အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
ပြည်ထောင်စုအဆင့် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင် ရာပူးတွဲစောင့်ကြည့်ရေးကော်မ တီ(JMC-U)ကိုယ်စားလှယ်အဖွဲ့ သည် ငြိမ်းချမ်းရေးလေ့လာရေး ခရီးအဖြစ် ဩဂုတ် ၂၄ ရက်က နော်ဝေးနိုင်ငံသို့ ထွက်ခွာခဲ့ ကြောင်း JMC က သတင်းထုတ် ပြန်သည်။
JMC-U ကိုယ်စားလှယ်အ ဖွဲ့ကို ဒုတိယဥက္ကဋ္ဌ(၁)ဗိုလ်ချုပ် စောအိုင်းဇက်မိုး (KNU ကိုယ်စား လှယ်)က ဦးဆောင်ပြီးကော်မတီ ၀င် ၁၅ဦးနှင့်နည်းပညာအထောက် အကူပြုရုံးဝန်ထမ်းများ အပါအ ၀င် ၁၈ ဦးလိုက်ပါကာ ဩဂုတ်၃၀ရက်အထိ ကြာမြင့်မည်ဖြစ် ကြောင်း ယမန်နေ့ သတင်းထုတ် ပြန်ချက်တွင် ဖော်ပြသည်။
ခရီးစဉ်အတွင်း ငြိမ်းချမ်း ရေးဆိုင်ရာကူညီပံ့ပိုးမှုအစီအစဉ် များကို လေ့လာမည်ဖြစ်ကာ ဖိ လစ်ပိုင်နှင့်ကိုလံဘီယာနိုင်ငံတို့၏ ငြိမ်းချမ်းရေးဆောင်ရွက်မှုတွေ့ရှိ ချက်များကိုလည်း လေ့လာမည် ဖြစ်ကြောင်း ထုတ်ပြန်သည်။
‘‘တစ်ပတ်ကြာ ခရီးစဉ်အ တွင်းမှာ အဲဒီနိုင်ငံမှာရှိတဲ့အစိုးရ ရော၊ အစိုးရမဟုတ်တဲ့ငြိမ်းချမ်း ရေးနဲ့သက်ဆိုင်တဲ့အဖွဲ့အစည်း တွေနဲ့ရောတွေ့ပြီး အမြင်ချင်း ဖလှယ်တာတွေလည်းရှိပါမယ်’’ ဟု ခရီးစဉ်တွင်ပါဝင်သည့်ပြည် ထောင်စုအဆင့် JMC အလုပ်အ ဖွဲ့တာဝန်ရှိသူက ပြောသည်။
တပ်မတော်နှင့် NCA လက် မှတ်ရေးထိုးထားသည့်တိုင်းရင်း သားလက်နက်ကိုင်အဖွဲ့များ ကြား တိုက်ပွဲများ၊ ပဋိပက္ခများ မဖြစ်ပွားရေး၊ ပြဿနာများဖြစ် ပေါ်လာပါက ပြေလည်မှုရရှိရန် ဆောင်ရွက်ရေး၊ ပြည်ထောင်စု အဆင့်၊ ပြည်နယ်၊ တိုင်းဒေသ ကြီးအဆင့်နှင့်ဒေသအဆင့် JMC များကို နှစ်ဖက်ကိုယ်စားလှယ် များ၊ အရပ်သားကိုယ်စားလှယ် များဖြင့် ဖွဲ့စည်းထားသည်။
=======================
251 / End
၂၆ ဩဂုတ် ၂၀၁၈ - ၁၆:၁၆
News ID: 906955
ပြည်ထောင်စုအဆင့် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင် ရာပူးတွဲစောင့်ကြည့်ရေးကော်မ တီ(JMC-U)ကိုယ်စားလှယ်အဖွဲ့ သည် ငြိမ်းချမ်းရေးလေ့လာရေး ခရီးအဖြစ် ဩဂုတ် ၂၄ ရက်က နော်ဝေးနိုင်ငံသို့ ထွက်ခွာခဲ့ ကြောင်း JMC က သတင်းထုတ် ပြန်သည်။