၂ စက်တင်ဘာ ၂၀၁၈ - ၁၄:၀၃
‘‘ကျွန်တော်တို့အရေးယူရပြီဆိုရင် အထပ်ထပ်အခါခါတော့ စဉ်းစားပါတယ်။ ပြီးတော့မှ မလွှဲသာလို့၊ လုပ်သင့်လုပ်ထိုက်တဲ့အချိန်ရောက်လာလို့ ကျွန

ဒေါက်တာသက်သက်ခိုင်နဲ့ ဦး ကျော်ဇေယျတို့ကို ပါတီတာဝန် တွေကနေ ရပ်စဲလိုက်တဲ့အခြေ အနေကို မေးချင်လို့ပါ။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ


ဒေါက်တာသက်သက်ခိုင်နဲ့ ဦး ကျော်ဇေယျတို့ကို ပါတီတာဝန် တွေကနေ ရပ်စဲလိုက်တဲ့အခြေ အနေကို မေးချင်လို့ပါ။

ပါတီကပေးထားတဲ့တာဝန် တွေကို ရပ်ဆိုင်းလိုက်တာပါ။ ပါ တီဝင်အဖြစ်ဆက်ရှိပါတယ်။ လွှတ်တော်ကိုယ်စားလှယ်အဖြစ် ဆက်ရှိပါတယ်။ မြို့နယ်အလုပ် အမှုဆောင်တာဝန်တွေအဖြစ်က နေရပ်ဆိုင်းတာပါ။

လောလောဆယ် သူတို့နှစ်ဦးပဲ လား။

သူတို့နှစ်ဦးပါပဲ။

သူတို့နှစ်ဦးကို ဘာကြောင့်ပါတီ တာဝန်ကနေ ရပ်ဆိုင်းလိုက်တာ ပါလဲ။

ပါတီစည်းကမ်းကို လိုက်နာ မှုမရှိလို့ပါ။ အဖွဲ့အစည်းဖြစ်လာ ပြီဆိုရင် ကျွန်တော်တို့က ပါတီက ချမှတ်ထားတဲ့စည်းကမ်းလည်းရှိ ပါတယ်။ အဲဒါတွေကို မဖြစ်မနေ ပါတီဝင်တိုင်းလိုက်နာရပါတယ်။ ကွဲလွဲတဲ့သဘောထားရှိရင် ပါတီ တွင်းအစည်းအဝေးတွေမှာ ကျွန် တော်တို့လွတ်လပ်စွာကွဲလွဲပြီး ငြင်းခုံခွင့်ရှိပါတယ်။ သို့သော် ပါ တီက ချမှတ်ပြီးဖြစ်တဲ့စည်းမျဉ်း စည်းကမ်းတွေကိုတော့ သူတို့က မဖြစ်မနေလိုက်နာရပါတယ်။ ဒီ လိုမှမဟုတ်ရင် မိမိမှန်တယ်ထင် တိုင်း ပါတီဝင်တစ်ဦးချင်းကလုပ် နေမယ်ထင်ရင် ပါတီရဲ့စည်းလုံး ညီညွတ်မှုကို ထိခိုက်ပါတယ်။ ဒါ ကြောင့် အရေးယူခြင်းဖြစ်ပါ တယ်။

ဒေါက်တာသက်သက်ခိုင်ဆိုရင် ပြီးခဲ့တဲ့ရက်ပိုင်းက မီဒီယာတစ်ခု ကို အင်တာဗျူးဖြေဆိုခဲ့တာပေါ့။ ဦးကျော်ဇေယျဆိုရင်လည်း မီဒီ ယာတွေကို ဖြေဆိုတာတွေရှိတာ ပေါ့။ ဒါတွေနဲ့သက်ဆိုင်မလား။

ကျွန်တော်တို့ကတော့ ပါတီ စည်းကမ်းမလိုက်နာတာကိုပဲ ပြောပြချင်ပါတယ်။ ဒါက အဓိက ပါပဲ။

ကိုယ်စားလှယ်နှစ်ဦးကို ပါတီတာ ၀န်တွေရပ်ဆိုင်းတယ်ဆိုတဲ့ သ တင်းစကားက တခြားကိုယ်စား လှယ်တွေအပေါ် ဘယ်လိုအကျိုး သက်ရောက်စေမလဲ။

ဒါကတော့ ပါတီကထုတ် ပြန်တဲ့လမ်းညွှန်ချက်တွေပုံမှန် လိုက်နာတဲ့ကိုယ်စားလှယ်တွေအ တွက် ဘယ်လိုမှထိခိုက်မှာမဟုတ် ပါဘူး။ အကယ်၍ ပါတီကလမ်း စဉ်နဲ့မိမိယုံကြည်ယူဆချက်က ပို မိုမှန်ကန်တယ်ထင်တယ်ဆိုပြီး တော့ ပါတီကချမှတ်တဲ့လမ်းစဉ် ကို လိုက်နာခြင်းမရှိတဲ့သူတွေအ တွက် ဒါကသတိပေးချက်တစ်ခု ဖြစ်ပါလိမ့်မယ်။

ဒီအရေးယူမှုမတိုင်ခင်ရှေ့မှာ အ ရေးယူခဲ့တဲ့ ကိုယ်စားလှယ်စုစု ပေါင်း ဘယ်နှဦးလောက်ရှိသလဲ ဗျ။ ၂၀၁၅ အထွေထွေရွေး ကောက်ပွဲအလွန်ပေါ့။

တချို့တော့ရှိပါတယ်။ ဒါ ပေမဲ့သိပ်တော့မများပါဘူး။ အ ရေအတွက်ကတော့ ကျွန်တော် တို့ထုတ်မပြောပါဘူးခင်ဗျ။

ဒေါက်တာသက်သက်ခိုင်နဲ့ ဦး ကျော်ဇေယျတို့ကို အရေးယူမှုက ပါတီတွင်းဒီမိုကရေစီကျင့်စဉ်နဲ့ လွတ်လပ်စွာပြောဆိုခွင့်အပေါ် မေးခွန်းထုတ်ခံရတာကို ဘယ်လို တုံ့ပြန်ချင်လဲ။

ပါတီစည်းကမ်းချိုးဖောက် တာက လွတ်လပ်စွာပြောဆိုခွင့်နဲ့ မဆိုင်ပါဘူး။ လွတ်လပ်စွာပြော ဆိုခွင့်က တစ်ဦးချင်းနဲ့ဆိုင်ပါ တယ်။ အဖွဲ့အစည်းတိုင်းမှာ အ သင်းအဖွဲ့စည်းမျဉ်းရှိပါတယ်။ ပါ တီစည်းကမ်းရှိပါတယ်။ တရား ၀င်ပါတီဝင်တိုင်းဟာ ပါတီကချ မှတ်တဲ့စည်းကမ်းကို လိုက်နာရပါ တယ်။ လိုက်နာရတယ်ဆိုတာ ဘာလဲ။ တစ်နည်းအားဖြင့် မိမိတို့ အားလုံးရဲ့ဘုံသဘောတူညီချက် ရရှိပြီးတော့ ပိုပြီးတော့စုပေါင်းပြီး လုပ်နိုင်အောင် ဒီရည်ရွယ်ချက်နဲ့ အသင်းအဖွဲ့တွေတည်ထောင် တာဖြစ်ပါတယ်။ တစ်ဦးတည်းအ နေနဲ့ကတော့ လွတ်လွတ်လပ်လပ် ပြောခွင့်ရှိပါတယ်။ ပါတီဝင်တစ် ဦးအနေနဲ့ ဒီလိုပြောခွင့်မရှိပါဘူး။ အဲဒါကို နည်းနည်းကွဲပြားအောင် ကြည့်ဖို့လိုပါတယ်။

ပါတီတွင်းမှာ လွတ်လပ်စွာထိန်း ကျောင်းခွင့်၊ ထောက်ပြဝေဖန်ခွင့် ဒီအခြေအနေကတော့ လက်ရှိမှာ ဘယ်လိုရှိလဲဗျ။

ကျွန်တော်တို့က ပါတီမှာ စည်းလုံးညီညွတ်မှုပြိုကွဲမယ်၊ တစ်ယောက်နဲ့တစ်ယောက်စိတ် သဘောထားကွဲမှာစိုးတဲ့အတွက် ဗဟိုကနေ ထိန်းချုပ်မှုအသင့်အ တင့်ရှိတယ်ဆိုတာ ကျွန်တော်တို့ ၀န်ခံပါတယ်။ သို့သော်လည်း ဗဟိုကနေပဲ အရာရာကိုဆုံးဖြတ် တာမဟုတ်ပါဘူး။ အခုလို ကျွန် တော်တို့ဆုံးဖြတ်လိုက်တယ်။ သူ တို့မှာ အယူခံခွင့်ရှိတယ်။ ဘာ ကြောင့် ဒီလိုအရေးယူခံရတယ်။ ဒါတွေကို သူတို့အယူခံခွင့်ရှိ တယ်။ မေးမြန်းခွင့်ရှိတယ်။ တစ် သဝေမတိမ်းကျွန်တော်တို့ချမှတ် တဲ့ပြစ်ဒဏ်အတိုင်း ခံရတာ မဟုတ်ပါဘူး။ တချို့လည်းဒီလို အယူခံရာမှာ ပြစ်ဒဏ်ကနေ ပြန် လည်ဖြေလျှော့ပေးတဲ့အဖြစ်တွေ ရှိပါတယ်။
ဆရာ စောစောကပြောသလို အ ယူခံခွင့်ရှိတယ်ဆိုတော့ အရေး ယူမှုကို ပြန်စဉ်းစားသွားမလား။

ပြန်စဉ်းစားမှာပါ။ ဒါတော့ အမြဲတမ်း ပြန်စဉ်းစားပါတယ်။ စီအီးစီကနေ စဉ်းစားမယ်။ နောက် တစ်ခါအနီးစပ်ဆုံး ပါတီဗဟိုကော်မတီမှာ လုပ်နိုင်တယ်။ ဒီ ထက်ပိုမြင့်တဲ့ နိုင်ငံလုံးဆိုင်ရာညီလာခံမှာ အယူခံဝင်နိုင်ပါသေး တယ်။

ပါတီတွင်းမှာ ကိုယ်စားလှယ်တွေ ရဲ့ ထောက်ပြဝေဖန်မှုကို ဘယ် လောက်အထိ စဉ်းစားဆောင် ရွက်ပေးနေလဲ။

ဒေါ်သက်သက်ခိုင်တို့၊ ဦး ကျော်ဇေယျတို့က လွှတ်တော် ကိုယ်စားလှယ်တွေပါ။ သူတို့ရဲ့ ထောက်ပြတဲ့အချက်ဟာ ပါတီကနေ စည်းကမ်းချိုးဖောက်မှုအပိုင်းနဲ့ဆိုင်ပါတယ်။ ပါတီကို ဘယ် ဟာတွေ ပြုပြင်ဖို့ဆိုတဲ့ တိတိကျ ကျ သူတို့ထောက်ပြတာမရှိပါ ဘူး။ ပါတီစည်းကမ်းရဲ့ ဘယ်အ ပိုင်းလဲဆိုတာ။ ကျွန်တော်တို့က လည်း လက်ရှိနိုင်ငံရေးဖြစ်စဉ်အ ရ မြန်မာနိုင်ငံမှာ ပြုလုပ်လို့ရနိုင် မယ့် ပါတီတွင်း ဖြေလျှော့မှုတွေ၊ ဒါတွေ အကုန်ဆွေးနွေးလို့ရတဲ့ ကိစ္စပါခင်ဗျ။ ဒီမိုကရေစီအသား ကျပြီးသား နိုင်ငံတွေနဲ့တော့ ကျွန် တော်တို့ရဲ့ ဒီမိုကရေစီကျင့်သုံးပုံ ကတော့ လောလောဆယ် တူညီ နိုင်မှာမဟုတ်ပါဘူး။

ပါတီအနေနဲ့ ကိုယ်စားလှယ်တွေပဲဖြစ်ဖြစ်၊ ပါတီဝင်တွေကိုပဲဖြစ်ဖြစ် အရေးယူမှုအပိုင်းမှာဒီထက်ပိုပြီး ပွင့်လင်းမြင်သာရှိဖို့လိုလား။ ပွင့်လင်းမြင်သာရှိဖို့ ဘယ်လိုဆောင်ရွက်သွားမလဲ။

အများအားဖြင့် ကျွန်တော် တို့က စုံစမ်းစစ်ဆေးပြီးမှ ဒီလိုအရေးယူမှုလုပ်ပါတယ်။ စုံစမ်းစစ်ဆေးမှုမရှိဘဲ လုပ်တာက ဘယ်လိုတွေ ဖြစ်တတ်လဲဆို တော့ ဥပဒေစကားအရ မြင်ရုံမျှနဲ့ သိသာနေတဲ့ အချက်တချို့ရှိ မှ တစ်ခါတည်း ဆုံးဖြတ်တာဖြစ် ပါတယ်။

ဒါကျတော့ တိုင်တန်းမှုရှိလို့လား။ ဘယ်လိုအခြေအနေလဲဗျ။

ကျွန်တော်တို့ကို တင်ပြထား တဲ့စာတွေရှိပါတယ်။ ကျွန်တော် တို့ အရေးမယူဘဲ စောင့်ကြည့်နေ ရပါတယ်။ အခုကတော့ အရေး ယူသင့်ပြီလို့ ဆုံးဖြတ်လိုက်တာ ဖြစ်ပါတယ်။

လက်ရှိဖြစ်စဉ်က ၂၀၂၀ အထွေ ထွေရွေးကောက်ပွဲမှာ ပါတီကို လူထုထောက်ခံမှု ကျသွားမယ်လို့ ယူဆလား။

 ဒါတော့ မဖြစ်နိုင်ပါဘူး။ ပါတီဟာ ပါတီရဲ့ စည်းကမ်းအရအရေးယူတာပါ။ ပြည်သူမှာဘယ်လိုမှ ထိခိုက်မှုမရှိဘူးလို့ မျှော်လင့်ပါတယ်။ ကျွန်တော်တို့က ပြည်သူတွေအပေါ်မှာ ပိုပြီးလွှတ်တော်ကိုယ်စားလှယ်က တာဝန်သိဖို့ ပြောတာပါ။ အဖွဲ့လိုက်လုပ်ဆောင်တာနဲ့ တစ်ဦးတည်းမိမိအကောင်းဆုံးလို့ ထင်တာလုပ်တာ အဲဒါနှစ်ခုကြားမှာ ကွဲပြားအောင် ကြည့်စေချင်ပါတယ်။ ကျွန်တော်တို့ကတော့ အဖွဲ့လိုက်၊ အသင်းလိုက် လုပ်ဆောင်ချက် ဖြစ်အောင် ကြိုးစားနေတာပါ။

ဖြည့်စွက်ပြောချင်တာ ရှိဦးမလား ဗျ။

ကျွန်တော်တို့ အရေးယူရပြီ ဆိုရင် အထပ်ထပ်အခါခါစဉ်းစား ပါတယ်။ ပြီးတော့မှ မလွှဲသာလို့၊ လုပ်သင့်လုပ်ထိုက်တဲ့ အချိန် ရောက်လာလို့ ကျွန်တော်တို့ အ ရေးယူကြတာဖြစ်ပါတယ်။

အခုလို ဖြေကြားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။

=======================
251 / End