အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
ရေဘေးကြုံတွေ့နေရ သည့် မြို့နယ် ၁၈ ခုရှိ မိုဘိုင်းဖုန်း အသုံးပြုသူများအား ဖုန်းခေါ်ဆိုခ မိနစ် ၃၀ အခမဲ့ပေးအပ်မည်ဟု မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း ဒုတိယအရာရှိချုပ် ဦးနိုင်ကိုကိုက ပြောကြားသည်။
သြဂုတ် ၃ ရက်ကစတင်၍ ရက် ၃၀ အတွင်း အခမဲ့အသုံးပြု ရန် ခွင့်ပြုခြင်းဖြစ်သည်။ မွန်ပြည် နယ်ရှိ မြို့နယ်လေးခု၊ ကရင် ပြည်နယ်ရှိ မြို့နယ်ခြောက်ခုနှင့် ပဲခူးတိုင်းအရှေ့ဘက်ရှိ မြို့နယ် ရှစ်ခုတွင် အသုံးပြုနေသည့် မို ဘိုင်းဖုန်းများကို အခမဲ့ခေါ်ဆိုခွင့် ပြုခဲ့သည်။
မြို့နယ် ၁၈ ခုရှိ မိုဘိုင်းဖုန်း အသုံးပြုသူအရေအတွက်ကို မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက ထုတ်ပြန်ပြောဆိုရန် ငြင်းဆို သည်။
‘‘အခမဲ့ အသုံးပြုနိုင်တယ်ဆို တဲ့ SMS ရရှိတဲ့ ဖုန်းတွေပဲ အသုံး ပြုနိုင်မှာပါ’’ဟု မြန်မာ့ဆက်သွယ် ရေးလုပ်ငန်း ပြန်ကြားရေးတာဝန် ခံက ပြောသည်။
မြန်မာ့ဆက်သွယ်ရေးလုပ် ငန်း၏ မိနစ် ၃၀ အခမဲ့ အသံခေါ် ဆိုခွင့်သည် ကွန်ရက်တူ မိုဘိုင်း ဖုန်းလိုင်းများ (MPT ဖုန်းအချင်း ချင်း) အတွက်သာ အကျုံးဝင် သည်ဟု အော်ပရေတာက ကြေ ညာထားသည်။ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေ ရာချထားရေး ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ ရေဘေးရင် ဆိုင်နေရသူ ၁၂၀,၀၀၀ ကျော် ရှိသည်။
=======================
251 / End