၂၅ ဩဂုတ် ၂၀၁၈ - ၁၆:၁၉
ဦးခွန်ထွန်းဦးနေရာ အစားထိုးရန်အစီအစဉ်မရှိဟု SNLD ပြော

ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD) ပါ တီခေါင်းဆောင်ဦးခွန်ထွန်းဦးနေ ရာကို အခြားလူအစားထိုးရန်အ စီအစဉ်မရှိဟု SNLD ပြောရေးဆို ခွင့်ရှိသူ ဦးစိုင်းလိတ်ကပြော ကြားသည်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ


ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD) ပါ တီခေါင်းဆောင်ဦးခွန်ထွန်းဦးနေ ရာကို အခြားလူအစားထိုးရန်အ စီအစဉ်မရှိဟု SNLD ပြောရေးဆို ခွင့်ရှိသူ ဦးစိုင်းလိတ်ကပြော ကြားသည်။

အသက် (၇၅) နှစ်အရွယ်ရှိ SNLD ပါတီဥက္ကဋ္ဌ  ဦးခွန်ထွန်းဦး အနေဖြင့်ပါတီဥက္ကဋ္ဌ တာဝန်မှ နုတ်ထွက်ခွင့်တောင်းထားသော် လည်း ပါတီဗဟိုအလုပ်အမှု  ဆောင်အဖွဲ့က မဆုံးဖြတ်ရသေး ၍ဥက္ကဋ္ဌအဖြစ် ဆက်ရှိနေကြောင်း ၎င်းကရှင်းပြသည်။

‘‘လူငယ်တွေကို နေရာဖယ် ပေးဖို့ဆိုတာသူ့ရဲ့စေတနာပေါ့။ ဒါပေမဲ့ အခုအနေအထားအရက ဥက္ကဋ္ဌကြီးမရှိလို့မဖြစ်ဘူး။ ဥက္ကဋ္ဌ ကြီးရဲ့ ဦးဆောင်လမ်းညွှန်မှုကို ကျွန်တော်တို့က မခံယူဘဲနဲ့ တ ခြားအစားထိုးဖို့၊ တခြားတစ် ယောက်ရွေးဖို့တို့ ဘာတစ်ခုမှအ စီအစဉ်မရှိသေးပါဘူး’’ ဟု ဦးစိုင်း လိတ်ကပြောသည်။

ဦးခွန်ထွန်းဦးသည် ၁၉၈၈  က စတင်ဖွဲ့စည်းတည်ထောင် သော SNLD ပါတီဦးဆောင်မှု၌ ပါဝင်သူဖြစ်သည်။

ထို့နောက် ၁၉၉၀ရွေး ကောက်ပွဲတွင် ပါတီကိုဦးဆောင်  ပြီးရွေးကောက်ပွဲဝင်ရောက်ယှဉ် ပြိုင်ရာ တစ်နိုင်ငံလုံး၌ ဒုတိယ  နေရာအများဆုံး အနိုင်ရရှိခဲ့ သည်။ နိုင်ငံရေးပါတီများ၊ တိုင်း ရင်းသားပါတီများမှ ကိုယ်စား လှယ်များဖြင့်ဖွဲ့စည်းထားသော ပြည်သူ့လွှတ်တော်ကိုယ်စားပြု ကော်မတီ (CRPP) အဖွဲ့ဝင် လည်းဖြစ်သည်။

ဦးခွန်ထွန်းဦးသည် ၂၀၀၅ တွင် နိုင်ငံရေးလှုပ်ရှားမှုကြောင့် ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရပြီး ဦးသိန်းစိန်အစိုးရ လက်ထက် ၂၀၁၂ ၌လွတ်ငြိမ်းသက်သာခွင့် ဖြင့် ပြန်လည်လွတ်မြောက် လာသည်။ ထို့နောက် SNLD  ပါတီကို ပြန်လည်မှတ်ပုံတင်ကာ ဥက္ကဋ္ဌ တာဝန်ထမ်းဆောင်ခဲ့ သည်။

၂၀၁၆ ဧပြီတွင် SNLD ညီ လာခံကိုရှမ်းပြည်နယ်ကျောက်မဲ မြို့၌ ပြုလုပ်ပြီး ခေါင်းဆောင် ပြန်လည်ရွေးချယ်ရာ ဦးခွန်ထွန်း ဦးပင် ဥက္ကဋ္ဌအဖြစ်ထပ်မံအရွေး ခံရသည်။

SNLD ပါတီခေါင်းဆောင် အပြောင်းအလဲ မရှိသကဲ့သို့ ပြောင်းလဲစရာလည်း မလို ကြောင်းပါတီဗဟိုအလုပ်အမှု ဆောင်အဖွဲ့ဝင်တစ်ဦးက မှတ် ချက်ပြုသည်။

လက်ရှိ SNLD ခေါင်းဆောင် ပိုင်းကို ဥက္ကဋ္ဌ၊ ဒုဥက္ကဋ္ဌနှစ်ဦး၊ အထွေထွေအတွင်းရေးမှူး၊ တွဲ ဖက်အတွင်းရေးမှူးနှစ်ဦးဖြင့်ဖွဲ့ စည်းထားရာ ဒုဥက္ကဋ္ဌ (၁) စိုင်း စောအောင်သည် ကွယ်လွန်ပြီ ဖြစ်သည်။ ဒုဥက္ကဋ္ဌ (၂) သည် စိုင်းခမ်းပိုင်ဖဖြစ်ပြီး အထွေထွေ အတွင်းရေးမှူးသည် ဦးစိုင်းညွန့် လွင်ဖြစ်သည်။ တွဲဖက်အတွင်း ရေး မှူး  (၁) သည် ဦးစိုင်းလိတ်ဖြစ် ပြီးတွဲဖက်အတွင်းရှေးမှူး (၂) သည် ဦးစိုင်းကျော်ညွန့်ဖြစ်သည်။

SNLD သည် ၂၀၁၅ ရွေး ကောက်ပွဲတွင် ရှမ်းပြည်နယ် လွှတ်တော် ၂၄ နေရာ၊ ကချင် ပြည်နယ်လွှတ်တော် တစ် နေရာ၊  ပြည်သူ့လွှတ်တော် ၁၂ နေရာ၊အ မျိုးသားလွှတ်တော် သုံးနေရာ၊ စု  စုပေါင်း နေရာ ၄၀ အနိုင်ရရှိထား ပြီး ၂၀၁၇ ကြားဖြတ်ရွေးကောက် ပွဲ၌ ခြောက်နေရာ အနိုင်ရရှိခဲ့ သည်။

=======================
251 / End