၃၀ ဩဂုတ် ၂၀၁၈ - ၁၄:၀၃
 အချက်အလက်ရှာဖွေရေး မစ်ရှင်၏ အစီရင်ခံစာ မရိုးသားကြောင်း လုံခြုံရေးကောင်စီ၌ မြန်မာတုံ့ပြန် ဖိအားပေးခြင်းက အလုပ်မဖြစ်ကြောင်း တရုတ်

ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် မစ္စတာဂူတာရက်စ်သည် ဘင်္ဂါလီ (မူရင်းတွင် ရိုဟင်ဂျာ) ဒုက္ခသည်များ ဆိုးရွားစွာခံစားနေရမှုကို အဆုံးသတ်ရေး မြန်မာနိုင်ငံ နှင့်အတူကိုင်တွယ်ဖြေရှင်းရန် လုံခြုံရေးကောင်စီကို ဩဂုတ် ၂၈ ရက်တွင်တောင်းဆိုသည်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် မစ္စတာဂူတာရက်စ်သည် ဘင်္ဂါလီ (မူရင်းတွင် ရိုဟင်ဂျာ) ဒုက္ခသည်များ ဆိုးရွားစွာခံစားနေရမှုကို အဆုံးသတ်ရေး မြန်မာနိုင်ငံ နှင့်အတူကိုင်တွယ်ဖြေရှင်းရန် လုံခြုံရေးကောင်စီကို ဩဂုတ် ၂၈ ရက်တွင်တောင်းဆိုသည်။

ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် အကြမ်းဖက်မှုများဖြစ်ပွားပြီးနောက် တစ်နှစ်အကြာ အခြေအနေနှင့်ပတ်သက်၍ ကုလသမဂ္ဂလုံခြုံရေးကောင်စီ၌ တံခါးဖွင့်ဆွေးနွေးပွဲပြုလုပ်ရာ ကုလအထွေထွေအတွင်းရေးမှူးချုပ်က ယင်းသို့ထည့်သွင်းပြောသည်။ ‘‘လက်ရှိအခြေအနေဟာ ဘင်္ဂါလီတွေဟာ သူတို့မူလဒေသ ဒါမှမဟုတ် သူတို့ရဲ့ရွေးချယ်မှုအ ရ လုံခြုံတဲ့၊ ဆန္ဒဂုဏ်သိက္ခာရှိတဲ့ သဘောဆန္ဒအလျောက် ပြန်လာ ခွင့်မျိုးမရရှိသေးဘူးဆိုတာ ရှင်း လင်းပါတယ်။ မြန်မာအာဏာပိုင်တွေကို ကုလသမဂ္ဂနဲ့ ပူးပေါင်း လုပ်ဆောင်ရေး တိုက်တွန်းပေး ဖို့ ကောင်စီအဖွဲ့ဝင်နိုင်ငံတွေကို ကျွန်တော် တောင်းဆိုပါတယ်’’ ဟု ၎င်းကပြောသည်။

မကြာမီက လူ့အခွင့်အရေး ကောင်စီသို့ တင်သွင်းခဲ့သည့် နိုင်ငံတကာ လွတ်လပ်သော အချက် အလက်ရှာဖွေရေးမစ်ရှင်၏ အစီ ရင်ခံစာသည် စိုးရိမ်ဖွယ်ကောင်း ပြီး လုံခြုံရေးကောင်စီအနေဖြင့် အလေးအနက်ထား စဉ်းစားရန် ကုလအထွေထွေအတွင်းရေးမှူး ချုပ်က တိုက်တွန်းသည်။

အဆိုပါ အချက်အလက်ရှာ ဖွေရေးမစ်ရှင်၏ အစီရင်ခံစာ သည် ဓမ္မဓိဋ္ဌာန်မကျကြောင်းနှင့် ရိုးသားမှုမရှိ၍ လွန်စွာသံသယ ဖြစ်မိကြောင်း နယူးယောက်မြို့ ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးဟောက်ဒိုဆွမ်းက ကောင်စီအစည်းအဝေး၌ တုံ့ပြန် ပြောကြားသည်။

‘‘ဒီအစီရင်ခံစာက လာမယ့် စက်တင်ဘာ ၁၈ ရက်နေ့မှ လူ့အ ခွင့်အရေးကောင်စီကို တင်သွင်း ရမှာ ဖြစ်ပါတယ်။ အခုလုံခြုံရေး ကောင်စီအစည်းအဝေး မတိုင်ခင် မှာ သီးခြားအစီရင်ခံစာတင်သွင်း တာက မစ်ရှင်ရဲ့ ဓမ္မဓိဋ္ဌာန်ကျမှု၊ သမာသမတ်ရှိမှု၊ ရိုးသားမှုတွေက မေးခွန်းထုတ်စရာ ကောင်းပါ တယ်’’ဟု ဦးဟောက်ဒိုဆွမ်းက ပြောသည်။

လုံခြုံရေးကောင်စီ အစည်း အဝေး၌ ရခိုင်ပြည်နယ်အရေးနှင့် ပတ်သက်၍ မြန်မာအစိုးရ၏ ဆောင်ရွက်နေမှုများကို အဓိက ရှင်းလင်းပြောကြားပြီး လက်ရှိ တွင် ကုလသမဂ္ဂလက်အောက်ခံ အေဂျင်စီနှစ်ခုနှင့် နားလည်မှုစာ ချွန်လွှာ လက်မှတ်ရေးထိုးကာ ပူးပေါင်းဆောင်ရွက်နေပြီး ကုလ သမဂ္ဂနှင့် ပူးပေါင်းဆောင်ရွက် မည်ဟု သံအမတ်ကြီးက ပြော ကြားသည်။

 ကောင်စီအလှည့်ကျဥက္ကဋ္ဌ ကုလဆိုင်ရာ ဗြိတိန်ဝန်ကြီး မစ္စ တာ လော့ဒ်အာမက်က မြန်မာအစိုးရ၏ လွတ်လပ်သော စုံစမ်းစစ်ဆေးရေးကော်မရှင် ဖွဲ့စည်းထားခြင်း အပါအ၀င် ဆောင်ရွက်ချက်အချို့ကို ကြိုဆိုထောက်ခံသော်လည်း လုံလောက်မှုမရှိသေးကြောင်းနှင့် ဆက်လက်ဆောင်ရွက်ရန် လိုအပ်ကြောင်း ပြောကြားသည်။

 ‘‘ထွက်ပြေးတိမ်းရှောင်နေ တဲ့ ဘင်္ဂါလီတွေ အိမ်ပြန်ခွင့်ရရပါမယ်။ သူတို့သဘောဆန္ဒအ လျောက်ပေါ့။ အရေးကြီးဆုံးက တော့ ဂုဏ်သိက္ခာရှိရှိနဲ့ ပြန်လာနိုင်ဖို့ပါပဲ’’ဟု ၎င်းကဆိုသည်။

 လုံခြုံရေးကောင်စီသည် ဘင်္ဂလားဒေ့ရှ်တွင် ရောက်ရှိနေ သော ဒုက္ခသည်များကို ကုလ သမဂ္ဂက ဆက်လက်ကာကွယ် ရန်နှင့် ကူညီထောက်ပံ့ရန်၊ အနာ ဂတ်တွင် ဘင်္ဂါလီ (မူရင်းတွင် ရို ဟင်ဂျာ)များ တရားမျှတမှုရှိရန်၊ တပ်မတော်ခေါင်းဆောင်များ အပါအ၀င် မြန်မာနိုင်ငံအပေါ် ဖိအားပေးရန်ဟူသည့် အချက်သုံးချက် ကို လုပ်ဆောင်သင့်ကြောင်း ဗြိတိန်ဝန်ကြီးက အကြံပြုသည်။

 ကောင်စီအဖွဲ့ဝင်နိုင်ငံများ သည် ရခိုင်ပြည်နယ် မြောက်ပိုင်း တွင် ကျူးလွန်ခဲ့သော လုံခြုံရေး တပ်ဖွဲ့ဝင်များ၏ ရက်စက်ကြမ်း ကြုတ်မှုများကို အာရုံစိုက်ရန် နှင့် တပ်မတော်ထိပ်ပိုင်းခေါင်း ဆောင်များကို တာဝန်ခံမှုရှိစေရန် လုပ်ဆောင်ရမည့် အရာများစွာရှိ နေသေးကြောင်း အမေရိကန်သံ အမတ်ကြီး မစ္စစ်နစ်ကီဟာလေ က ပြောကြားသည်။

‘‘ကောင်စီက နောက်ထပ် ဘာတွေဆောင်ရွက်မယ်။ ဘယ် လိုအရေးယူမယ် ဆိုတာတွေကို တစ်ကမ္ဘာလုံးက စောင့်ကြည့်နေပါတယ်’’ဟု အမေရိကန်သံအမတ်ကြီးကဆိုသည်။

 အချက်အလက်ရှာဖွေရေး မစ်ရှင်၏ အစီရင်ခံစာတွင် ပါဝင် သော အချက်အလက်များသည် အမေရိကန်အစိုးရက စုံစမ်းရှာ ဖွေထားမှုများနှင့် တူညီမှုရှိပြီး တပ်မတော် ခေါင်းဆောင်အချို့ ကို ဥရောပသမဂ္ဂနှင့် အမေရိကန် က အရေးယူပိတ်ဆို့မှု ပြုလုပ်ထားသည့်အချက်ကို မစ္စစ်နစ်ကီဟာလေက ထည့်သွင်းပြောကြား သည်။

သို့ရာတွင် တရုတ်သံအမတ် ကြီးနှင့် ရုရှားသံအမတ်ကြီးက ရခိုင်ပြည်နယ်အရေးနှင့် ပတ် သက်၍ မြန်မာအစိုးရ၏ ဆောင်  ရွက်ချက်များကို စောင့်ကြည့်ရန် လိုအပ်ပြီး တိုးတက်မှုရှိနေချိန် တွင် ဖိအားပေးခြင်းက အလုပ်မဖြစ်ကြောင်း ထည့်သွင်းပြောကြားသည်။

=======================
251 / End