၃၁ ဩဂုတ် ၂၀၁၈ - ၁၇:၀၀
သမ္မတဦးဝင်းမြင့် အိန္ဒိယ၀န်ကြီးချုပ်မိုဒီနှင့် တွေ့ဆုံ၍ နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်ရေးဆွေးနွေး

နိုင်ငံတော်သမ္မတဦးဝင်းမြင့်သည် အိန္ဒိယ၀န်ကြီးချုပ် နာရန်ဒရာမိုဒီနှင့် ယမန်နေ့တွင်တွေ့ဆုံပြီး နှစ်နိုင်ငံပူးပေါင်း ဆောင် ရွက်မှုအားကောင်းလာရေးဆွေးနွေးခဲ့ကြောင်း အိန္ဒိယသတင်းဌာန The Hindu က ဖော်ပြသည်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ


 နိုင်ငံတော်သမ္မတဦးဝင်းမြင့်သည် အိန္ဒိယ၀န်ကြီးချုပ် နာရန်ဒရာမိုဒီနှင့် ယမန်နေ့တွင်တွေ့ဆုံပြီး နှစ်နိုင်ငံပူးပေါင်း ဆောင် ရွက်မှုအားကောင်းလာရေးဆွေးနွေးခဲ့ကြောင်း အိန္ဒိယသတင်းဌာန The Hindu က ဖော်ပြသည်။

နီပေါနိုင်ငံ ခတ္တမန္ဒူမြို့၌ ကျင်းပသည့် စတုတ္ထအကြိမ် မြောက် ဘင်းမ်စတက်ထိပ်သီးအ စည်းအဝေးသို့ တက်ရောက်သော အထက်ပါခေါင်းဆောင်နှစ်ဦး သည် သီးခြားတွေ့ဆုံကာနှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ရေး ဆွေး နွေးခြင်းဖြစ်သည်။

‘‘ပူးပေါင်းဆောင်ရွက်မှုကို ဦးတည်ပြီး စွမ်းအင်နဲ့တခြားနယ် ပယ်တွေမှာ နှစ်နိုင်ငံဆက်ဆံရေး မြှင့်တင်ဖို့အတွက် ဆွေးနွေးခဲ့ပါ တယ်’’ ဟု အိန္ဒိယပြင်ပရေးရာဝန် ကြီးဌာနပြောခွင့်ရပုဂ္ဂိုလ်ရာဗွီးရှ် ကုမာက ၎င်း၏တွစ်တာ၌ရေး သားသည်။

အိန္ဒိယ၀န်ကြီးချုပ်မိုဒီသည် ဩဂုတ် ၃၀ ရက်တွင် ဘင်္ဂလား ဒေ့ရှ်ဝန်ကြီးချုပ်မစ္စစ်ရှိတ်ဟာဆီ နာ၊ သီရိလင်္ကာသမ္မတမာသီရိ ပလာသီရိဆီနာတို့နှင့် သီးခြားစီ တွေ့ဆုံခဲ့သည်။

သမ္မတဦးဝင်းမြင့်သည် ၀န် ကြီးချုပ်မိုဒီနှင့်တွေ့ဆုံစဉ် ရခိုင် ပြည်နယ်၌ အိန္ဒိယအစိုးရက ကူညီထောက်ပံ့သည့်အခြေအ နေများနှင့်ပတ်သက်၍ ဆွေးနွေးခဲ့ ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန က သတင်းထုတ်ပြန်သည်။

ထို့အပြင် နိုင်ငံတော်သမ္မတ သည် ဘူလ်တန်နိုင်ငံကြားဖြတ် အစိုးရအဖွဲ့ အကြံပေးပုဂ္ဂိုလ်နှင့် သီးခြားတွေ့ဆုံခဲ့ပြီး ဘင်းမ်စ တက်ထိပ်သီးအစည်းအဝေးပိတ် ပွဲသို့ တက်ရောက်ခဲ့သည်။

ဘင်းမ်စတက်ထိပ်သီးအ စည်းအဝေးနောက်ဆုံးနေ့တွင် အ ဖွဲ့ဝင်ခုနစ်နိုင်ငံ၏ သဘောတူညီ ချက်ဖြင့် ဘင်းမ်စတက်ကြေညာ ချက်ကို ထုတ်ပြန်သည်။

နီပေါသမ္မတမစ္စစ်ဘီဒီယာ ဒေဗီဘန်ဒါရ်၏ ဖိတ်ကြားချက်အ ရ ဘင်းမ်စတက်ထိပ်သီးအစည်း အဝေးတက်ရောက်ရန်နှင့် တရား ၀င်ချစ်ကြည်ရေးခရီးစဉ်အဖြစ် ဩဂုတ် ၂၈ ရက်တွင်သွားရောက် သည့် သမ္မတဦးဝင်းမြင့်နှင့် ဇနီး ဒေါ်ချိုချို၊ မြန်မာကိုယ်စားလှယ် အဖွဲ့သည် ယမန်နေ့ညနေ၌ နေ ပြည်တော် အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ပြန်လည်ရောက်ရှိ လာသည်။

=======================
251 / End