၂၂ ဩဂုတ် ၂၀၁၈ - ၁၆:၀၁
 ယခုအကူးအပြောင်းကာလသည် အရှုပ်ထွေးဆုံးနှင့် စိန်ခေါ်မှုအများဆုံးဖြစ်ဟု ဒေါ်အောင်ဆန်းစုကြည်ပြောကြား တပ်မတော်နှင့် ဆက်ဆံရေး မဆိုးရွားဟု

မြန်မာနိုင်ငံ၏ လက်ရှိ အကူးအပြောင်း ကာလသည် အရှုပ်ထွေးဆုံးနှင့် စိန်ခေါ်မှုအ များဆုံးဖြစ်ကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင် ဆန်းစုကြည်က ယမန်နေ့ (သြဂုတ်၂၁ ရက်)တွင် ပြောကြားသည်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ


မြန်မာနိုင်ငံ၏ လက်ရှိ အကူးအပြောင်း ကာလသည် အရှုပ်ထွေးဆုံးနှင့် စိန်ခေါ်မှုအ များဆုံးဖြစ်ကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင် ဆန်းစုကြည်က ယမန်နေ့ (သြဂုတ်၂၁ ရက်)တွင် ပြောကြားသည်။

စင်ကာပူတွင်ရောက်ရှိနေ သော ဒေါ်အောင်ဆန်းစုကြည် သည် ‘မြန်မာ့ဒီမိုကရေစီအကူး အပြောင်း၏ စိန်ခေါ်မှုများနှင့် ရှေ့ ခရီး’ခေါင်းစဉ်ဖြင့် Grand Hyatt ဟိုတယ်၌ ပြုလုပ်သည့် (၄၃) ကြိမ်မြောက် Singapore Lecture ဟောပြောပွဲတွင် ယင်းသို့ထည့် သွင်းပြောကြားခြင်းဖြစ်သည်။

ရာစုနှစ်၏ နောက်ဆုံးလေးပုံ သုံးပုံကာလအတွင်း မြန်မာနိုင်ငံ သည် အဓိကအကူးအပြောင်း သုံးခုကို ဖြတ်သန်းခဲ့ရပြီး လွတ်လပ် ရေးကြိုးပမ်းမှု အကူးအပြောင်းကာလ၊    စစ်အာဏာရှင်စနစ် အကူးအပြောင်း ကာလတို့နှင့် နှိုင်းယှဉ်ကာ လက်ရှိအကူးအပြောင်းကာလသည် ခက်ခဲရှုပ်ထွေးဆုံးဖြစ်သည်ဟု   ဒေါ်အောင်ဆန်းစုကြည်က ပြောကြား သည်။

‘‘ကျွန်မတို့ ပြည်သူလူထုက ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးကို တမ်း တနေကြပါတယ်။ ဆူပူအုံကြွမှုနဲ့ ပဋိပက္ခတွေကို အဆုံးသတ်ပြီး ရုပ်ပိုင်းဆိုင်ရာရော စိတ်ပိုင်းဆိုင် ရာလုံခြုံမှုပါ လိုချင်ကြပါတယ်။ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ သူတို့ကလေး တွေရဲ့ အနာဂတ်ကို တွေးတော နိုင်တဲ့ အခွင့်အရေးအတွက်ပေါ့’’ ဟု နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်က ဆိုသည်။

မြန်မာနိုင်ငံရေရှည်စဉ်ဆက် မပြတ် ဖွံ့ဖြိုးတိုးတက်မှုစီမံချက် ကို ငြိမ်းချမ်းရေး၊ အမျိုးသားပြန် လည်သင့်မြတ်ရေး၊ လုံခြုံရေး၊ ကောင်းမွန်သော အစိုးရဖြစ်ရေး၊ စီးပွားရေးတည်ငြိမ်မှုနှင့် မက်ခရို စီးပွားရေးစီမံခန့်ခွဲမှုအားကောင်း လာရေး၊ အလုပ်အကိုင်အခွင့်အ လမ်းဖန်တီးပေးရေးနှင့် ပုဂ္ဂလိက ကဏ္ဍဖွံ့ဖြိုးရေးဟူသည့် ရည်မှန်း ချက် ငါးရပ်ကို ထောက်တိုင်သုံး ခုဖြင့် ချမှတ်အကောင်အထည် ဖော်ဆောင်ရွက်နေသည်ဟု ဒေါ် အောင်ဆန်းစုကြည်က ပြောကြား သည်။

ထို့အပြင် ယခင်အစိုးရလက် ထက်တွင် စတင်ဆောင်ရွက်ခဲ့ သော ပြည်တွင်းငြိမ်းချမ်းရေးဖြစ် စဉ်ကို ဒီချုပ်အစိုးရတက်လာချိန် ၌ ၂၁ ရာစုပင်လုံညီလာခံခေါ်ယူ ကျင်းပကာ ခိုင်မာသည့် ဒီမိုကရေ စီဖက်ဒရယ်နိုင်ငံတည်ဆောက် ရန် ကြိုးပမ်းဆောင်ရွက်ခဲ့ကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် က ရှင်းပြသည်။

‘‘ကြိုတင်မျှော်မှန်းထားတဲ့ အတိုင်း အခက်အခဲတွေနဲ့ စိတ် အနှောင့်အယှက်တွေရှိခဲ့ပေမယ့် လည်း ကျွန်မတို့တွေ ညှိနှိုင်း ဆောင်ရွက်မှုတွေ ရပ်တန့်ခြင်းမရှိ ပါဘူး။ ပါဝင်သူတွေရဲ့ စေတနာ၊ ကျွန်မတို့ ပြည်သူတွေ၊ မိတ်ဆွေ တွေရဲ့ အားပေးမှုနဲ့ ကူညီမှုတွေ ကြောင့် တိုးတက်မှုတွေရှိခဲ့ပါ တယ်’’ဟု ၎င်းက ဆိုသည်။

ရခိုင်ပြည်နယ်အရေးနှင့် ပတ်သက်၍ အကြမ်းဖက်လှုပ်ရှား မှုများ၏ အန္တရာယ်သည် ယနေ့ ကာလအထိ ဆက်လက်ရှိနေဆဲ ဖြစ်ပြီး ယင်းခြိမ်းခြောက်မှုက မြန် မာနိုင်ငံသာမက ဒေသတွင်းနိုင်ငံ များ၊ အခြားဒေသများအတွက်ပါ စိုးရိမ်ဖွယ်ရာဖြစ်ကြောင်း ဒေါ် အောင်ဆန်းစုကြည်က သတိပေး သည်။

ကုလသမဂ္ဂအတွင်းရေးမှူး ချုပ်ဟောင်း ဒေါက်တာကိုဖီအာ နန်ဦးဆောင်သည့် အကြံပေး ကော်မရှင်သည် ရခိုင်ပြည်နယ် ငြိမ်းချမ်းရေး၊ လုံခြုံရေးနှင့် ဖွံ့ဖြိုး တိုးတက်ရေးအတွက် အချက် ၈၈ ချက်ကို အကြံပြုပြီး ယင်းတို့အ နက် အချက် ၈၁ ချက်ကို မြန်မာ အစိုးရက အကောင်အထည်ဖော် ဆောင်ရွက်ပြီးဖြစ်ကြောင်း နိုင်ငံ တော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က ရှင်းပြသည်။

စီးပွားရေးရင်းနှီးမြှုပ်နှံမှုနှင့် ပတ်သက်၍ နိုင်ငံတော်၏ အတိုင် ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစု ကြည်က မြန်မာနိုင်ငံသည် စီးပွား ရေးအရ အကျိုးပြုလိုပြီး ရင်းနှီး မြှုပ်နှံသူများအတွက် လုံခြုံမှုနှင့် လွယ်လင့်တကူဖြစ်စေသည့် ပတ် ၀န်းကျင်တစ်ခုဖြစ်လိုကြောင်း ပြောကြားသည်။

ယမန်နှစ်တွင် မြန်မာနိုင်ငံ ၌ ပြည်ပရင်းနှီးမြှုပ်နှံမှု ကန်ဒေါ် လာ ရှစ်ဘီလီယံရှိပြီး ယင်းအ နက် ထက်ဝက်ကျော်ကို စင်ကာပူ နိုင်ငံက လာရောက်ရင်းနှီးမြှုပ်နှံ ခြင်း ဖြစ်သည်ဟု ဆိုသည်။

ဒေါ်အောင်ဆန်းစုကြည်၏ မိနစ် ၃၀ ခန့်ကြာ မိန့်ခွန်းဟော ပြောမှုအပြီး အမေး၊ အဖြေကဏ္ဍ ပြုလုပ်ပြီး ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်ဆင်ရေး၊ တပ်မတော်၏ အခန်းကဏ္ဍ၊ ရခိုင်ပြည်နယ်အရေး၊ စီးပွားရေးရင်းနှီးမြှုပ်နှံမှု နှင့် ပညာရေးအခြေအနေ စသည် တို့ကို တက်ရောက်လာသူများက မေးမြန်းခဲ့သည်။

ဖွဲ့စည်းပုံအခြေခံဥပဒေပြင် ဆင်ရေးနှင့်ပတ်သက်၍ ဒီချုပ်အ စိုးရသည် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးကို အကောင်အထည် ဖော်ဆောင်ရွက်သည့် ရည်မှန်း ချက်များအနက်   တစ်ခုအဖြစ် ထားရှိ လုပ်ဆောင်နေကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြော သည်။

စစ်မှန်သည့် ဒီမိုကရေစီ နည်းကျဖွဲ့စည်းပုံပေါ်ပေါက်ရန်  မရှိမဖြစ်လိုအပ်ပြီး လက်ရှိအချိန် အထိ ယင်းလိုအပ်ချက် မပြည့်ဝ သေးကြောင်းနှင့် ရည်မှန်းချက် ပြည့်ဝရန်    ဆက်လက်ညှိနှိုင်း ဆောင်ရွက်နေကြောင်း    နိုင်ငံ တော်၏   အတိုင်ပင်ခံပုဂ္ဂိုလ်က ပြောသည်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေအရ လွှတ်တော်အသီးသီး တွင် တပ်မတော်က ၂၅ ရာခိုင် နှုန်း၊ ပြည်သူရွေးချယ်တင်မြှောက် သည့် လွှတ်တော်ကိုယ်စားလှယ် ၇၅ ရာခိုင်နှုန်းရှိနေသော်လည်း အစိုးရက ၁၀၀ ရာခိုင်နှုန်းတာဝန် ရှိကြောင်း ဒေါ်အောင်ဆန်းစု ကြည်က ပြောသည်။

လွှတ်တော်အသီးသီးရှိ ပြည်သူရွေးချယ်တင်မြှောက် သည့် ပုဂ္ဂိုလ်မဟုတ်သူများကို ဖယ်ရှားရမည်ဖြစ်ပြီး ဆွေးနွေးညှိနှိုင်း ခြင်း၊ အမျိုးသားရင်ကြားစေ့ရေး ဖြင့် တစ်ဆင့်ချင်းအကောင်အ ထည်ဖော်ဆောင်ရွက်မည် ဖြစ် ကြောင်း နိုင်ငံတော်၏ အတိုင်ပင် ခံပုဂ္ဂိုလ်က ပြောသည်။

ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ဒီမိုကရေစီနည်းလမ်းမကျသော ပြဋ္ဌာန်းသတ်မှတ်ချက်များကို ပြောင်းလဲရမည်ဖြစ်ပြီး ယင်းသို့ ပြောင်းလဲရာတွင် ပြည်သူလူထု ထိခိုက်နစ်နာမှု မရှိစေရန် ဆောင် ရွက်မည်ဖြစ်ကြောင်း ဒေါ်အောင် ဆန်းစုကြည်က ပြောသည်။

အရပ်သားအစိုးရနှင့် တပ်မ တော်၏ ဆက်ဆံရေးကို တက် ရောက်လာသူတစ်ဦးက မေးမြန်း ရာတွင် ဒေါ်အောင်ဆန်းစုကြည် က ဆိုးရွားနေခြင်းမရှိကြောင်း ဖြေကြားသည်။

အထက်ပါဟောပြောပွဲမ တိုင်မီ နံနက်ပိုင်းတွင် နိုင်ငံတော် ၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင် ဆန်းစုကြည်သည် စင်ကာပူသမ္မတ ဟာလီမာယာကော့ဘ်နှင့် ၀န်ကြီးချုပ် လီရှန်လွန်းတို့ကို သွားရောက်တွေ့ဆုံခဲ့သည်။

နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်နှင့် စင်ကာပူသမ္မတတို့ တွေ့ဆုံစဉ် နှစ်နိုင်ငံချစ်ကြည်ရင်း နှီးမှု၊ အသက်မွေးဝမ်းကျောင်း သင်တန်းများ၏ အရေးပါမှု၊ စွမ်း ဆောင်ရည်ရှိသည့် လူငယ်များ မွေးထုတ်ပေးရေးနှင့် ရင်းနှီးမြှုပ်နှံ မှုအခွင့်အလမ်းများကို ဆွေးနွေး ခဲ့ကြောင်း စင်ကာပူနိုင်ငံခြားရေး ၀န်ကြီးဌာနက သတင်းထုတ်ပြန် သည်။

ယင်းနောက် ဒေါ်အောင် ဆန်းစုကြည်နှင့် ၀န်ကြီးချုပ် လီ ရှန်လွန်းတို့ တွေ့ဆုံစဉ် စီးပွားရေး စိန်ခေါ်မှုများအပါအ၀င် ဒေသ တွင်းနှင့် နိုင်ငံတကာဖွံ့ဖြိုးတိုး တက်မှုများကို ကျယ်ပြန့်စွာ ဆွေး နွေးခဲ့သည်ဟု ဆိုသည်။

ထို့အပြင် စင်ကာပူနှင့် မြန် မာနိုင်ငံအကြား စီးပွားရေးပူး ပေါင်းမှု အားကောင်းလာရေးနှင့် ရင်းနှီးမြှုပ်နှံမှု ပိုမိုဝင်ရောက်လာ ရေးအတွက် နှစ်နိုင်ငံရင်းနှီးမြှုပ်နှံ မှုစာချုပ်ကို ညှိနှိုင်းဆောင်ရွက်ခဲ့ သည်ဟု အထက်ပါသတင်းထုတ် ပြန်ချက်၌ ဖော်ပြထားသည်။

ဆက်လက်၍ စင်ကာပူဝန် ကြီးချုပ်က ရခိုင်ပြည်နယ်အရေး နှင့်ပတ်သက်၍ ဘင်္ဂလားဒေ့ရှ်၊ ကုလသမဂ္ဂနှင့် နိုင်ငံတကာအ သိုင်းအ၀ိုင်းနှင့် နီးကပ်စွာပူးပေါင်း ဆောင်ရွက်ရန် တိုက်တွန်းပြော ကြားသည်။

=======================
251 / End