အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
စစ်မှုထမ်းဟောင်း အဖွဲ့က မြေများကို မဟားတရား သိမ်းနေသည်ဟု ကချင်ပြည်နယ် လွှတ်တော်ကိုယ်စားလှယ်သုံးနှုန်း သည့် စကားရပ်ကို တပ်မတော် သားလွှတ်တော်ကိုယ်စားလှယ် ဒုတိယဗိုလ်မှူးကြီး မျိုးထက်ဝင်း က ယမန်နေ့ ပြည်ထောင်စုလွှတ် တော်တွင် မတ်တတ်ရပ်ကန့် ကွက်ခဲ့သည်။
ကချင်ပြည်နယ် ပြည်ထောင် စုလွှတ်တော်အမတ် ဒေါက်တာ ခွန်ဝင်းသောင်းက ၎င်းမဲဆန္ဒနယ် တွင် နှစ်လေး၊ ငါးဆယ် လုပ်ကိုင် လာသည့် ကြံခင်းများကို မြေလွတ် မြေရိုင်းဟု အမည်တပ်ကာ စစ်မှုထမ်းဟောင်းအဖွဲ့က မဟားတ ရားသိမ်း၍ ရောင်းစားနေကြောင်း မြေလွတ်၊မြေလပ်နှင့် မြေရိုင်း များစီမံခန့်ခွဲရေးဥပဒေကို ပြင်ဆင်သည့်ဥပဒေကြမ်းကို လွှတ်တော်အဆုံးအဖြတ်ရယူချိန် ဆွေးနွေးရာ၌ ပြောကြားခဲ့သည်။
ထို့ကြောင့် အဆိုပါဆွေးနွေး ချက်ကို လွှတ်တော်နာယက ဦးတီခွန်မြတ်က ပြန်လည်ရှင်းလင်းစေ ရာ ဒေါက်တာခွန်ဝင်းသောင်းက ‘‘ကျွန်တော်အဖွဲ့အစည်းကို မဆိုလိုပါဘူး။ စစ်ဆိုတဲ့ စကားလုံးမကြိုက်ရင် အမှုထမ်းအဖွဲ့လို့ပဲ ပြောလို့ရပါတယ်။ သို့သော် မတရားလို့ မပြောပါဘူး။ မဟားတရားဆိုတာက အဲဒီဒေသမှာ ဥပဒေဘောင်မညီဘဲ လုပ်တာကို ဆိုလိုချင်တာပါ’’ဟု ပြောသည်။
လွှတ်တော်ကိုယ်စားလှယ် ဖြစ်၍ သုံးနှုန်းမည့် စကားရပ်ကို ခိုင်ခိုင်မာမာ၊ တိတိကျကျပြောရ မည်ဖြစ်ပြီး ခိုင်မာမှုမရှိသည့် စကားလုံးသုံးပါက လွှတ်တော်ပုံရိပ်ထိခိုက်နိုင်ကြောင်း ကန့်ကွက်ခဲ့သူ ဒုတိယဗိုလ်မှူးကြီး မျိုးထက်ဝင်းက လွှတ်တော်ခေတ္တနားချိန် တွင် သတင်းထောက်များအား ပြောသည်။
‘‘လွှတ်တော်မှာ သုံးသွားတဲ့ အသုံးအနှုန်းကို မှတ်တမ်းရယူပြီး ပယ်ဖျက်ပေးဖို့ဆိုပြီး ထပြီး ကန့် ကွက်ခြင်းဖြစ်ပါတယ်’’ဟု ၎င်းက ကန့်ကွက်မှုအပေါ် ရှင်းပြသည်။
တပ်မတော်သားကိုယ်စား လှယ်၏ကန့်ကွက်မှုကြောင့် လွှတ်တော်မှတ်တမ်းတွင် အဆိုပါ စကားရပ်ကို ပယ်ဖျက်ခဲ့သည်။
တပ်မတော်သားကိုယ်စား လှယ်ကန့်ကွက်မှုသည် ၎င်း၏အ ထင်သာဖြစ်ပြီး ပြည်သူများက ပို၍ အာရုံစိုက်သောကြောင့် ကျေးဇူးတင်ကြောင်း ဒေါက်တာခွန်ဝင်း သောင်းက ပြန်လည်တုံ့ပြန်သည်။
လွှတ်တော်တွင် ယခုရက် ပိုင်းအတွင်း ပြည်ခိုင်ဖြိုးပါတီနှင့် တပ်မတော်သားလွှတ်တော်ကိုယ် စားလှယ်များက စကားရပ်အသုံး အနှုန်းကို ကန့်ကွက်သည့်ဖြစ်စဉ် အချို့ ပေါ်ပေါက်နေသည်။
‘‘မနေ့က (သြဂုတ် ၁၄)လည်း တစ်ခေါက်ဖြစ်တယ်။ ဒီနေ့လည်းတစ်ခေါက်ဖြစ်တော့ အဲဒီလိုကြာ လာရင် ပြည်သူလူထုက လွှတ် တော်မှာ စကားလုံးတွေ အငြင်း ပွားနေတယ်ဆိုပြီး မြင်သွားမှာကို စိုးရိမ်တယ်’’ဟု မင်္ဂလာဒုံမြို့နယ် ပြည်သူ့ လွှတ်တော်ကိုယ်စား လှယ် ဦးအောင်လှိုင်ဝင်းက မှတ် ချက်ပြုသည်။
ထို့ကြောင့် ပြည်သူ့ဘဏ္ဍာ ဖြင့် ကျင်းပနေသည့် လွှတ်တော် တွင် ပြည်သူများ အကျိုးရှိမည့် မူဝါဒပိုင်းဆိုင်ရာကိစ္စရပ်များသာ ဆွေးနွေးစေလိုကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။
=======================
251 / End
၁၅ ဩဂုတ် ၂၀၁၈ - ၁၅:၂၈
News ID: 905559
စစ်မှုထမ်းဟောင်း အဖွဲ့က မြေများကို မဟားတရား သိမ်းနေသည်ဟု ကချင်ပြည်နယ် လွှတ်တော်ကိုယ်စားလှယ်သုံးနှုန်း သည့် စကားရပ်ကို တပ်မတော် သားလွှတ်တော်ကိုယ်စားလှယ် ဒုတိယဗိုလ်မှူးကြီး မျိုးထက်ဝင်း က ယမန်နေ့ ပြည်ထောင်စုလွှတ် တော်တွင် မတ်တတ်ရပ်ကန့် ကွက်ခဲ့သည်။