အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီး AH Mahmood Ali ဦးဆောင်တဲ့ဘင်္ဂလားဒေ့ရှ် ကိုယ်စားလှယ်အဖွဲ့ဟာ ယမန်နေ့ သြဂုတ် ၁၁ ရက် ရခိုင်မြောက်ပိုင်းက အခြေအနေတွေကို ကိုယ်တိုင်ကိုယ်ကျ သွားရောက်ကြည့်ရှုခဲ့ကြပါတယ်။
ဘင်္ဂါလီ မွတ်ဆလင်တွေကို မူလနေရပ် ပြန်လည်နေရာချထားရေးအတွက် မြန်မာအစိုးရကပြင်ဆင်ဆောင်ရွက် နေမှုတွေကို မျက်မြင်တွေ့ရှိဖို့ မောင်တောမြို့ အနီးအနားကျေးရွာတွေကို သွားရောက်လေ့လာခဲ့ပါတယ်။
သို့ပေမယ့် နေရပ်ပြန်လာမယ့်သူတွေအတွက် နေရာချထားပေးမယ့်အဆောက်အအုံနေရာစီစဉ်မှု အပိုင်းမှာ တော့ တိုးတက်မှုတွေက သိပ်မဖြစ်စလောက်သာရှိသေးကြောင်း ဒါကာနဲ့ ရန်ကုန်က သံတမန်တွေက ပြောတယ်လို့လည်း သိရပါတယ်။
ဘင်္ဂလားဒေ့ရှ် ၀န်ကြီး Ali ကို နေရပ်စွန့်ခွာထွက်ပြေးသူ မြန်မာနိုင်ငံသားထောင်နဲ့ချီ နေထိုင်နေလျက်ရှိတဲ့ မြန်မာနိုင်ငံဘက်ခြမ်း နယ်စပ်က “ နှစ်နိုင်ငံနယ်နမိတ်မျဉ်း” ဆီ ခေါ်ဆောင်ပြသခဲ့တယ်လို့ ဆိုပါတယ်။
၎င်းတို့ကို ဘင်္ဂလားဒေ့ရှ်ဘက်က လူသားချင်းစာနာမှု အကူအညီတွေ ပေးနေမှုကို ရပ်ဆိုင်းဖို့နဲ့ ယင်းအစား ၎င်းတို့ကို မြန်မာဘက်က လူသားချင်းစာနာမှုအကူအညီတွေ ပေးမယ်ဆိုပြီး မြန်မာအစိုးရက တောင်းဆိုထားတယ် လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ သောကြာနေ့က နှစ်နိုင်ငံ အစည်းအဝေးတစ်ရပ် ကျင်းပခဲ့ပြီးနိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ရာမှာ တော့ သက်ဆိုင်ရာက သဘောတူထားတဲ့ ကတိက၀တ်တွေကို ဖော်ဆောင်ဖို့လိုအပ်ကြောင်း၊ ဘင်္ဂလားဒေ့ရှ်နဲ့ မြန်မာအကြားသဘောတူထားတဲ့ နေရပ်ပြန်လာမယ့်သူတွေကို ပြန်နေရာချထားရေးဆိုင်ရာကိစ္စတွေကို အမြန်ဆုံးအရှိန်မြှင့်ဖော်ဆောင်ဖို့ နှစ်ဘက်စလုံးကသဘောတူညီထားတယ်လို့ သိရပါတယ်။
ဒါ့အပြင် မကြာခင် နေရပ်ပြန်လာကြဖွယ် ရှိတဲ့သူတွေကို Verification Form (စိစစ် အတည်ပြု ဖောင်များ) ကျုယ်ကျယ်ပြန့်ပြန့် ထုတ်ပေးရေးဆိုင်ရာနားလည်မှုတစ်ရပ် နှစ်ဘက်အကြား သဘောတူရရှိခဲ့တယ်လို့ ဆိုပါတယ်။
ဒါ့အပြင်ဘင်္ဂလားဒေ့ရှ်ဘက်မှာ ကျန်ရှိနေတဲ့ Reception Centre တွေကိုတည်ဆောက်ဖို့လည်း နှစ်ဘက် အကြား သဘောတူခဲ့ကြပါတယ်။ အလားတူ မကြာခင် နေရပ်ပြန်လာဖွယ် ရှိသူတွေဘက်က NVC ကဒ် လက်မခံချင်ကြတဲ့ကိစ္စကို မြန်မာဘက်က တာဝန်ယူရှင်းပြပေးဖို့ ဘင်္ဂလားဒေ့ရှ်ဘက်ကတောင်းဆိုခဲ့တယ်လို့ သိရပါတယ်။
ယင်းအတွက်ကြောင့် NVC ကဒ်ရဲ့အကျိုးကျေးဇူးတွေအကြောင်း ရှင်းပြဖို့ ကိုယ်စားလှယ်အဖွဲ့တွေ Cox’s Bazar က ကမ့်တွေဆီ မြန်မာဘက်က စေလွှတ်ပေးမယ်လို့ သိရပါတယ်။ နှစ်နိုင်ငံနယ်စပ်အကြား “ နှစ်နိုင်ငံနယ်နမိတ်မျဉ်း” ပေါ်မှာလက်ရှိနေထိုင်နေလျက်ရှိကြသူတွေကို အမြန်ဆုံး စောလျင်စွာ မူလနေရာ ပြန်လည်နေရာချထားရေးကိစ္စ လုပ်ဆောင်သွားဖို့ နှစ်ဘက်အကြားသဘောတူခဲ့တယ် လို့ သိရပါတယ်။
=======================
251 / End
ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီး ဦးဆောင်သည့်ကိုယ်စားလှယ်အဖွဲ့ ရခိုင်မြောက်ပိုင်းသို့ သွားရောက်ကြည့်ရှု
၁၃ ဩဂုတ် ၂၀၁၈ - ၀၁:၁၉
News ID: 905232
ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီး AH Mahmood Ali ဦးဆောင်တဲ့ဘင်္ဂလားဒေ့ရှ် ကိုယ်စားလှယ်အဖွဲ့ဟာ ယမန်နေ့ သြဂုတ် ၁၁ ရက် ရခိုင်မြောက်ပိုင်းက အခြေအနေတွေကို ကိုယ်တိုင်ကိုယ်ကျ သွားရောက်ကြည့်ရှုခဲ့ကြပါတယ်။