၈ စက်တင်ဘာ ၂၀၁၈ - ၁၂:၂၃
အကူးအပြောင်းကာလ နောက်ကြောင်းပြန်မလှည့်ရန် ထိန်းသိမ်း၍ ဆောင်ရွက်နေဟု ဦးဇော်ဌေးပြော ကုလညီလာခံတွင် မြန်မာနိုင်ငံအပေါ် ဖိအားပေးမှုမျာ

မြန်မာနိုင်ငံသည် အကူးအပြောင်းကာလတွင်သာ ရှိနေပြီး နောက်ကြောင်းပြန်မ လှည့်ရန် ထိန်းသိမ်းဆောင်ရွက်နေကြောင်း သမ္မတရုံးပြောခွင့်ရ ပုဂ္ဂိုလ် ဦးဇော်ဌေးက ပြောသည်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ


 မြန်မာနိုင်ငံသည် အကူးအပြောင်းကာလတွင်သာ ရှိနေပြီး နောက်ကြောင်းပြန်မ လှည့်ရန် ထိန်းသိမ်းဆောင်ရွက်နေကြောင်း သမ္မတရုံးပြောခွင့်ရ ပုဂ္ဂိုလ် ဦးဇော်ဌေးက ပြောသည်။

နိုင်ငံအတွင်း ညီညီညွတ် ညွတ်ရှိရန် လိုအပ်ကြောင်းနှင့် လက်ရှိ ဖြစ်ပေါ်နေသော နိုင်ငံတ ကာ အခင်းအကျင်းပြဿနာများ ကို အဆုံးထိစဉ်းစားကာ ဆောင်ရွက်ရန် လိုအပ်ကြောင်း ယမန်နေ့ တွင် သမ္မတအိမ်တော်သတင်းစာ ရှင်းလင်းသည့် ခန်းမဆောင်၌ ဦးဇော်ဌေးက သတင်းထောက် များအား ပြောသည်။

‘‘အခုချိန်ထိ ကျွန်တော်တို့ က ရှေ့ကို သွားနေတုန်းပဲ။ နောက် ကြောင်းတော့ ပြန်လှည့်လို့မရ ဘူး’’ဟု ၎င်းက ဆိုသည်။

ယခုလ တတိယပတ်တွင် ကျင်းပမည့် ကုလသမဂ္ဂအထွေ ထွေညီလာခံ၌ မြန်မာနိုင်ငံအ ပေါ် ဖိအားပေးမှုများရှိလာနိုင်ပြီး ရိုက်တာသတင်းထောက်နှစ်ဦးကို ထောင်ဒဏ်ခုနစ်နှစ် အမိန့်ချမှတ် ချိန်နှင့် ကုလညီလာခံ ကျင်းပမည့်အချိန် တိုက်ဆိုင်နေ၍ မြန်မာအစိုးရအတွက် ဖိအား ပိုများစေကြောင်း ဦးဇော်ဌေးက ပြောသည်။

 မြန်မာ့လူ့အဖွဲ့အစည်းအ တွင်း မညီညွတ်မှုများရှိနေသရွေ့ အစိုးရ၊ နိုင်ငံရေးပါတီများ၊ အရပ် ဘက်အဖွဲ့အစည်းများ အပါအ ဝင် နိုင်ငံ၏အင်စတီကျူးရှင်းအား လုံး လုပ်ကိုင်ရ ခက်ခဲမည်ဖြစ် ကြောင်းနှင့် ယင်းအခြေအနေကို မရောက်စေလိုကြောင်း ဦးဇော် ဌေးက ဆက်လက်ပြောသည်။

လက်ရှိ မြန်မာနိုင်ငံ၏အရေး ကြီးဆုံး စိန်ခေါ်မှုများဖြစ်သည့် ရခိုင်ပြည်နယ်အရေး၊ ငြိမ်းချမ်း ရေး၊ စီးပွားရေးအခက်အခဲများ သာမက ပြည်သူအကြား လူမျိုးရေးမမျှတမှု၊ ဝင်ငွေထွက်ငွေမညီ မျှမှု၊ လူတန်းစားကွာဟချက်များ ရှိကြောင်း ၎င်းက ပြောသည်။

ထို့အပြင် ပြည်သူများစီးပွား ရေးကျပ်တည်းနေသည့်အခြေအ နေကို နိုင်ငံ့ခေါင်းဆောင်များသိ ရှိကြောင်းနှင့် စီးပွားရေးနှင့်ပတ် သက်၍ စဉ်ဆက်မပြတ် ဆွေးနွေး နေကြောင်း ရှင်းပြသည်။

အဆိုပါ သတင်းစာရှင်းလင်း ပွဲတွင် ရိုက်တာသတင်းထောက် နှစ်ဦးကိစ္စ၊ ဘင်္ဂါလီအရေးနှင့်ပတ် သက်၍ ICC ဆုံးဖြတ်ချက်၊ ရခိုင်ပြည်နယ်အရေး၊ စီးပွားရေး၊ ငြိမ်းချမ်းရေး စသည့် အကြောင်းအရာ များကို ဦးဇော်ဌေးက ပြန်လည် ဖြေကြားသည်။

ဦးဇော်ဌေးသည် သမ္မတအိမ်တော်၌ သတင်းထောက်များနှင့် နှစ်ပတ် တစ်ကြိမ် ပုံမှန်တွေ့ဆုံ မည်ဖြစ်ပြီး သတင်းကိစ္စများကို ဖုန်းဖြင့် လက်ခံဖြေကြားတော့မည်မဟုတ်ကြောင်းနှင့် အရေးကြီးကိစ္စရပ်များရှိပါက  အိမ်တော်သို့ ခေါ်ယူဖြေကြားမည်ဖြစ်ကြောင်း ပြောကြားသည်။

=======================
251 / End