပင်သာယာဝန်ကြီး များ၊ ညွှန်ကြားရေးမှူးများနှင့် တာဝန်ရှိသူများ တက်ရောက်ကာ ဇူလိုင် ၂၄ မှ ၂၆ ရက်အထိ ကျင်း ပခြင်းဖြစ်သည်။

 အလုပ်ရုံဆွေးနွေးပွဲတွင် စည်ပင်သာယာအဖွဲ့များ၏ မြေပုံ နှင့် GPS အသုံးပြု၍ အမှိုက်သိမ်း ဆည်းမှုနှင့် အမှိုက်ကန်စီမံခန့်ခွဲ မှုစနစ် တိုးတက်အောင် လုပ် ဆောင်ရန်၊ ပြည်သူလူထုနှင့် ဆက်သွယ်ခြင်း၏ အရေးပါမှု၊ အ ခွန်ကောက်ခံမှု လုပ်ငန်းစဉ်များ တိုးတက်လာစေရန် နည်းလမ်း များနှင့် အခွန်စီမံခန့်ခွဲရာတွင် နည်းပညာအသုံးပြုမှုနှင့် မန္တလေး မြို့တော် စည်ပင်သာယာရေး ကော်မတီ၏ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းခွင်များကို လိုက်လံလေ့ လာခြင်း ပါဝင်မည်ဖြစ်ကြောင်း အာရှဖောင်ဒေးရှင်း တာဝန်ရှိသူ တစ်ဦးကဆိုသည်။

‘‘မြို့ပြတွေမှာ နေချင်ဖွယ် ဖြစ်အောင် ဘယ်လိုလုပ်မလဲဆို တာ စည်ပင်သာယာရေးအဖွဲ့ တွေအနေနဲ့ လုပ်ပိုင်ခွင့်ရှိနေ တယ်။ နိုင်ငံတကာအတွေ့အ ကြုံတွေ လာရောက်ဝေမျှတဲ့အခါမှာ သူတို့ပုံစံအတိုင်း တစ်ပုံစံတည်း လိုက်ကူးစရာမလိုဘူး။ နိုင်ငံတကာ အယူအဆတွေကို ကိုယ့်ဒေသနဲ့ ကိုက်ညီမယ့်ပုံစံမျိုး ဆောင်ရွက်စေချင်တယ်’’ဟု အဆိုပါ အလုပ်ရုံဆွေးနွေးပွဲ ဖွင့်ပွဲသို့ တက်ရောက်လာသည့် တိုင်းဝန်ကြီးချုပ် ကပြောသည်။

မန္တလေးမြို့တွင် ပြုလုပ်နေ သည့် အလုပ်ရုံဆွေးနွေးပွဲသည် တတိယအကြိမ်မြောက်ဖြစ်ပြီး နေပြည်တော်နှင့် ရန်ကုန်မြို့များ၌ ပြီးခဲ့သည့်နှစ်က ကျင်းပခဲ့သည်။

=======================
251 / End