၂၇ ဇူလိုင် ၂၀၁၈ - ၁၄:၅၈
ဗဟိုဘဏ်ဥက္ကဋ္ဌဦးကျော်ကျော်မောင်ကို ထပ်မံခန့်အပ် ဗဟိုဘဏ်ဥက္ကဋ္ဌအပြောင်းအလဲမလုပ်နိုင်သဖြင့် ဝေဖန်မှုများရှိ

သက်တမ်းကုန် ဆုံး၍ လစ်လပ်တော့မည့်မြန်မာ နိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌနေရာ တွင် လက်ရှိဗဟိုဘဏ်ဥက္ကဋ္ဌအ ဖြစ် တာဝန်ထမ်းဆောင်နေသည့် ဦးကျော်ကျော်မောင်ကို ထပ်မံ ခန့်အပ်ကြောင်း နိုင်ငံတော် သမ္မတက အမည်စာရင်းတင် သွင်းသည်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ


သက်တမ်းကုန် ဆုံး၍ လစ်လပ်တော့မည့်မြန်မာ နိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌနေရာ တွင် လက်ရှိဗဟိုဘဏ်ဥက္ကဋ္ဌအ ဖြစ် တာဝန်ထမ်းဆောင်နေသည့် ဦးကျော်ကျော်မောင်ကို ထပ်မံ ခန့်အပ်ကြောင်း နိုင်ငံတော် သမ္မတက အမည်စာရင်းတင် သွင်းသည်။

ဇူလိုင် ၂၆ ရက်တွင်ကျင်းပ သည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေး၌ နိုင်ငံတော် သမ္မတက အမည်စာရင်းတင် သွင်းခြင်းဖြစ်သည်။ ထပ်မံခန့် လိမ့်မည်ဟု သတင်းများထွက်ပေါ် နေသည့်အတိုင်းအသက် (၇၉) နှစ်ရှိပြီဖြစ်သည့် ဦးကျော်ကျော် မောင်အား ဗဟိုဘဏ်ဥက္ကဋ္ဌအ ဖြစ် ထပ်မံခန့်အပ်သည့်အပေါ် ဝေဖန်မှုများရှိနေသည်။

ဗဟိုဘဏ်နှင့်ပတ်သက်ပြီး အပြောင်းအလဲလုပ်စရာများရှိနေ သဖြင့် အရည်အချင်းပြည့်ဝပြီး အပြောင်းအလဲပြုလုပ်နိုင်စွမ်းရှိ မည့် ပုဂ္ဂိုလ်ကို ဗဟိုဘဏ်ဥက္ကဋ္ဌ အဖြစ် ခန့်အပ်စေလိုကြောင်းပြည် သူ့လွှတ်တော်  ကိုယ်စားလှယ် ဦးအောင်ကျော်ကျော်ဦးက ပြော ကြားသည်။

‘‘ကျွန်တော်ကတော့ သ ဘောမကျဘူး။ အပြောင်းအလဲ လုပ်နိုင်မယ်လို့လည်း မထင်ဘူး’’ ဟု ၎င်းကပြောသည်။

ဦးကျော်ကျော်မောင်သည် ၁၉၉၇ မှ ၂၀၀၇ အထိ ဗဟိုဘဏ် ဥက္ကဋ္ဌတာဝန်ယူခဲ့ပြီး ၂၀၁၃ မှ လက်ရှိအထိလည်း ဗဟိုဘဏ် ဥက္ကဋ္ဌအဖြစ်တာဝန်ထမ်းဆောင် နေသူဖြစ်သည်။ ထို့ကြောင့်ထပ်မံ ခန့်အပ်ခံရခြင်းသည်  ဗဟိုဘဏ် ဥက္ကဋ္ဌအဖြစ် သုံးကြိမ်မြောက်ခန့် အပ်ခံရခြင်းဖြစ်သည်။

ဗဟိုဘဏ်ဥက္ကဋ္ဌနေရာတွင် ဗဟိုဘဏ်ကိုတိုးတက်ပြောင်းလဲ အောင် ဆောင်ရွက်နိုင်မည့်အ ရည်အချင်းရှိသည့်ပုဂ္ဂိုလ်မျိုး ခန့် အပ်လိမ့်မည်ဟု မျှော်လင့်ခဲ့ ကြောင်း ပြည်သူ့လွှတ်တော်ဘဏ် များနှင့်ငွေကြေးဆိုင်ရာဖွံ့ဖြိုးတိုး တက်ရေးကော်မတီဥက္ကဋ္ဌဒေါ်ခင် စန်းလှိုင်က ပြောသည်။

ဦးကျော်ကျော်မောင်သည် ဗဟိုဘဏ်ဥက္ကဋ္ဌအဖြစ် အတွေ့ အကြုံရှိသဖြင့် ဗဟိုဘဏ်ကိုထိန်း ကျောင်းနိုင်မည်ဖြစ်သော်လည်း အပြောင်းအလဲဆောင်ရွက်နိုင် မည်ဟု မထင်ကြောင်း ၎င်းက သူ ၏အမြင်ကို ပြောသည်။

ဗဟိုဘဏ်ဥက္ကဋ္ဌအဖြစ် ထပ် မံခန့်အပ်မှုအပေါ် ဦးကျော်ကျော် မောင်အား ဥပဒေအရသတ်မှတ် ထားသည့်အရည်အချင်းများနှင့် ပြည့်စုံမှုမရှိကြောင်း ကန့်ကွက်လို သည့်လွှတ်တော်ကိုယ်စားလှယ် များရှိပါက ဇူလိုင် ၃၀ ရက်နောက် ဆုံးထား  စာရင်းပေးသွင်းနိုင် ကြောင်း ပြည်ထောင်စုလွှတ်တော် နာယကကကြေညာခဲ့သည်။

ကန့်ကွက်မည့်သူမရှိပါက ဦးကျော်ကျော်မောင်သည် ဗဟို ဘဏ်ဥက္ကဋ္ဌအဖြစ် ဆက်လက် တာဝန်ထမ်းဆောင်ရမည်ဖြစ် သည်။

=======================
251 / End