၁၄ ဩဂုတ် ၂၀၁၈ - ၁၆:၄၂
ဒဂုံမြို့သစ်တောင်ပိုင်းတွင် စက်မှုလက်မှုသိပ္ပံသင်တန်းကျောင်းဖွင့်မည်

ရန်ကုန်၊ သြဂုတ် ၁၄ ။ ။ ရန်ကုန်မြို့ ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ်တွင် စက်မှုလက်မှုသိပ္ပံသင်တန်းကျောင်းတစ်ခုကို ဖွင့်လှစ်နိုင်ရန် စီစဉ်ဆောင်ရွက်နေကြောင်း တောင်ဒဂုံမြို့နယ်မှ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးညီညီက ပြောသည်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ


ရန်ကုန်၊ သြဂုတ် ၁၄ ။         ။  ရန်ကုန်မြို့ ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ်တွင် စက်မှုလက်မှုသိပ္ပံသင်တန်းကျောင်းတစ်ခုကို ဖွင့်လှစ်နိုင်ရန် စီစဉ်ဆောင်ရွက်နေကြောင်း တောင်ဒဂုံမြို့နယ်မှ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးညီညီက ပြောသည်။

 စက်မှုလက်မှု သိပ္ပံကျောင်းကို ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ်၊ ၁၀၅ ရပ်ကွက်၊ လှော်ကားလမ်းနှင့် ကရုဏာ လမ်းထောင့်ရှိ မြေဧရိယာ ၁၄ ဧကပေါ်တွင် တည်ဆောက်ရန် စီစဉ်ထားကြောင်းလည်းသိရသည်။

 “ စက်မှုသင်တန်းကျောင်းကတော့ဖွင့်ဖို့မြေနေရာရပြီပေါ့နော်။ ဒါပေမယ့် ဘယ်အချိန်ဖွင့်မလဲ ဆိုတာ တွေကတော့ အတိအကျမသိရသေးပါဘူးဗျ။ ဒါကိုပြည်ထောင်စုကနေပြီး ချမှတ်ပေးတယ်ဆိုပေမယ့်လည်းပဲ ရန်ကုန်တိုင်းလူမှုရေးဝန်ကြီးကပဲ ဒါကိုစီစဉ်ရတာပါ။ ဘယ်နေ့၊ ဘယ်ရက်ဖွင့်နိုင်မယ်ဆိုတာကို ဆက်လက် တင်ပြဆွေးနွေးသွားဖို့ရှိပါတယ်ဗျ”ဟု ဦးညီညီကဆိုသည်။

အဆိုပါသင်တန်းကျောင်းကိုဖွင့်လှစ်နိုင်ရန် ဒဂုံမြို့သစ်တောင်ပိုင်းမှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအေးနိုင်က ပြည်သူ့လွှတ်တော်တွင် တင်ပြခဲ့သောကြောင့် ပြည်ထောင်စုအစိုးရက ခွင့်ပြုပေးခဲ့ခြင်း ဖြစ်ကြောင်းလည်း သိရသည်။

 စက်မှုလက်မှုသိပ္ပံသင်တန်းကျောင်းသည် ယခုနှစ်အတွက် ဘတ်ဂျက်လျားထားချက်တွင်ပါဝင်ပြီးဖြစ်သော ကြောင့်  သုံးထပ်အဆောက်အဦးအမျိုးအစားအဖြစ် တည်ဆောက်သွားရန် စီစဉ်နေကြောင်သိရသည်။ သင်တန်းကျောင်း တည်ဆောက်ပြီးစီးပါက လူငယ်များအတွက် အသက်မွေးဝမ်းကျောင်းပညာရပ်များကို သင်ကြားပေးသွားမည်ဖြစ်ကြောင်းလည်းသိရသည်။

=======================
251 / End