အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
မူဆယ်နယ်စပ်တွင် တရုတ်ယွမ်ငွေ တန်ဖိုးမြင့်တက် သော်လည်း ယူနန်ပြည်နယ်သို့ သကြားနှင့် ဆန်အပါအ၀င် မြန်မာနိုင်ငံက ပို့ကုန်တင်ပို့မှုလျော့နည်းသဖြင့် ကုန်သည်များအကျိုးခံစား ခွင့်မရကြောင်း နယ်စပ်မှ ကုန်သည်များက ပြောသည်။
မြန်မာ၊ တရုတ်နယ်စပ်ကုန် သွယ်ရေး၌ ယွမ်ငွေဖြင့်သာ အ ရောင်းအ၀ယ်ပြုလုပ်ပြီး စက်တင် ဘာ ၁ ရက်တွင် မူဆယ်မြို့၌ တစ်ယွမ်လျှင် ၂၂၅ ကျပ်ဈေးဖွင့်သည်။ ပြီးခဲ့သည့်လက တစ်ယွမ်လျှင် ၂၁၅ ကျပ်ခန့်သာရှိသော်လည်း ယခုရက်ပိုင်းတွင် ယွမ်တန်ဖိုးမြင့်တက်လာခြင်းဖြစ်ကြောင်း မူဆယ်မြို့ရှိ ကုန်သည်အချို့က ဆိုသည်။ယွမ်ငွေတန်ဖိုးမြင့်တက်ခြင်းသည် မြန်မာနိုင်ငံမှ လယ်ယာ ထွက်ကုန်၊ ရေထွက်ကုန်များအပါ အ၀င် ပို့ကုန်လုပ်ငန်းများအတွက် အခွင့်အလမ်းဖြစ်သော်လည်း လက်ရှိတွင် ကုန်သည်များခံစားခွင့်မရကြောင်း ၎င်းတို့က ပြောကြားသည်။
တရားမ၀င်ကုန်သွယ်ရေး တားဆီးခြင်းကဲ့သို့ ခေါင်းစဉ်ဖြင့် မြန်မာနိုင်ငံက တင်ပို့မည့် သကြားများကို စက်တင်ဘာ ၁ ရက်မှ ၁၀ ရက်အထိ တရုတ်ကုန်သည်များက အ၀ယ်ရပ်ထားခြင်း၊ ပြည်တွင်းဈေးမြင့်တက်ပြီး တရုတ်ကုန်သည်များ၏ အ၀ယ်ဈေးနည်းခြင်းကြောင့် ဆန်ရောင်းချမှုနည်းခြင်းစသည့်အခြေအနေမျိုးကို မူဆယ်ကုန်စည်ဒိုင်၌ ကြုံတွေ့နေရကြောင်း ကုန်သည်များက ပြော သည်။
မိုးရာသီတွင် မူဆယ်မြို့မှ ယူနန်ပြည်နယ်ရွှေလီမြို့သို့ မြန် မာနိုင်ငံ၏ အများဆုံးပို့ကုန်များ သည် သကြား၊ ဆန်၊ ပြောင်းဖူးစေ့ အပါအ၀င်လယ်ယာထွက်ကုန် များ ဖြစ်သည်။ ဖရဲ၊ သရက်ကဲ့သို့ သစ်သီးဝလံတင်ပို့မှုသည် လက်ရှိ တွင် တန်ချိန်အနည်းငယ်သာရှိကြောင်း မူဆယ်ဆန်ကုန်စည်ဒိုင်မှ ကုန်သည်အချို့က ပြောသည်။
မြန်မာ၊ တရုတ်နှစ်နိုင်ငံ နယ်စပ်ကုန်သွယ်ရေးပမာဏသည် ကုန်သွယ်ရေးစုစုပေါင်း၏ ၅၀ ရာခိုင်နှုန်းကျော်ရှိသည်။ ၂၀၁၇-၁၈ဘဏ္ဍာနှစ်တွင် မြန်မာ၊ တရုတ်နှစ်နိုင်ငံကုန်သွယ်ရေး၌ ကုန်သွယ်မှုပမာဏ ကန်ဒေါ်လာ ၁၁ ဘီလီယံကျော်ရှိပြီး မူဆယ်နယ်စပ်မှ ကုန်သွယ်ရေး ပမာဏ ၅ ဒသမ ၈ဘီလီယံကျော်တန်ဖိုးရှိကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်း ၀ယ်ရေးဝန်ကြီးဌာနစာရင်းများ၌ ဖော်ပြထားသည်။
၂၀၁၈ ဧပြီမှ သြဂုတ် ၂၄ ရက်အထိ ငါးလအတွင်း မူဆယ်၊ လွယ်ဂျယ်၊ ချင်းရွှေဟော်၊ ကန်ပိုက်တီးနယ်စပ်ကုန်သွယ်ရေးစခန်းများမှ မြန်မာ၊ တရုတ်နယ်စပ်ကုန်သွယ်ရေး ကန်ဒေါ်လာ ၂ဒသမ၆ ဘီလီယံကျော် ကုန်သွယ်ခဲ့ပြီး မူဆယ်နယ်စပ်ကုန်သွယ်ရေးမှ ကုန်သွယ်မှုပမာဏ ၂ဒသမ၃ ဘီလီယံကျော်ရှိသည်။
=======================
251 / End
၃ စက်တင်ဘာ ၂၀၁၈ - ၁၄:၀၄
News ID: 907889
မူဆယ်နယ်စပ်တွင် တရုတ်ယွမ်ငွေ တန်ဖိုးမြင့်တက် သော်လည်း ယူနန်ပြည်နယ်သို့ သကြားနှင့် ဆန်အပါအ၀င် မြန်မာနိုင်ငံက ပို့ကုန်တင်ပို့မှုလျော့နည်းသဖြင့် ကုန်သည်များအကျိုးခံစား ခွင့်မရကြောင်း နယ်စပ်မှ ကုန်သည်များက ပြောသည်။